တောသူမကာရိုက်တာကို သရုပ်ဆောင်ရတာ ခက်ခဲတဲ့အတွက် ငြင်းလေ့ရှိတယ် ဆိုတဲ့ အဆိုတော်ပိုပို

Shares 338

အဆိုတော်ပိုပိုဟာ အခုဆိုရင်ဂီတပိုင်းတင်မကပဲ သရုပ်ဆောင်ပိုင်းကိုပါခြေလှမ်းစနေပြီ ဖြစ်ပါတယ်။ သူမရိုက်ထားတဲ့ ရုပ်ရှင်ကားကြီးဖြစ်တဲ့ ကြောက်ကြောက် ကြောက် ဇာတ်ကားကြီးဟာလည်း မကြာခင်ရုံတင်တော့ မှာဖြစ်ပါတယ်။ အခုလည်းဗီဒီယိုကားနှစ်ကားကို စာချုပ်ချုပ်ထားပြီး ဇာတ်ကားအတွက်လိုအပ်တာတွေ ဝယ်ဖို့အတွက် ဘန်ကောက်ကိုသွားမှာဖြစ်ပါတယ်။ မသွားခင်လေးမှာသူရဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ပြောပြပေးခဲ့ပါတယ်။

Q.ဘန်ကောက်သွားမယ်ဆို အလည်ပဲလား။

အခုသွားမှာက Shopping အတွက်ပဲ နောက်လ ၇ရက်နေ့ကျရင်  မင်းသား ထူးခြားနဲ့ ဗီဒီယိုရိုကိဖို့ရှိတယ်။ အဲဒီအတွက်လိုအပ်တဲ့ အဝတ်အစားလေးတွေ သွားဝယ်တာပါ။

Q.ဗီဒီယိုကရော အခုလက်ရှိမှာ စာချုပ်ချုပ်ထားတယ်လို့ သိရတယ် ဘယ်နှကားလဲ။

လောလောဆယ်မှာတော့ နှစ်ကားစာချုပ်ချုပ်ထားပါတယ်။ မင်းသားက နှစ်ကားလုံး ကိုထူးခြားနဲ့ပဲ။

Q.၇ရက်နေ့ရိုက်မယ့် ဇာတ်ကားရော သိပြီးပြီလား။ ပါဝင်ရမယ့် ကာရိုက်တာကိုပြောပြပေးပါလား။

ကာရိုက်တာက နည်းနည်းဆိုက်ကိုဖြစ်သွားတဲ့ ကောင်မလေးပေါ့။ တက္ကသိုလ်တက်တဲ့အချိန်မှာ ရည်းစားထားတယ်။ ရည်စားရဲ့အပြုအမူကြောင့် ဆိုက်ကိုဖေါက်သွားတဲ့ ကောင်မလေးအကြောင်းရိုက်ထားတာ ပါ။

Q.အမရဲ့ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ကားကြီးဖြစ်တဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ကားကြီးကလည်း နောက်လမှာ တင်တော့မယ်ဆိုတော့ အဲကားရိုက်တုန်းက အတွေ့အကြုံလေးတွေကို ပြောပြပေးပါလား။

အတွေ့အကြုံတွေကတော့ MTV တွေရိုက်နေကျဆိုပေမယ့် ရုပ်ရှင်ကျတော့မတူဘူး၊ စကားပြောရတယ်။ အိုက်တင်ပိုင်းတွေ သတိထားရတယ်။ ရုပ်ရှင်ကားကြီးဖြစ်တဲ့အတွက် ပိုပြီးတော့အားသွန်ခွန်စိုက်ကြိုးစားရ တယ်။ စိတ်ကိုလည်းနှစ်ပြီး ကြိုးစားခဲ့ရတဲ့ဇာတ်ကားတစ်ကားပါ။ အတွေ့အကြုံတွေကတော့ အများကြီးပဲကိုယ် မသိတာတွေလည်း သိခွင့်ရတယ်။

Q.ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တော့ သရုပ်ဆောင်မှုပိုင်းနဲ့ပတ်သက်ပြီး ဘာတွေလေ့လာဖြစ်လဲ။

အစ်မက သရုပ်ဆောင်လောကနဲ့လည်း သိပ်မစိမ်းဘူး။ရုပ်ရှင်တွေလည်း ကြည့်ဖြစ်တယ်။ ကာရိုက်တာကလည်း ခက်ခက်ခဲခဲကာရိုက်တာ မဟုတ်ဘူး။ သရဲကာရိုက်တာဆိုတော့ သရဲကားတွေကြည့်တယ်။ အဓိကက တော့မင်းသမီးလုပ်တော့မယ်ဆိုတော့ ဝိတ်ချရတာပေါ့။ အိုက်တင်ကတော့ အထူးတလည်တော့ပြောစရာ မလိုဘူး။ တချို့ကို မရတာဆိုရင် ကိုနေတိုးတို့က ဝိုင်းပြီး ပြောပြပေးပါတယ်။

Q.အခုလည်းဗီဒီယိုတွေ စရိုက်တော့မယ်ဆိုတော့ နောက်ပိုင်းမှာသရုပ်ဆောင်အလုပ်ကိုရော ဆက်လုပ်သွား ဖို့မျာလား။

သရုပ်ဆောင်ကို အမက ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ အဆိုတော်ကတော့ပိုပြီး ဝါသနာပါတာပေါ့နော်။

အနုပညာနဲ့မစိမ်းတဲ့အတွက် သရုပ်ဆောင်အလုပ်ကို နောက်ပိုင်းမှာလည်းဆက်လုပ်သွားဖြစ်မှာပါ။ သရုပ်ဆောင်ကိုလည်း ဝါသနာပါတယ်။ အိမ်မှာဆိုရင်ရုပ်ရှင်ကားတွေကြည့်ပြီး ငါလည်းဘယ်လိုကားလေးတွေ ရိုက်ချင်တယ်ဆိုပြီးပြောဖြစ်တယ်။ ကိုယ်ရိုက်ချင်တဲ့ဇာတ်လမ်းတွေလည်း စဉ်းစားထားတာရှိတယ်။ အခုဆိုရင် ကိုထူးခြားနဲ့နှစ်ကားမှာ တစ်ကားကသူတို့တိုက်ကပေးတယ်။ နောက်တစ်ကားကတော့ အမရဲ့အိုက်ဒီယာလေး ပါ။ ကိုယ်ရဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းမှာကိုယ်ပေါ့။

Q.နောက်ပိုင်းသရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ကမ်းလှမ်းလာရင် ဘယ်လိုတွေရွေးချယ်လက်ခံဖြစ်မလဲ။

အဓိကကတော့ ကိုယ်နဲ့လိုက်တဲ့ကာရိုက်တာကိုရွေးရမှာပေါ့နော်။ နံပါတ်တစ်အနေနဲ့ ငြင်းလေ့ရှိတာက တောသူမလုပ်ရတဲ့ကာရိုက်တာကို သရုပ်ဆောင်ရတာအမအတွက်ခက်ခဲတယ်လိုထင်တယ်။ တောသူမ မလုပ်တက်ဘူး။ ဘယ်လိုကာရိုက်တာနဲ့ လိုက်မယ်ဆိုတာကတော့ ဇာတ်လမ်းဖတ်ကြည့်မှပဲ သိမှာပေါ့နော်။

Q.အဆိုဘက်မှာက ကိုယ်ကနာမည်ရပြီးသား အခုအဆိုနဲ့သရုပ်ဆောင်ကိုတွဲလုပ်မယ်ဆိုတော့ အဲနှစ်ခုကိုမျှတ အောင်ဘယ်လိုလုပ်မယ်လို့ စဉ်းစားထားလဲ။

အဓိကကတော့အလုပ်နှစ်ခုယှဉ်လာရင် အဆိုဘက်ကိုပဲဦးစားပေး လုပ်ဖြစ်မှာပါ။ မိုးတွင်းပိုင်းလိုအားတဲ့ အချိန်တွေမှာ ရိုက်မယ့်။တချို့ကိုယ်ရိုက်ချင်တဲ့ဇာတ်ကားလေးတွေ ရှိရင်တော့ရိုက်ဖြစ်မယ်။ များသောအားဖြစ် တော့ အဆိုတော်ဘက်ကိုပဲ သွားမှာပါ။သုံးပုံမှာ တစ်ပုံလောက်ပဲသရုပ်ဆောင် အလုပ်ကိုလုပ်မှာပါ။ နှစ်ပုံက တော့  အဆိုဘက်ကိုပဲလုပ်မှာပါ။

Q.လက်တလောမှာရော ဂီတနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေလဲ။

၇လပိုင်း ၁၆ ရက်နေ့က မာစတာပီဆိုတဲ့ တစ်ကိုယ်တော်ခွေထွက်ထားပါတယ်။ ဒီကြားထဲမှာလည်း MTV တွေရုက်နေတာ ၆ပုဒ်လောက်တော့ပြီးပါပြီ။

Q.ဒီနှစ်ထဲမှာဆိုရင် အနုပညာနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုရသစုံအောင် ပေးသွားတာတွေရတယ်နော်။

ဟုတ်တယ်။ အနုပညာနဲ့ပတ်သက်ရင် အားလုံးကိုဝါသနာပါတယ်။ ကဗျာဆိုလည်းစာအုပ်ထွက်ဖို့ကို ၆လ၇လ လောက်ကိုအချိန်ကြာတယ်။ ပြသနာတွေလည်းအများကြီး တက်ခဲ့တယ်။ ပြသနာတွေကြားထဲကပဲ ကဗျာစာ အုပ်ကို ထုတ်ခဲ့တယ်။ ကဗျာပိုင်းမှာလည်းဝါသနာပါလွန်းလို့ လုပ်ထားတာ ရုပ်ရှင်ပိုင်းမှာလည်းကြိုးစားထား တယ်။ ကိုယ်ဝါသနာပါတဲ့ အနုပညာကိုကိုယ်တက်နိုင်သလောက် လုပ်နိုင်သလောက်လေးတွေ ကြိုးစားထား တာပါ။

Q.ကိုယ်အလုပ်နဲ့ပတ်သက်ပြီး ဘယ်လို Plan တွေချပြီးလုပ်ဖြစ်လဲ။

အဲလိုမျိုးတော့ plan ချပြီးလုပ်တာမှရှိဘူး။ ဒါပေမယ့် ဒီနှစ်မှာပိုပိုက ဒီထက်ပိုပြီးတော်ရမယ်။ ဒီထက်ပိုပြီး ပရိသတ်ပိုချစ်လာရမယ်။ ကိုယ်ရဲ့အရည်အချင်းကိုလည်း တစ်နှစ်ထပ်တစ်နှစ်ပိုတိုးတက်အောင် လုပ်မယ် ဆိုတာ မျိုးတော့ရှိတယ်။ အခွေကတော့ တစ်နှစ်မှာဘယ်နှခွေထွက်မယ် ဆိုတာရှိတယ်။ အဓိကကတော့ တစ်နှစ်ထပ်တစ်နှစ်ပိုပြီး ကြိုးစားရမယ်ဆိုပြီးပဲ စဉ်းစားပါတယ်။

Q.အားပေးနေတဲ့ပရိသတ်ကို ဘာပြောချင်သေးလဲ။

ပိုပိုဘာပဲလုပ်လုပ်ချစ်တဲ့မျက်စီနဲ့ ကြည့်ပြီးအားပေးတဲ့အတွက် ပရိသတ်အတွက်အများကြီး ကြိုးစားသွားမှာ ပါ။ ပရိသတ်တွေဆီကရရှိတဲ့ အနုပညာကြေးတွေကိုလည်း ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ်တတ်နိုင်သလောက် လှူပေးပါမယ်။ ပိုပိုကိုလည်း ဒီထပ်မက ချစ်ခင်အားပေးပါ။ ပရိသတ်ကြီး ကျန်းမာချမ်းသာပါစေ။

Shares 338
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *