Girl’s Generation က Seohyun ကို ၀ိုင်းဝန်းအကြံဥာဏ်ပေးမှု

104713-girls-generation-yoona-and-yuri-advise-seohyun-don-t-be-too-ambitious-.jpg
Shares 0
Girl’s Generation အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Seohyun ဟာ သူမရဲ့ အခြား အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ Yoona  နဲ့ Yuri တို့ကနေ သူမရဲ့ သရုပ်ဆောင်မှု အပိုင်းနဲ့ ပတ်သက်လို့ အကြံဥာဏ် တစ်ချို့ပေးခဲ့တာ ကို လက်ခံခဲ့ ပါတယ်။ 
 
“Hot Love” ဆိုတဲ့ ဇာတ်ကားလေးရဲ့ မိတ်ဆက်ပွဲကို ဆိုးလ်မြို့က SBS ရုပ်သံအဆောက်အဦးမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ '' Yoona, Yuri  နဲ့ အခြားအတွေ့အကြုံရှိတဲ့ မင်းသမီးတွေက ကျွန်မကို အရမ်းကြီး ရည်မှန်းချက်ကြီးမားနေတဲ့ပုံစံမျိုး မဖြစ်သင့်ဘူးလို့ ပြောပါတယ်''လို့ သူမက ဆိုပါတယ်။
 
''သူတို့က ဒါဟာ ကျွန်မရဲ့ ပထမဆုံးသရုပ်ဆောင်မှုဖြစ်တယ်လို့ ပြောပေမယ့်လည်း ကျွန်မဟာ ကိုယ့်ကိုယ်ကိုအားမရနိုင် ဖြစ်နေမိတယ်။ သူတို့က ကျွန်မကို အရမ်းကြီးမျှော်လင့်မထားဖို့နဲ့ ကျွန်မ လုပ်နိုင်သလောက်သာ အကောင်းဆုံးလုပ်ပြီး စိတ်ကိုခပ်ရှင်းရှင်းထားဖို့ ပြောကြတယ်''လို့ သူမက ဆက်ပြောပါတယ်။ 
 
''ဒီထုတ်ကုန်နဲ့ပတ်သက်ပြီး ကျွန်မ အားရကျေနပ်မှု မရှိပေမယ့် ပျော်စရာလေးတွေ တော်တော် များများတော့ ရခဲ့ပါတယ်။ သရုပ်ဆောင်တာနဲ့ပတ်သက်ပြီးတော့ ရင်ခုန်မှုအမျိုးမျိုး ရခဲ့ပါတယ်။ ကျွန်မအတွက်တော့ များများသရုပ်ဆောင်လေ၊ များများ မျှော်လင့်ချက် ရှိလာလေပါပဲ။ ကျွန်မရဲ့ သီချင်းဆိုချိန်နဲ့ အိပ်ချိန်တွေကြားမှာပါ တော်တော်လေးဗျာများနေရတယ်။ တစ်ခါတစ်လေ ကျွန်မရှုတင် သွားတဲ့အခါ အိပ်ချိန် တစ်နာရီလောက်ပဲရှိပါတယ်။ ဒါပေမဲ့လည်း အားလုံးက ကျွန်မအပေါ် ကြင်ကြင်နာနာ ဆက်ဆံကြတာကိုတွေ့ရတော့ ကျွန်မပျော်ပါတယ်'' ဆိုပြီး သူမရဲ့ အတွေ့အကြုံ၊ ခံစားချက်တွေကို စုံစုံလင်လင် ရှင်းပြသွားပါတယ်။ 
 
 (Ref:kpopstarz)
Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *