အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ပုရွက်ဆိတ်၊ကြွက်နဲ့အင်းဆက်ပိုးမွှားတွေကိုဘယ်လိုဖယ်ရှားကြမလဲ

Shares 305

နည်းလမ်းလေးကလွယ်လွယ်လေးပါပဲ။ဘယ်လောက်ပဲသန့်ရှင်းသပ်ရပ်တဲ့အိမ်ဖြစ်ပါစေ အင်းဆက်ပိုးမွှားတွေက ရှိမှာပါပဲ။သူတို့က အစာရှာဖွေစားသောက်ဖို့နေရာစုံကိုသွားလာနေကြတာပါ။ကြွက်တို့၊ပိုးဟပ်တို့ဆို ပိုပြီးတွေ့မြင်ရပါတယ်။ပုရွက်ဆိတ်ဆိုလည်း ခြံထဲမှာ၊ထမင်းစားခန်းထဲမှာ အနည်းနဲ့အများတို့တွေ့ကြပါတယ်။အင်းဆက်ပိုးမွှားသတ်ဆေးနဲ့ဆိုရင် အခန်းလည်းအနံ့ထွက်မှာဖြစ်သလို ရေရှည်ပြုလုပ်နေရရင်လည်းကျန်းမာရေးအတွက်မကောင်းပါဘူး။အင်းဆက်ပိုးမွှားတွေက ရောဂါပိုးတွေလည်းသယ်ဆောင်နိုင်လို့ အမြန်ဆုံးရှင်းလင်းဖယ်ရှားပစ်တာအကောင်းဆုံးပါပဲ။

အခုပြောပြမယ့်နည်းလမ်းလေးကတော့ ငွေကုန်ကြေးကျလည်းမများသလို အနံ့အသက်တွေဆိုးဆိုးဝါးဝါးထွက်မှာလည်းမပူရပါဘူး။သဘာဝနည်းလမ်းတစ်ခုမို့ ကျန်းမာရေးအတွက်လည်းမထိခိုက်စေပါဘူး။ဘယ်လိုလုပ်ရမလဲဆိုတော့ လတ်ဆတ်တဲ့ပူစီနံအရွက်လေးတွေကို ပုရွက်ဆိတ်၊ကြွက်၊ပင့်ကူ၊ပိုးဟပ်နဲ့တခြားအင်းဆက်ပိုးမွှားတွေရှိတတ်တဲ့နေရာမှာ နည်းနည်းစီသွားထားပေးရုံပါပဲ။ပူစီနံမှာရှိတဲ့ပြင်းရှတဲ့ရနံ့ကြောင့် မနေနိုင်ပဲမကြာခင်မှာထွက်ပြေးသွားပါလိမ့်မယ်။အင်းဆက်ပိုးမွှားတွေက အနံ့စူးရှလို့ပြေးကြပေမဲ့ လူတွေကပူစီနံရဲ့ ပြင်းရှတဲ့အနံ့ကိုနှစ်သက်ကြပြီး ပူရှိန်းရှိန်းအရသာကိုလည်းခုံမင်ကြပါတယ်။ပြီးတော့ သူ့ရဲ့ အနံ့လေထုကိုလည်းသန့်စင်ပေးတာကြောင့်သင့်ရဲ့အိမ်နဲ့ပတ်ဝန်းကျင်လေထုကိုပိုပြီးလန်းဆန်းစေပါတယ်။တစ်ပတ်ကိုနှစ်ခါပုံမှန်လုပ်ပေးမယ်ဆိုရင် မကြာခင်သင့်ရဲ့ အိမ်ပတ်ဝန်းကျင်မှာအင်းဆက်ပိုးမွှားတွေရှိတော့မှာမဟုတ်ပါဘူး။

Shares 305
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *