ရှောင်ရှားသင့်သည့် အလွန်အန္တရာယ်ရှိ အပင်(၈)မျိုး

Shares 246

နက်နဲတဲ့ တောကြီးတွေမှာ အဆိပ်သင့်စေတဲ့ အပင်တွေဆိုတာ နေရာတိုင်းမှာ
အမြဲတစေရှိပါတယ်။ လူကြီးတွေတောင် အန္တရာယ်ရှိတဲ့အပင်တွေကို သေချာ
ခွဲခြားသိမြင်နိုင်ကြတာမဟုတ်ပါဘူး။ ကလေးတွေဆို ပိုဆိုးပေါ့။

ထိုအပင်တွေက အိမ်နဲ့ ကိုယ့်ခြံဝန်းဥယျာဉ်တွေအတွင်းမှာတင် ပေါက်နိုင်တာ
ကြောင့် သင့်အနေနဲ့သတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

8. Buttercups

Scientific name: Ranunculus

ပေါက်လေ့ပေါက်ထရှိတဲ့နေရာ : အပူပိုင်းဇုန်တွေဖြစ်တဲ့ မြောက်ပိုင်းဒေသတွေ
မှာ အတွေ့များရပါတယ်။ စိုစွတ်တဲ့နေရာ(သို့) နွံတွေထဲမှာပိုပေါက်ပါတယ်။
Buttercups မျိုးစိတ်တွေက အများကြီးရှိသလို…အဆိပ်လည်းရှိပါတယ်။

ဘာကြောင့် အန္တရာယ်ရှိရတာလဲ : ထိုပန်းမှာ ဆိုဒီယမ်အိုင်ဒရောက်ဆိုက်ဒ် တွေ
ပါဝင်တဲ့အတွက် အရေပြားပေါ် အနာတွေပေါက်နိုင်ပါတယ်။ ချွဲအမြှေးပါးတွေ
လည်းပါဝင်တာကြောင့် ချောင်းဆိုးခြင်းနဲ့ လည်ပင်းအကြောဆွဲသည်အထိ
ဖြစ်နိုင်ပါတယ်။ မျက်လုံးအမြင်တွေကိုပါ ဝေဝါးစေနိုင်ပြီး ယာယီမျက်လုံးကွယ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

7. Cowbane or Water Hemlock


Scientific name: Cicuta virosa

ပေါက်လေ့ပေါက်ထရှိတဲ့နေရာ : ဥရောပ၊ အာရှ နဲ့ မြောက်အမေရိက တို့မှာအတွေ့များပါတယ်။ စိုစွတ်တဲ့နေရာ၊ နွံနဲ့ မြစ်ကမ်းဘေးနားတွေမှာ ပေါက်တတ်ပါတယ်။
Cowbane ပန်းရဲ့အနံ့က မုန်လာဥနဲ့ဆင်တယ်ဆိုပြီး ဆေးဖက်ဝင်တယ်တော့
အထင်မမှားလိုက်ပါနဲ့။ ကမ္ဘာပေါ်မှာ အဆိပ်အများဆုံးပန်းတစ်မျိုးဖြစ်ပါတယ်။
သူနဲ့တူတဲ့ အခြားမျိုးစိတ်ပင်တွေလည်းရှိတာကြောင့် ခွဲခြားရခက်ပါတယ်။
လမ်းဘေးမှာ ထိုပန်းတွေပေါက်နေတယ်ဆိုရင် သွားပြီးမကိုင်ကြည့်တာ အကောင်းဆုံးနဲ့ အလုံခြုံဆုံးပါပဲ။

ဘာကြောင့် အန္တရာယ်ရှိရတာလဲ : ထိုပန်းမှာ အဆိပ်တွေများစွာပါဝင်တာ
ကြောင့် သင့်ကိုနှလုံးနဲ့ပတ်သတ်တဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။ သေတောင်
သေစေနိုင်ပါတယ်။ Cowbane အမြစ်ရဲ့ ၁ဝဝ-၂ဝဝဂရမ်( ၃.၅.၇ အောင်စ) က နွားတစ်ကောင်ကိုတောင်သေစေနိုင်တယ်လို့သိရပါတယ်။

6. Elder


Scientific name: Sambucus

ပေါက်လေ့ပေါက်ထရှိတဲ့နေရာ : အပူပိုင်းဇုန်ဖြစ်တဲ့ မြောက်ပိုင်းဒေသနဲ့ သြစတေးလျမှာ တွေ့ရပါတယ်။
အမျိုးစားကွဲကတော့ အနီနဲ့အနက်ရောင်နှစ်မျိုးလာပါတယ်။ ဒီအပင်ရဲ့အစိတ်ပိုင်းအားလုံးက အဆိပ်ရှိပါတယ်။ ဒီအပင်ကို သင်ထိမိသွားတယ်ဆိုရင် လက်ကို ဆပ်ပြာပြာများနဲ့ပြောင်အောင်ဆေးဖို့တော့လိုပါမယ်။ မည့်ဝင်းပြီး
ကြီးမားတဲ့ ဘယ်ရီသီးတွေက စိတ်ချရပြီး ဖျော်ရည်နဲ့ မုန့်လုပ်တဲ့အခါတွေမှာလည်း ထည့်သုံးတယ်လို့သိရပါတယ်။

ဘာကြောင့် အန္တရာယ်ရှိရတာလဲ : ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ ဗိုက်အောင့်
ခြင်းနဲ့ ဝက်ရူးပြန်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။ နှလုံးနဲ့ အသက်ရှုလမ်းကြောင်းတွေ
ပုံမှန် အလုပ်မလုပ်နိုင်တော့တဲ့အထိဖြစ်နိုင်ပါတယ်။

5. Aconite or Wolf’s Bane


Scientific name: Aconitum

ပေါက်လေ့ပေါက်ထရှိတဲ့နေရာ : ဥရော၊ အာရှ နဲ့ မြောက်အမေရိကတွေမှာ
အတွေ့များပါတယ်။ ပန်းမှာ လှပတဲ့ခရမ်းရောင်၊ အပြာရောင်နဲ့ အဝါရောင်
လေးတွေပါဝင်တာကြောင့် လူအများရဲ့အာရုံကိုဆွဲဆောင်နိုင်ပါတယ်။
အရင်ရှေးခေတ်တုန်းက ထိုပန်းကိုအဆိပ်မြှားလုပ်ရာတွင် အသုံးပြုပါတယ်။
ပျားတွေလည်း ဝတ်ရည်သွားစုပ်မိရင် အဆိပ်မိပြီးသေကြတယ်လို့ သိရပါတယ်။

ဘာကြောင့် အန္တရာယ်ရှိရတာလဲ : ပန်းမှာ အဆိပ်တွေအများကြီးပါဝင်ပါတယ်။
နှလုံးပုံမှန်အလုပ်မလုပ်ခြင်း၊ အမြင်ဝေဝါးလာခြင်းနဲ့ သေဆုံးနိုင်လောက်တဲ့အထိဖြစ်နိုင်ပါတယ်။

4. Hogweed

Scientific name: Heracleum

ပေါက်လေ့ပေါက်ထရှိတဲ့နေရာ : အပူပိုင်းဒေသ Eurasia နဲ့ အမေရိကန်ဒေသတွေမှာ အတွေ့များပါတယ်။
ထိုအပင်ကကြီးမားပြီး ရှားပါးကာ တကယ်ကိုလှပါတယ်။ ဒါပေမယ့် ဂရုစိုက်ပါ။
အပင်ဘေးနားရပ်ပြီး ဓာတ်ပုံရိုက်တာမျိုးတွေ တတ်နိုင်သလောက်ရှောင်ပါ။

ဘာကြောင့် အန္တရာယ်ရှိရတာလဲ : တစ်ချို့ဒီအပင်မျိုးစိတ်တွေမှာဆို
နေရောင်ခြည်နဲ့ထိတွေ့မိရင် furanocoumarins ဆိုတဲ့ဓာတ်တွေပျံ့နှံ့
နေတတ်ပါတယ်။ ထိုဓာတ်ကြွနေချိန် သင်ကမတော်တဆသွားထိမိမယ်ဆို
လက်ကို ဆပ်ပြာနဲ့သေချာစင်အောင်ဆေးပြီး နေရောင်ခြည်နဲ့နှစ်ရက်လောက်
မထိမိအောင်နေပါ။

3. Spurge


Scientific name: Euphorbia

ပေါက်လေ့ပေါက်ထရှိတဲ့နေရာ: နေရာတိုင်းလိုလိုမှာရှိပါတယ်။ သင်တို့အိမ်တွေမှာလည်း မကြာခဏတွေ့ရမှာပါ။
မျိုးစိတ်ပေါင်းမြောက်မြားစွာရှိပါတယ်။ ထိုအပင်တွေကို မကြာခဏ ရှားစောင်းပင်နဲ့အခြားပန်းတွေနဲ့လည်း မှားတတ်ကြပါတယ်။ ကိုယ့်အိမ်မှာ ကလေးတွေရှိရင် ထိုအပင်တွေနဲ့ ဝေးဝေးနေဖို့ မရင်းနှီးတဲ့အပင်တွေကို
လျှောက်မကိုင်ဖို့ သေချာသင်ပေးပါ။

ဘာကြောင့် အန္တရာယ်ရှိရတာလဲ : အရွက်ကိုကိုင်မိရင် အရေပြားမှာ
ယားနာဖုတွေပေါက်လာပြီး ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ရောင်လာခြင်းနဲ့ အဖျားပိုးဝင်ခြင်းတို့ဖြစ်နိုင်ပါတယ်။

2. Rhubarb


Scientific name: Rheum rhabarbarum

ပေါက်လေ့ပေါက်ထရှိတဲ့နေရာ : ဥရောပ၊ ရုရှား နဲ့ အမေရိကန်တွေမှာတွေ့ရ
ပါတယ်။ နိုင်ငံတော်တော်များများမှာ Rhubarb အပင်ကို မုန့်နှစ်၊ ဆလပ်နဲ့
ဆော့စ်လုပ်တဲ့အခါတွေမှာ အသုံးပြုပါတယ်။ တစ်ချို့ရိုးတံနုလေးတွေဆို ဝါးစားလို့ရပါတယ်။

ဘာကြောင့် အန္တရာယ်ရှိရတာလဲ : ဒီအပင်နဲ့ အမြစ်က စားလို့မသင့်တော်ဘူး
ဆိုတာ လူတွေတော်တော်များများမသိကြပါဘူး။ ဘာလို့ဆို ထိုအပင်မှာ
oxalic အက်ဆစ်တွေများစွာပါဝင်နေလို့ပါ။ ထိုအက်ဆစ်တွေက သင့်ရဲ့
လည်ချောင်းနဲ့ မျက်လုံးတွေကိုလောင်ကျွမ်းစေနိုင်ပြီး ကျောက်တွယ်ခြင်း ၊
ဝမ်းလျောခြင်းတို့ဖြစ်စေပါတယ်။

1.Belladonna


Scientific name: Atropa belladonna

ပေါက်လေ့ပေါက်ထရှိတဲ့နေရာ : တောင်အာဖရိက၊ ဥရောပ၊ ရုရှားမြောက်ပိုင်း၊
အာရှနိုင်ငံအနည်းကျဉ်းနဲ့ မြောက်အမေရိကဒေသတွေမှာ နေရာကွက်ကြား ပေါက်ပါတယ်။
Belladonna ပင်မှာ အရွက်ပြန့်တွေနဲ့ အမည်းရောင်ဘယ်ရီသီးလေးတစ်လုံးပါ
ကာ ပန်းနုရောင်ပန်းလေးတွေလည်း ပါဝင်ပါတယ်။ ထိုအပင်မှာ အပ်ကာလွိုက်ဒ်
ဓာတ်တစ်မျိုး ပါဝင်တာကြောင့် သားအိမ်ကျယ်စေပါတယ်။အလယ်ခေတ်တုန်းက
Belladonna ပင်ကို မျက်လုံးဆွဲဆောင်မှုရှိစေရန်အသုံးပြုခဲ့ကြတယ်။
ဒီခေတ်မှာလည်း မျက်လုံးခွဲစိတ်ရာတွင် ထိုအပင်ကိုအနည်းငယ်သုံးတယ်လို့သိရပါတယ်။

ဘာကြောင့် အန္တရာယ်ရှိရတာလဲ : ပါးစပ်ထဲရောက်သွားတဲ့အခါ ရင်ထဲ
တလှပ်လှပ်ဖြစ်ခြင်း၊ အာခေါင်ခြောက်သွေ့ခြင်းနဲ့ ပါးစပ်အပူလောင်ခြင်းတို့
ဖြစ်နိုင်ပါတယ်။ ထိုအပင်တော်တော်များများမှာတော့ အဆိပ်တွေပါဝင်ပါတယ်။

Bonus: Venus flytrap

ဒီအပင်က သင့်ကိုတကယ်သေစေနိုင်လောက်တဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။
ထိုအပင်တွေကို သရဲကားတွေ၊ စိတ္တဇကားတွေထဲမှာ တွေ့ဖူးတယ်မလား ?

Shares 246
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *