အားလပ်ရက်မှာ အသစ်အဆန်းချက်စားချင်ကြတဲ့သူတွေအတွက် ကြက်သားထောပတ်သီးပါစတာချက်နည်း

Shares 45

ညစာဖြစ်ဖြစ်၊နေ့လည်စာဖြစ်ဖြစ် စားနေကျမဟုတ်တဲ့ဟင်းမျိုးချက်စားချင်တယ်ဆိုရင် ကြက်သားနဲ့ထောပတ်သီးပါတဲ့ ပါစတာကိုချက်စားကြည့်ပါ။အရသာထူးခြားကောင်းမွန်တာကြောင့်နောက်ထပ်ချက်စားချင်နေမယ့်ဟင်းကောင်းတစ်မျိုးပါ။ဧည့်သည်တွေလာလို့ချက်ကျွေးတဲ့အခါမှာလည်း မျက်နှာပန်းလှစေမှာပါ။

ပါဝင်ပစ္စည်းတွေကတော့

အရိုးမပါတဲ့ကြက်ရင်ပုံ

ပါစတာတစ်ထုပ်

ထောပတ်သီးတစ်လုံး

မယောနိစ်အနည်းငယ်

ချိစ်အနည်းငယ်

ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်

ပထမဆုံးကြက်သားကိုမိုက်ခရိုဝေ့ဗ်ထဲထည့်ပြီးရေအနေတော်နြဲ့ပုတ်ထားပါ။ရေနွေးဆူတဲ့အခါ ကြက်သားကိုထုတ်ပြီးအနေတော်အတုံးလေးတွေလှီးပါ။ရေနွေးအိုးတည်ထားပြီး ဆူရင်ပါစတာကိုထည့်ုလိုက်ပါ။ပါစတာပြုတ်ထားတုန်း ထောပတ်သီးအသားတွေနွှာပြီးအတုံးလေးတွေတုံးပါ။ကြက်သားတုံးတွေရော၊ပါစတာရောနူးသွားတဲ့အခါပန်းကန်တစ်လုံးထဲစုထည့်ပါ။မယောနိစ်နဲ့ချိစ်တို့ကိုလည်းလောင်းထည့်ပြီးမွှေပါ။ဟင်းခတ်အမွှေးအကြိုင်နည်းနည်းထည့်ပါ။သေချာမွှေပြီးသွားရင်တော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ကြက်သားထောပတ်သီးပါစတာဟင်းလေးရပါပြီ။

Shares 45
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *