အချိန်၁၀မိနစ်တည်းနဲ့ အရသာရှိတဲ့ချောကလက်ကိတ်မုန့်လေးလုပ်စားရအောင်

Shares 68


Chocolate Brownies
ထောပတ် ၁၅၀ဂရမ်
သကြားမပါတဲ့ Cocca ပေါင်ဒါမှုန့် ၆၅ ဂရမ်
သကြား ၂၀၀ဂရမ်
ကြက်ဥ ၂လုံး
ဗနီလာလက်ဖက်ရည်ဇွန်းတစ်ဇွန်း
ဂျုံ ၁၀၀ဂရမ်
ပြုလုပ်ပုံကတော့ ထောပတ်တွေကိုအရည်ပျော်အောင်မိုက်ခရိုဝေ့ဗ်ထဲမှာစက္ကန့်သုံးဆယ်လောက်ထည့်ထားပါ။အရည်ပျော်သွားရင် သကြား၊ပေါင်ဒါနဲ့ဗနီလာတစ်ဇွန်းရယ်ကိုထည့်ပြီးမွှေပါ။ပြီးရင်ကြက်ဥကိုဖောက်ထည့်ပါ။ဂျုံကိုလည်းထည့်ပြီးသမအောင်ရောမွှေပါ။ပြီးရင်တော့ အပူချိန်အမြင့်ဆုံးပေးပြီး ၅မိနစ်လောက်ထားပြီးရင် ချောကလက်ဘရောင်နီကိုစားလို့ရပါပြီ။


Chocolate Cake
ဂျုံ ၁၀၀ ဂရမ်
ချောကလက် ၁၀၀ ဂရမ်
သကြား ၁၀၀ ဂရမ်
ထောပတ် ၅၀ ဂရမ်
ကြက်ဥ ၃ လုံး
မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်း
နျူတယ်လာ ခရားတစ်လုံး (ချောကလက်ရည်)
ပြုလုပ်ပုံကတော့
ထောပတ်နဲ့ချောကလက်ကိုရောပြီးအပူပေးထားပါ။ကြက်ဥကိုသကြားထည့်ပြီးသကြားပျော်တဲ့အထိခေါက်ပါ၊ပြီးရင် ဂျုံမှုန့်တွေထည့်မွှေပါ။ချောကလက်နဲ့ထောပတ်ပျော်ရည်ကိုချလိုက်ပြီး မွှေထားတဲ့ကြက်ဥတွေထဲကိုရောထည့်ပါ။ပြီးရင်မုန့်ဖုတ်ဆိုဒါကိုထည့်ပါ။အကုန်လုံးပြီးသွားပြီဆိုရင်တော့ မိုက်ခရိုဝေဗ့်ထဲကိုထည့်ပြီးအပူချိန်မြှင့်ထားပါ။ငါးမိနစ်လောက်ထားပြီးရင်ချလို့ရပါပြီ။ချပြီးတော့မှချောကလက်ရည်ကိုအပေါ်ကနေ ဖြန်းလိုက်ပါ။အရသာရှိတဲ့ချောကလက်ကိတ်မုန့်လေးကို စားလို့ရပါပြီ။

Shares 68
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *