ဂရိနိုင်ငံက အလှဆုံးကျွန်း(၇)ခု

Shares 44

နွေရာသီရောက်ဖို့လိုသေးတယ်ဆိုပေမယ့် နွေရာသီမှာခရီးသွားဖို့ စဉ်းစားထားတယ်ဆို ကြိုတင်ရွေးချယ်ထားလို့ရအောင် ဂရိနိုင်ငံကအလှဆုံး ကျွန်း(၁ဝ)ခုကို ဖော်ပြပေးလိုက်ပါတယ်။ တစ်သက်မှာတစ်ခေါက်လောက်တော့ သွားဖူးသင့်တဲ့
နေရာတွေပါ။ သွားရကျိုးနပ်စေမှာဖြစ်ပြီး သာယာလှပတဲ့ရှုခင်းတွေကိုလည်း တစ်ဝကြီးခံစားနိုင်မှာဖြစ်ပါတယ်။

Mykonos

နွေရာသီိမှာ နေပူစာလှုံဖို့အတွက်ဆို Mykonosကိုတော်တော်များများရွေးချယ်ကြတယ်လို့ ကြားရပါတယ်။ ထူးခြားတာတစ်ခုက Mykonosမှာ နေပူစာလှုံဖို့ထက် အခြားလုပ်စရာတွေလည်း အများကြီးရှိတယ်လို့သိရပါတယ်။
အရမ်းကိုဆွဲဆောင်မှုရှိတဲ့ ကျွန်းတစ်ခုဖြစ်ပြီး ဂရိလူမျိုးတွေကိုးကွယ်တဲ့ နတ်ဘုရားကြီးတွေလည်း ရှိပါတယ်။

Rhodes

ဒီကျွန်းဟာ ပုံထဲမှာမြင်ရတာထက် အပြင်မှာအဆတစ်ရာပိုလှတယ်လို့ သွားဖူးတဲ့လူတိုင်းပြောကြပါတယ်။ ညဘက်ဆို လှပတဲ့မီးရောင်ခြည်တွေထိန်လင်းနေပြီး ရင်သပ်ရှုမောဖွယ်ရာ ကမ်းခြေး၊ သဘာဝတိုင်းလှနေတဲ့ ရှုခင်းတွေဟာ
လာလည်သူတိုင်းရင်ကို အေးမြစေပါတယ်။

Zakynthos

ဒီကျွန်းကတော့ Lonian ပင်လယ်မှာ အကြီးဆုံးကျွန်းပဲလို့သိရပါတယ်။ Descendants of the sun ရုပ်ရှင်ကို ဒီကျွန်းမှာရိုက်ပြီးတည်းက လူအများရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး ခရီးသွားတွေအကြိုက်တွေ့ခဲ့ရတဲ့ ကျွန်းတစ်ခုဖြစ်လာပါတ
တယ်။ အရောင်သွေးစုံလင်လှတဲ့ ကျွန်းတစ်ခုဖြစ်ပြီး ကဗျာဆရာအများစုရဲ့အိမ်တစ်ခုဆိုလည်းမမှားပါဘူး။

Santorini

ဒီကျွန်းနာမည်က အီတလီဆန်ပေမယ့် တကယ့်ဂရိနာမည်အစစ်က Thira ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ကျတော့လည်း Santorini လို့ခေါ်ကြပါတယ်။ ဒီကျွန်းဟာ ကမ္ဘာပေါ်မှာရိုမန်တစ်အဆန်ဆုံး ကျွန်းထဲပါဝင်ပါတယ်။

Corfu

ဒီကျွန်းကိုလည်း လူသိများကြပါတယ်။ အားလပ်ရက်အပန်းဖြေခရီးတစ်ခုအနေနဲ့ အလွန်နာမည်ကြီးပြီး လှပတဲ့ကမ်းခြေတစ်လျှောက်မှာ ညဘက်ဆို မီးရောင်ခြည်တွေစုံလင်လို့ပါပဲ။

Kos

Kos ကျွန်းလေးဟာ အလွန်သေးငယ်ပေမယ့် သဘာဝပေးတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ကျွန်းလေးတစ်ခုဖြစ်ပါတယ်။ ဒီကျွန်းကိုရောက်တာနဲ့ ရင်းနှီးနေသလိုခံစားရပြီး ထူးဆန်းပြောင်မြောက်တဲ့ အရာတွေနဲ့လည်းထိတွေ့ခံစားရမှာဖြစ်ပါတယ်။

Crete

ဂရိမှာတော့ ဒီကျွန်းဟာအကြီးဆုံးဖြစ်ပြီး လူသိအများဆုံးကျွန်းပါပဲ။ ခရီးသွားတွေအကြိုက်ဆုံးကျွန်းတစ်ခုဖြစ်ပြီး ထိုကျွန်းမှာတော်တော်များများ စုံစုံလင်လင်ရှိပါတယ်။ အရမ်းကိုဆွဲဆောင်မှုရှိတဲ့ ကျွန်းတစ်ခုပါပဲ။

Shares 44
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *