မမ၀၀လှလှတို့အတွက် ချစ်စရာကောင်းစေမယ့်ဖက်ရှင်ပုံစံ ၆ မျိုး

Shares 195

ခန္ဓာကိုယ်ဝတာဟာရှက်စရာမဟုတ်ပါဘူး။ခန္ဓာကိုယ်ဝပေမဲ့လည်း မိန်းကလေးတွေဟာ အချိုးအစားကျတဲ့ပုံစံကိုပိုင်ဆိုင်ထားပြီးသားဖြစ်လို့ ဘယ်အကျီအ၀တ်အစားနဲ့မဆိုလိုက်ဖက်ပြီးသားပါ။ဒါပေမဲ့ ကိုယ်က ၀နေတဲ့အတွက် အ၀တ်အစားလှလှလေးတွေဝတ်လည်းဘာမှမထူးဘူးလို့မထင်ပါနဲ့။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အရင်ကထက်ပိုပြီးလှပစေဖို့ ဖက်ရှင်တွေကိုပြောင်းလဲလိုက်ပါ။အခု ချစ်စရာကောင်းတဲ့ပျိုမေတို့အတွက် အပြင်ထွက်တဲ့အခါမှာပေါ့ပေါ့ပါးပါးနဲ့လှပစေဖို့ ဖက်ရှင်တွေကိုဘယ်လိုပြောင်းလဲပစ်ရမလဲဆိုတဲ့နည်းလမ်း ၆ချက်ကိုပြောပြပေးသွားမှာပါ။

၁။ခန္ဓာကိုယ်နဲ့အရမ်းကြပ်လွန်း၊လျော့လွန်းနေတဲ့အ၀တ်အစားတွေကိုမ၀တ်ပါနဲ့။

အရမ်းကြပ်လွန်းတဲ့အခါဝတ်ရတာသက်တောင့်သက်သာမရှိသလို ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းမရှိစေပါဘူး။ခန္ဓာကိုယ်ဘယ်လောက်ပဲဝပါစေ အကျီအ၀တ်အစားရွေးချယ်ဝတ်ဆင်တတ်မယ်ဆိုရင်ချစ်စရာကောင်းသူလေးဖြစ်လာမှာပါ။

၂။ဆိုင်မှာချုပ်ဝတ်ပါ။

ရယ်ဒီမိတ်အ၀တ်အစားတွေမ၀ယ်ပဲ ဆိုင်မှာတိုင်းပြီးချုပ်ဝတ်တာက ခန္ဓာကိုယ်အချိုးအစားပေါ်လွင်လှပစေပါတယ်။ဘောင်းဘီ၊စကတ်၊ဂါဝန်တွေကိုအကျီချုပ်ဆိုင်မှာသေချာတိုင်းပြီးချုပ်တာက အပိုအလိုမရှိပဲလှပစေမှာပါ။

၃။ပန်းပွင့်လေးတွေပါတဲ့ဂါဝန်လေးတွေဝတ်ပါ။

နွေရာသီမှာ ချည်ထည်ဂါဝန်လေးတွေချုပ်ဝတ်မယ်ဆိုရင် ပန်းပွင့်လေးတွေပါတဲ့အဆင်ကိုချုပ်ပါတဲ့။ပန်းပွင့်လေးတွေပါတဲ့အတွက် ပိုပြီးနုပျိုသယောင်ထင်ရပြီး ချစ်စရာကောင်းတဲ့မိန်းကလေးအသွင်ဖြစ်လာစေမှာပါ။

၎။ခေါင်းလောင်းဘောင်းဘီလို့သိကြတဲ့ဘောင်းဘီတွေဝတ်ပါ။

ခေါင်းလောင်းဘောင်းဘီလိုအောက်မှာကားထွက်သွားတဲ့ဘောင်းဘီပုံစံက ခန္ဓာကိုယ်ကိုပေါ်လွင်စေပြီး ၀နေရင်တောင် ကြည့်လို့ကောင်းသွားစေမယ့်ပုံစံပါ။ဂျင်းဘောင်းဘီအကျပ်တွေထက် ခေါင်းလောင်းဘောင်းဘီလို ပုံစံရွေးချယ်တာကပိုပြီးလှပစေမှာပါ။

၅။ခါးတိုအကျီဝတ်ပါတဲ့။

ခုခေတ်အရဆိုရင် Crop top ပုံစံပါ။ခါးတိုအကျီကို ပိန်ပိန်သွယ်သွယ်ကောင်မလေးတွေပဲဝတ်လို့ရတာလို့မထင်ပါနဲ့။မမ၀၀လှလှတွေလည်းဝတ်ရင်လှပါတယ်။တစ်ခါမှမ၀တ်ဖူးရင်စမ်းပြီးဝတ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။တကယ့်ကိုဆွဲဆောင်မှုရှိရှိလှပသွားတာကိုမြင်တွေ့ရမှာပါ။စကတ်လေးနဲ့တွဲပြီးဝတ်မယ်ဆိုရင် မယုံနိုင်လောက်အောင်ပြောင်းလဲလှပသွားမယ့်သင့်ရဲ့ ပုံစံကိုမြင်တွေ့ရမှာပါ။

၆။နောက်ဆုံးတစ်ချက်ကတော့ ခါးပတ်ကြိုးဝတ်ပါ။

ခါးပတ်ကြိုးအပြားအကြီးပတ်တာဟာ သင့်ရဲ့ ခါးကိုပိုပြီးသေးသွားစေပြီး စမတ်ကျကျနဲ့ယုံကြည်မှုရှိရှိလှပစေမှာပါ။

 

 

Shares 195
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *