ပရိသတ်တွေကို အယ်လ်ဘမ်အသစ်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ တေးယန်

Shares 81

Big Bangအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့တေးယန်ဟာ အသစ်ထွက်ရှိမယ့် အယ်လ်ဘမ်အသစ်နာမည်ကိုပရိသတ်တွေကို မိတ်ဆက်ပေးလိုက်ပါပြီ။အယ်လ်ဘမ်နာမည်က White Night ဖြစ်ပြီး အခွေကာဗာမှာတော့ ပထမဆုံးသီချင်းဖြစ်တဲ့ Darling သီချင်းနဲ့လုပ်ထားတယ်လို့သိရပါတယ်။ Darlingသီချင်းကို Teddy၊ Choice37၊ Future Bounce၊ 8 တို့နဲ့ပူးပေါင်းလုပ်ထားပြီး သီချင်းစာသားကတော့ Teddy ရေးသားထားတယ်လို့သိရပါတယ်။သီချင်းပုံစံကတော့ အသည်းကွဲသီချင်းပုံစံဖြစ်တာကြောင့်ကေပေါ့ပ်ကိုနှစ်သက်ကြတဲ့မိန်းကလေးတွေအတွက်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်လာမယ်ထင်ပါတယ်။

Darling သီချင်းဗီဒီယိုအတွက် လော့အိန်ဂျလီနဲ့အဲလာဆာကာတို့မှာသွားပြီးရိုက်ကူးထားတယ်လို့သိရပါတယ်။အခုလတ်တလောမှာတော့ Darling သီချင်းကိုလာမယ့် သြဂုတ်လ ၁၆ရက်နေ့မှာ ထုတ်လွှင့်မယ်လို့ပြောပြခဲ့ပါတယ်။ပြီးတော့သူ့ရဲ့ ဆိုလိုအယ်လ်ဘမ်ဖြစ်တဲ့ White Night အတွက်ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေတယ်လို့သိရပါတယ်။

မကြာသေးခင်က တေးယန်နဲ့ချစ်သူဖြစ်တဲ့မင်းသမီးမင်ဟိုရင်တို့ကလမ်းခွဲခဲ့ကြပြီလို့သတင်းထွက်လာခဲ့ပေမဲ့  သူတို့ရဲ့ အေဂျင်စီကတော့ သူတို့နှစ်ယောက်ဟာအခုချိန်ထိ တွဲနေကြတုန်းပဲလို့ပြောပြခဲ့ပါတယ်။တေးယန်နဲ့မင်ဟိုရင်ဟာ ၂၀၁၅ မှာစတင်တွဲခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က၂၀၁၃တုန်းကသီချင်းဗီဒီယိုတစ်ခုရိုက်ကူးနေရင်းတွေ့ဆုံခဲ့ကြတာပဲဖြစ်ပါတယ်။

Shares 81
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *