Solo Album ထုတ်မယ်လို့ကြေညာလိုက်တဲ့ Nightwish ရဲ့အဆိုတော်ဟောင်း Anette Olzon

anette_olzon.jpg
Shares 0

Finland Symphonic Metal ၀ိုင်း Nightwish ရဲ့အဆိုတော်ဟောင်း Annette Olzon ဟာသူမရဲ့ပထမဆုံး solo album နဲ့ပါတ်သတ်တဲ့အချက်အလက်တွေကို ပြောပြခဲ့ပါတယ်။

‘Shine’ အမည်ရတဲ့ album ဟာ ပြီးခဲ့တဲနှစ်မှာ Nightwish ၀ိုင်းကထွက်အပြီး Annette ရဲ့ပထမဆုံး လုပ်တဲ့ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။

“ကျွန်မရဲ့ ပထမဆုံး solo album ကိုထုတ်ရတာ ကျွန်မအရမ်းဝမ်းသာပါတယ်။ အဲဒီ့အတွက်အချိန်အကြာကြီး အလုပ်လုပ်လာခဲ့တာ။ ၂၀၀၉ နှစ်ကကျွန်မစရေးခဲ့တဲ့သီချင်းတွေနဲ့ဒီ album ကကျွန်မအတွက် အရမ်းကိုပါတ်သတ်မှုကြီးပါတယ်။ ဒါပေမယ့်မကြာသေးခင်ကရေးထားတဲ့သီချင်းတွေလဲပါမှာပါ။ ဒီအခွေရဲ့အနှစ်ချုပ်ပေးချင်တဲ့ သတင်းစကားကတော့ ဘ၀ဟာတကယ်ပဲ မှောင်ပိုက်ပြီး ကြမ်းတမ်းခက်ထန်မှုတွေ ၀မ်းနည်းမှုတွေနဲ့ပြည့်နှက်နေနိုင်ပါတယ်။ ဒါပေမယ့် ရှင့်ကိုပိုသန်မာစေပြီး လင်းလက်တောက်ပစေမယ့်အလင်းရောင်ကို ရှင်မြင်တွေ့နိုင်ပါသေးတယ်။ ဘာပဲဖြစ်နေဖြစ်နေပေါ့” လို့ Annette ကပြောပါတယ်။

Shine album ကို February လမှာ EARmusic ကဖြန့်ချီမှာဖြစ်ပါတယ်။

Ref:metalhammer

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *