ဂျပန်မြန်မာချစ်ကြည်ရေးအတွက် ရိုက်ကူးမယ့် ဇာတိမြေ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာအဖြစ်ရိုက်ကူးခွင့်ရတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့တွေ့ဆုံခြင်း

Shares 128

မြန်မာနိုင်ငံရဲ့အမျိုးသမီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် ဟာဆိုရင် ဂျပန်မြန်မာ ချစ်ကြည်ရေးအတွက် ရိုက်ကူးမယ့် ဇာတိမြေ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့အတွက် ကမ်းလှမ်းခြင်းခံရသူ တစ်ယောက်ဖြစ်ပါ တယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်က အခုလိုပြောပြပါတယ်။

Q.ဇာတိမြေ ရုပ်ရှင်ကားကြီးရိုက်ကူးဖြစ်ပုံကို ပြောပြပေးပါလား။

ဒီဇာတ်ကားကိုရိုက်ကူးဖို့အတွက် mntv က မမီးပြောလာတာပါ။ ဘာကားလည်းလို့မေးတော့ ဂျပန်မြန်မာချစ်  ကြည်ရေးအတွက် ရိုက်ရမှာလို့ ပြောတယ်။အဲမှာတိုက်တိုက်ဆိုင်ဆိုင်ပဲ ဂျပန်ဖောင်ဒေးရှင်းကနေ ရွေးချယ်ခံရပြီး ဂျပန်သွားဖို့အစီအစဉ်ရှိတယ်။ အဲမှာပဲ ဂျပန်ကိုရက် ၂၀ လောက်သွားတယ်။ပြန်လာတော့ mntv ကမမီးနဲ့ ဒီဇာတ်ကားအတွက် စကားပြောဖြစ်တယ်။

Q.ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံကိုပြောပြပေးပါလား။

ဂျပန်နိုင်ငံကိုရောက်နေတဲ့ မြန်မာလူမျိုးလူတန်းစားသုံးယောက်ရဲ့ ဘဝကိုအခြေခံပြီး ဇာတ်အိမ်တည် ထားတယ်။ပြီးတော့အဲ မှာတွေ့တဲ့ လူငယ်သုံးယောက်ရဲ့အချစ်ပေါ့။ ဒီဇာတ်ကားက ဇာမ်းလမ်းအစကို ၈၈နဲ့အစတည်ထားတယ်။ဘာ ကြောင့် ၈၈နဲ့အစတည်ထားတာလည်းဆိုတော့ ဒီဇာတ်ကားသည် ၈၈ကာလမှာထွက်ပြေးသွားသော နိုင်ငံရေး သမားတွေကို အခြေတည်ထားတာဖြစ်တယ်။ ပြည်ပရောက်နိုင်ငံ ရေးသမားတွေက အချိန်တန်ရင်ကိုယ်နိုင်ငံကိုပြန်ဖို့ စိတ်ကူးရှိတယ်။ အကြောင်းကြောင်းကြောင့် ပြန်လိုမရတာတွေလည်း ရှိတယ်။ လက်ရှိအချိန်ထိဖြစ်နေတာတွေကို ဒီဇာတ်ကားမှာ ပုံဖေါ်ထားတယ်။

Q.ဇာတ်လမ်းဇာတ်ညွှန်းက ဘယ်သူလဲ။

ဇာတ်လမ်းက ဂျပန်ဘက်ကပေးတာပါ။

Q.ဘယ်နေ့လောက်စရိုက်မှာလဲ။

ဂျပန်ကို အမ ၁၆ရက်နေ့ထွက်မယ်။ ရိုက်တာကတော့ ၂၀ကျော်မှစရိုက်မှာပါ။အမကကြိုပြီးတော့ သွားမှာ။

Q.ဒါရိုက်တာကရော အမတစ်ယောက်တည်းပဲလား။

အမတစ်ယောက်တည်းပဲ ဒါရိုက်တာအနေနဲ့ရိုက်မှာပါ။ ဂျပန်ဘက်ကအမကိုကူညီဖို့အတွက် ဖူဂျီမိုတို ဆိုတာတစ်ယောက်ပါမယ်။ ပရောဂျက်ဒါရိုက်တာတစ်ယောက်အနေနဲ့ပါမယ်။ သူကျတော့ ဂျပန်နဲ့ပတ်သက်တဲ့ ကာချာတွေကို ပြောပြတယ်။အမမသိတာတွေကို ပြောပြတယ်။အကြံပေးတယ်။

Q.ဒီဇာတ်ကားအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားလဲ။

ဂျပန်ကိုတစ်ကြိမ်အမသွားပြီးသွားပြီ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ လိုကေးရှင်းတွေသွားကြည့်ရတယ်။ ပြီးတဲ့အခါမှာဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ကိုရန်အောင်က ဂျပန်မှာမြန်မာစားသောက်ဆိုင်ဖွင့်ထားတာဆိုတော့ ဂျပန်မှာရှိတဲ့မြန်မာစားသောက်ဆိုင်ဖွင့်ထားတဲ့ ဆိုင်တွေသွားလေ့လာရတယ်။ဂျပန်မှာရှိတဲ့နိုင်ငံရေးသမားတွေ ကိုသွားစကားပြောရတယ်။ ဂျပန်မှာရှိသော်မြန်မာတွေရဲ့ ခံစားချက်တွေ သူတို့ရဲ့အရှိတရားတွေကို လေ့လာ ရပါတယ်။  မင်းသမီးကကိတ်မုန့်ပညာရှင်ဖြစ်ချင်တာဆိုတော့ ကိတ်မုန့်သင်တန်းကျောင်းတွေ သွားရတယ်။ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီးမှ ဇာတ်ညွှန်းကိုရေးရတယ်။ အခုဆိုလည်းအမက မရိုက်ခင် ၁၃ရက်ကြိုပြီးသွားရမယ်။ရိုက်ကွင်းနေရာတွေကို ကြိုပြီးသွားကြည့်မယ်။

Qမြန်မာပြည်တွင်းမှာရိုက်ဖို့အတွက်ရော ဘာတွေပြင်ဆင်ပြီးပြီးလဲ။

ဂျပန်ကပြန်လာမှပဲ ရိုက်ကွင်းအတွက်ကြည့်ဖြစ်မှာ။

Q.ဒီဇာတ်ကားအတွက် သရုပ်ဆောင်တွေရွေးချယ်မှုအပိုင်းကရော ဘယ်လိုရွေးချယ်ထားတာလဲ။

အဓိကကတော့ ဇာတ်ပေါ်မူတည်ပြီးတော့ လိုက်တဲ့သူကိုရွေးတာပါ။ကိုရန်အောင်နေရာဆိုရင် ရှမ်းလူမျိုးဖြစ်ရမယ်။ပြီးတော့ဂျပန်နိုင်ငံမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် နေလာတာဆိုတော့ ရုပ်ရည်အားဖြစ်လည်း သန့်ပြန့်နေရမယ်။ အိုက်တင်လည်းပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တဲ့ သူဖြစ်ရမယ်ဆိုပြီး ကိုရန်အောင်ကိုရွေးခဲ့တယ်။ ဝတ်မှုန်ရွှေရည်ကျတော့ ဂျပန်နိုင်မှာမွေးဂျပန်နိုင်ငံမှာကြီးတဲ့ပုံစံ ရှမ်းလူမျိုးလည်းဖြစ်တယ်ဆိုတော့ ကစ်ကစ်နဲ့ လိုက်တယ်ဆိုပြီး ရွေးခဲ့တယ်။ မြန်မာပြည်ကနေဂျပန်ကိုအလုပ်သွားလုပ်တဲ့ လူငယ်တစ်ယောက်ပုံစံက အောင်ရဲလင်းနဲ့လိုက်တယ်ဆိုပြီး ရွေးလိုက်တယ်။

Q.ဒီဇာတ်ကားကဂျပန်မြန်မာချစ်ကြည်ရေး အတွက်ရိုက်တာဆိုတော့ ဒီဇာတ်ကားလေးရိုက်ကူးခွင့်ရတဲ့ အမရဲ့ ခံစားချက်ကိုပြောပြပေးပါလား။

ဒီဇာတ်ကားကကိုယ်အတွက် အရမ်းကိုတာဝန်ကြီးတဲ့ ဇာတ်ကားဖြစ်တယ်။ နှစ်နိုင်ငံချစ်ကြည်ရေး ဇာတ်ကား လည်းဖြစ်တယ်။ နိုင်ငံရေးကိုအခြေခံထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်တယ်။ ဒီဇာတ်ကားကိုကြည့်မယ့် သူတွေက အနုပညာချစ်တဲ့ပရိသတ်တွေရော နိုင်ငံရေးအသိုင်းဝိုင်းကလူတွေရော ဂျပန်နိုင်ငံကအကြီးအကဲတွေ ရောကြည့်မှာဆိုတော့ တာဝန်တော့တော်တော်ကြီးတယ်။

Shares 128
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *