Plank လေ့ကျင့်ခန်းကိုနေ့တိုင်းလုပ်မယ်ဆိုရင်ပြောင်းလဲလာမယ့် အချက် ၇ချက်

Shares 130

Plank လေ့ကျင့်ခန်းက အရမ်းအားစိုက်ရတဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီးအကျိုးသက်ရောက်မှုအရှိဆုံးလေ့ကျင့် ခန်းလည်းဖြစ်ပါတယ်။အချိန်အများကြီးယူစရာလည်းမလိုပဲ မြန်မြန်ဆန်ဆန်နဲ့ကောင်းမွန်တဲ့ရလဒ်တွေရလာစေပါတယ်။ ဒါပေမဲ့ သတိထားရမှာက လေ့ကျင့်ခန်းလုပ်တဲ့ပုံစံကို မှန်မှန်ကန်ကန်လုပ်သင့်ပါတယ်။ ဘယ်လေ့ကျင့်ခန်းမဆိုကောင်းတာရှိသလို ဆိုးတာလည်းရှိပါတယ်။အခု Plank လေ့ကျင့်ခန်းမှာလည်း ဆိုးကျိုးတွေရှိပါတယ်။ဒီလေ့ကျင့်ခန်းဟာ ကြွက်သားတွေအားစိုက်ရတဲ့အတွက် ဘယ်သူကမှတစ်မိနစ်ထက်ပိုပြီးမလုပ်နိုင်ကြပါဘူး။အဲ့ဒါကြောင့်တစ်မိနစ်စီနားနားပြီးလုပ်သွားဖို့အကြံပေးချင်ပါတယ်။အခု plank လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုရင်ပြောင်းလဲလာမယ့်အချက် ၇ချက်ကိုပြောပြပေးသွားမှာပါ။

၁။အဓိကကြွက်သားတွေဖြစ်တဲ့ ဗိုက်နဲ့တင်ပါးကြွက်သားတွေသန်မာကျစ်လစ်လာမယ်။ Plank လေ့ကျင့်ခန်းကကြက်သားတွေကိုအားပြုပြီးလုပ်ရတာကြောင့် နေ့တိုင်းပုံမှန်လုပ်နေတဲ့အခါ အဆီပိုတွေမရှိတော့ပဲ ကျစ်လစ်လာမှာပဲဖြစ်ပါတယ်။

၂။အနောက်ဘက်က ကျောရိုးမှာဖြစ်တတ်တဲ့ရောဂါတွေကိုမဖြစ်အောင်ကာကွယ်လျှော့ချပေးတယ်။ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ကျောရိုးကိုသန်မာစေပြီး ကျောအောင့်တာ၊ကျောနာတာစတဲ့ ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၃။ခါးနဲ့ဗိုက်မှာရှိတဲ့အဆီပိုတွေကိုကျစေတယ်။ဗိုက်နဲ့ခါးက အဆီတွေကိုမြန်မြန်ဆန်ဆန်ချချင်တယ်ဆိုရင် Plank  လေ့ကျင့်ခန်းကအကောင်းဆုံးနည်းလမ်းပါ။နေ့တိုင်း ၁၀မိနစ်ပုံမှန်လုပ်ပေးမယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ်ကိုကောင်းမွန်မြင့်တက်စေပြီး ကိုယ်အလေးချိန်လျှော့ချဖို့အကူအညီပေးနိုင်ပါတယ်။

၎။လေ့ကျင့်ခန်းပုံမှန်လုပ်သွားမယ်ဆိုရင် ကိုယ်နေဟန်ထားကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။အရင်ကထက်ပိုပြီး ဖြောင့်မတ်တဲ့ကျောရိုး၊ပုခုံးစတဲ့ ကိုယ်နေဟန်ထားကိုရရှိပိုင်ဆိုင်စေပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိစေမှာပါ။

၅။ Plank လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုရင် ခန္ဓာကိုယ်ကိုကောင်းစွာထိန်းချုပ်နိုင်ပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ဥပမာ ပုံထဲကပြထားတဲ့အတိုင်းခြေတစ်ဖက်တည်းနဲ့ သင့်ရဲ့ ခန္ဓာကိုယ်ကိုညီမျှအောင်ထိန်းပေးနိုင်လာမှာပါ။

၆။ Plank လေ့ကျင့်ခန်းက ပျော့ပြောင်းနူးညံ့တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်လာစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ပုံမှန်လုပ်သွားမယ်ဆိုရင် ပုခုံးနဲ့ရင်ဘတ်ကြွက်သားတွေပျော့ပြောင်းလာတာကိုတွေ့မြင်ရမှာပါ။

၇။စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်။စိတ်ဖိစီးတာ၊စိတ်ညစ်တာတွေကိုဖယ်ရှားပစ်နိုင်ဖို့ Plank လေ့ကျင့်ခန်းကကူညီပေးနိုင်ပါတယ်။ပုံမှန်လုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကိုထိန်းချုပ်ပေးနိုင်ပြီးအာရုံကြောစနစ်ကိုလည်းပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။

Shares 130
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *