၂၀၁၇ နှစ်အတွက် Choice International Artist ဆုကိုရရှိသွားခဲ့တဲ့ BTSအဖွဲ့

Shares 29

နှစ်စဉ်တိုင်းကျင်းပလေ့ရှိတဲ့ Teen Choice Awards ဆုရွေးချယ်ပွဲကို သြဂုတ်လ ၁၃ရက်နေ့က လော့အိန်ဂျလိစ်က Galen Centerမှာကျင်းပခဲ့ပါတယ်။သီချင်း၊ရုပ်ရှင်၊အားကစား၊ဖက်ရှင်နဲ့ပတ်သက်ပြီးထူးချွန်သူတွေကိုဆုပေးတဲ့ပွဲတစ်ခုလည်းဖြစ်ပါတယ်။ဆုပေးပွဲကို ကေပေါ့ပ်အဖွဲ့တွေဖြစ်တဲ့ BTS ၊EXO ၊ MONSTA X ၊ SEVENTEEN ၊မက်စီကန်အဖွဲ့ဖြစ်တဲ့ CD9 နဲ့ အမေရိကန်လက်တင်ပေါ့ပ်အုပ်စုဖြစ်တဲ့ CNCO အဖွဲ့လည်းတက်ရောက်ခဲ့ပါတယ်။voting ပေးတာကို သြဂုတ်လ ၁၃ ရက်နေ့လည်မှာစတင်ခဲ့ပြီး ညနေ ၆နာရီမှာပိတ်ခဲ့ပါတယ်။

ဆုရရှိတဲ့သူတွေကိုကြေညာတဲ့အခါမှာတော့ BTS  အဖွဲ့က Choice International  Artist Award ဆုကိုရရှိခဲ့ပါတယ်။၂၀၁၅ တုန်းက Super Junior အဖွဲ့က ရရှိခဲ့ပြီး အခုဒုတိယအကြိမ်မြောက်ကေပေါ့ပ်အဖွဲ့က ရရှိခဲ့ခြင်းဖြစ်ပါတယ်။ကေပေါ့ပ်ပရိသတ်တွေကလည်း  ၀မ်းသာပီတိဖြစ်နေကြတယ်လို့သိရပါတယ်။BTS အဖွဲ့ဟာ မေလအတွင်း Billboard Music စာရင်းမှာ ထိပ်ဆုံးရောက်ရှိခဲ့တဲ့အတွက် The Top Social Artist Award ဆုကိုလည်း ရရှိခဲ့ပါတယ်။သူတို့အဖွဲ့ဟာ အခုလောလောဆယ်မှာတော့ စက်တင်ဘာလမှာထွက်မယ့်အခွေအတွက် အလုပ်များနေတယ်လို့သိရပါတယ်။

Shares 29
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *