ဆီးဂိမ်းအတွက် ပြင်ဆင်မှုတွေအားလုံးပြုလုပ်ပြီးနေပြီလို့ဆိုတဲ့ ဟဲလေး

269801_105699359526139_2117159_n.jpg
Shares 0

အားလုံးစောင့်မျှော်နေကြတဲ့ Sea Games နီးလာပြီဆိုတော့ အနုပညာရှင်တွေလည်း ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ အလုပ်ရှုပ်နေကြပါပြီ။ အဲ့ဒီအထဲကမှ အဆိုတော်ဟဲလေးရဲ့ Sea Games အတွက် ဘာတွေပြင်ဆင်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ‘Sea Gamesပိတ်ပွဲနေ့ မှာ ကျွန်တော်ရယ်၊ ဒီယံရယ်၊ waiလျှံ ရယ်သုံးယောက် တွဲပြီးတော့ Sea Gamesသီချင်းတစ်ပုဒ် ဆိုရမှာပါ။ SeaGamesဆိုတာ ကျွန်တော့်ဘ၀ အနှစ် ၃၀မှာ တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။ ကိုယ့်မြန်မာ နိုင်ငံတော်အတွက်  အများကြီးဂုဏ်ယူမိပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကတည်းက SeaGamesအတွက် အများကြီးပြင်ဆင်မှုတွေ လုပ်နေခဲ့ ကြတာဖြစ်ပါတယ်။ အခုလိုကျင်းပခွင့်ရတာကိုကလည်း ကိုယ့် မြန်မာနိုင်ငံရဲ့ဂုဏ်ဆောင်ရာရောက်ပါတယ်။ Sea Gamesမှာ အခုလိုဖျော်ဖြေခွင့်ရတာ နိုင်ငံပေါင်းများစွာကလာရောက် ကြည့်ရှုတက်ရောက် အားပေးကြမှာဆိုတော့ ကိုယ့်တိုင်းပြည် အတွက်ဂုဏ်ဆောင် ပေးနိုင်တဲ့ အနုပညာရှင် ဖြစ်ရလို့ ၀မ်းသာတယ်။ အခုလိုမျိုးဖျော်ဖြေခွင့် ရဖို့ရွေးချယ်ခံရတဲ့အတွက်လည်း အများကြီး ၀မ်းသာမိပါတယ်။ Sea Gamesမှာ ကိုယ့်ရဲ့သီချင်းကိုကြားလိုက်တာနဲ့ စိတ်ဓာတ်တွေနိုး ကြားတက်ကြွ၊ အားဖြစ် စေဖို့ရည်ရွယ်ပြီးowntuneသီချင်းလေးကို ကိုဒီယံရေးစပ်ထားပါတယ်။ သီချင်းနဲ့ပတ်သက် တဲ့ ရီဟာဆယ် တွေလည်းခဏခဏတိုက်နေရပါတယ်။ Sea Gamesမှာဖျော်ဖြေဖို့အတွက် အ၀တ်အစားပြင်ဆင်မှုနဲ့ ပါဖောင်းမန့်စ် ပိုင်းနဲ့ ပတ်သက်လို့ပြင်ဆင်မှုတွေလုပ်နေကြပါပြီ။’လို့ ဟဲလေးက ပြောပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *