Northern Lights ကိုတစ်ဝကြီး အိပ်ကြည့်လို့ရမယ့် အိုက်စ်လန်က ပူဖောင်းဟော်တယ်လေး

Shares 56

5 Star ဟော်တယ်တွေနီးပါး ဝန်ဆောင်မှုအပြည့်ကောင်းတဲ့ လေပူဖောင်းဟော်တယ်လေးအကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။ Northern Lights ကိုရှင်းရှင်းလင်းလင်း ကြည့်ချင်တဲ့လူတွေအတွက်
အိုက်စ်လန် သစ်တောထဲက Reykjavik မှာတည်ရှိတဲ့ 5 Million Star Hotel တွင် တစ်ဝကြီးလဲလျောင်းပြီးကြည့်ရှုလို့ရပါတယ်။

အခန်းတစ်ခန်းစီကို လေပူဖောင်း သံခမောက်ပုံအိမ်ငယ်လေးပုံစံပြုလုပ်ထားပြီး
တစ်ခန်းလုံးက အကြည်ရောင်ဖြစ်သောကြောင့် သစ်တောရှုခင်းကိုလည်း အပြည့်အဝခံစားလို့ရပါတယ်။

အိပ်မက်နဲ့တစ်ထပ်တည်းကျတဲ့ ဟော်တယ်လေးကို ၂ဝ၁၅ နိုဝင်ဘာလမှာ
Robert Robertsson မှ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီလိုဟော်တယ်မျိုးက သူငယ်ငယ်တည်းက အိပ်မက်ခဲ့ရတာဖြစ်ပါတယ်။
ဟော်တယ်လေးတွေ တစ်ခုစီမှာနာမည်ရှိပါတယ်။ ဟော်တယ်ခန်းလေးထဲမှာ
နှစ်ယောက်အိပ် မွေ့ယာ၊ ဗီရိုအသေးစားလေးတစ်လုံး ၊ အပူပေးစက်နဲ့ မီးအိမ်လေးတို့ပါ ပါဝင်ပါတယ်။

ဟော်တယ်လေးတွေက ပူဖောင်းပုံစံလေးတွေမို့လို့ ချစ်စရာကောင်းပြီး ဆူညံ့မှုတွေလည်း ကင်းဝေးပါတယ်။

ဆောင်းရာသီရောက်နေလည်း ထိုဟော်တယ်လေးက သင့်ကိုနွေးထွေးအောင်လုပ်ပေးနိုင်ပါတယ်။

ဟော်တယ်လေးတွေက လူကြီးနှစ်ယောက်အခန်းအပြင် မိသားစုလိုက်နေထိုင်လို့ရတဲ့ ဟော်တယ်တွေလည်းရှိပါတယ်။

တစ်ညကို ဒေါ်လာ၂၉၅ကျပ် ကျတယ်လို့သိရပါတယ်။

စက်တင်ဘာလနဲ့ မတ်လကြားမှာ Northern Lights ကိုကြည့်ဖို့အတွက် ဘိုကင်ချိတ်လို့ရနေပြီနော်။

ဟော်တယ်က စိုက်ပျိုးမွေးမြူရေးခြံတွေနဲ့ကင်းဝေးပြီး လုံခြုံစိတ်ချရတဲ့နေရာမှာ တည်ရှိတာကြောင့် အန္တရာယ်ကင်းပါတယ်။

Shares 56
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *