နာမည်ကြီးအနုပညာရှင်မော်ဒယ်တွေရဲ့ အလှအပဆိုင်ရာ နည်းလမ်းကောင်းများ

Shares 0

Gigi Hadid

နာမည်ကြီးမော်ဒယ်တစ်ယောက်ရဲ့ အလှအပဆိုင်ရာနည်းလမ်းတစ်ခုကတော့ သူမရဲ့ မျက်နှာမှာဝက်ခြံပေါက်တဲ့အခါမှာ သူမရဲ့ အမေပြောထားတဲ့အတိုင်း ညအိပ်ရာဝင်ခါနီးရင် သွားတိုက်ဆေးနည်းနည်းယူပြီးဝက်ခြံလေးကိုတို့ထားပါတယ်တဲ့။နောက်တစ်ခုကတော့ အစားအသောက်တွေကိုသန့်သန့်ရှင်းရှင်းစားပြီး နေ့တိုင်းလေ့ကျင့်ခန်းအနည်းငယ်လုပ်စေချင်ပါတယ်လို့သူမက အမျိုးသမီးလေးတွေကိုအကြံပေးထားပါတယ်။

Joan Smalls

သူမကတော့ ဆံပင်နဲ့ပတ်သက်ပြီးစိတ်ရှုပ်ရတာပါတဲ့။နောက်ပိုင်းနည်းလမ်းတစ်ခုကိုစမ်းလုပ်ကြည့်တဲ့အခါမှာတော့ တစ်လအတွင်းဆံပင်တွေသိသိသာသာနူးညံ့ပျော့ပျောင်းလာပါတယ်တဲ့။သူမရဲ့ ဆံပင်ပေါင်းတင်တဲ့နည်းလမ်းကတော့ ကြက်ဥအနှစ်၂လုံးနဲ့ သံလွင်ဆီတစ်ဇွန်းကို ထောပတ်သီးတစ်စိတ်နဲ့ရောမွှေပါတဲ့။ပြီးရင်ဆံပင်တွေကိုသေချာလိမ်းပေးပြီး နာရီဝက်လောက်ထားပြီးရေဆေးချပါ။မကြာခင်ပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်။

Adriana Lima

သူမကတော့မျက်နှာအသားအရေညစ်နွမ်းပြီးဝက်ခြံတွေရှိတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းလိုက်လဲဆိုတော့လက်ဖက်စိမ်းရွက်ဆီကိုသုံးပါတဲ့။လက်ဖက်စိမ်းရွက်ဆီကို ဂွမ်းလေးနဲ့ယူပြီး တစ်ရက်ကို ၂ခါမျက်နှာမှာလိမ်းပါတယ်တဲ့။

Irina Shayk

ရှရှားစူပါမော်ဒယ်တစ်ယောက်ဖြစ်တဲ့ Irina ကတော့ မျက်နှာပေါင်းတင်တဲ့နည်းတစ်ခုကိုမျှဝေခဲ့ပါတယ်။သူမက မနက်စောစောရေချိုးပြီးတိုင်းမျက်နှာကိုရေခဲတုံးလေးကပ်ပေးပါတယ်။ ပြီးတော့သခွားသီးနဲ့ပေါင်းတင်လေ့ရှိပါတယ်တဲ့။သဘာဝပစ္စည်းတွေဖြစ်တာကြောင့်အသားအရည်ထိခိုက်မှာလည်း မစိုးရိမ်ရပါဘူးလို့ပြောခဲ့ပါတယ်။

Naomi Campbell

နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်တဲ့Naomiကတော့ခန္ဓာကိုယ်အတွက်ကော်ဖီမှုန့်နဲ့ပေါင်းတင်နည်းကိုသုံးပါတယ်တဲ့။တစ်ပတ်ကိုတစ်ခါပုံမှန်ကော်ဖီမှုန့်သုံးပေးမယ်ဆိုရင်ကော်ဖီမှာပါဝင်တဲ့ကဖင်းဓာတ်တွေကြောင့် အသားအရည်ချောမွတ်လာပြီးကလေးအသားအရည်လိုနူးညံ့လာပါလိမ့်မယ်လို့ပြောပြခဲ့ပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *