ချစ်ရင်ကောင်းတာကြီးပဲ ရွေးချယ်လို့ မရဘူးလိုပြောတဲ့ အောင်လ

Shares 0

 

အရင်တုန်းကဆိုရင်အလုပ်လုပ်ဖို့ကို မျှောနေပြီး သူနဲ့တွေ့မှ အလုပ်တွေလည်းသေချာလုပ်ဖြစ်တယ်။ လူလည်း တက်တက်ကြွကြွနဲ့အလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတယ်လို့ ပြောလာသူကတော့ အဆိုတော် အောင်လပဲဖြစ်ပါတယ်။ အဆိုတော် အောင်လဟာအခုဆိုရင် သူရဲ့တတိယအခွေကို ၉လပိုင်းထွက်နိုင်အောင်လုပ်နေတယ်လိုလည်းပြောပါတယ်။ သူရဲ့၈ီတလှုပ်ရှားမှုနဲ့အတူ အချစ်ရေးကို ပါအခုလိုပြောပြခဲ့ပါတယ်။

Q.လက်တလော ဂီတလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ကျွန်တော်တို့နဲ့  Idiot နဲ့ပေါင်းပြီး အခွေလေးလုပ်နေတယ်။ဒီလကုန်(သို့မဟုတ်)နောက်လစမ်း မှာထွက်နိုင်အောင်လုပ်နေပါတယ်။ ကျွန်တော်ရဲ့ အသုံးတော်ခံ ဆိုတဲ့ တစ်ကိုယ်တော်ခွေလေး ၉လပိုင်းထွက်ဖို့ရှိပါတယ်။

Q.တစ်ကိုယ်တော်အခွေထဲမှာ ပါဝင်မယ့်သီချင်းတွေနဲ့ ပတ်သက်ပြီးပြောပြပေးပါလား။

အခုအခွေကအရှေ့ ၂ခွေနဲ့လုံးဝမတူဘူး။တေးရေးတွေကလည်း ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး။ ၄ပုဒ်၅ပုဒ်လောက်ပဲ ကျွန်တော်ရေးတယ်။ကျန်တဲ့သီချင်းတွေက တခြားတေးရေးဆရာ တွေကိုအပ်ထားတယ်။ ကျွန်တော် Bram ကလည်းအတီးသမားနှစ်ယောက် ပြောင်းသွားတော့ မြူးဇစ်ပုံစံတွေကအစ ပြောင်းထားတယ်။ ကျွန်တော်လည်းအများကြီးကြိုးစားထားပါတယ်။

Q.မြူးဇစ်အပြောင်းအလဲလေးတွေက  ဘယ်လိုပြောင်းထားတာလဲ။

အဓိကကတော့ Rock ကိုပဲအခြေခံထားပါတယ်။ ဒါပေမယ့် jube နဲ့ Rock နဲ့ရောထားတာပါ မယ်။Blue နဲ့ Rock နဲ့ရောတာပါမယ်။ အရင်ကျွန်တော်ဆိုနေကျ pop ပုံစံတွေနည်းသွားမယ်။ အချစ်သီချင်းလည်း လေးပုဒ်လောက်ပဲပါမယ်။ ကျန်တာဘဝသီချင်းတွေပဲပါမယ်။

Q.မြူးဇစ်ပုံစံတွေပြောင်းရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးလည်းပြောပြပေးပါလား။

ကျွန်တော်ကိုယ်တိုင်က မြူးဇစ်စတိုင်တွေမထပ်ချင်လို့ ပြီးတော့ကျွန်တော်ကိုယ်တိုင်ကိုက အကြိုက်ပြောင်းလိုက်တာပါ။ ကျွန်တော်ကိုယ်တိုင်ကလုံး လူကြီးနည်းနည်းဆန်သွားတာ။

Q.သီချင်းတွေကရော ဘယ်လိုအကြောင်းအရာတွေပါမလဲ။

အချစ်သီချင်းတွေတော့နည်းသွားမယ်။ ဘဝသီချင်းတွေများသွားမယ်။  အချစ်သီချင်းက ၁၃ပုဒ်မှာ ၃ပုဒ်၎ပုဒ်လောက်ပဲပါမယ်။ ကျန်တာဘဝသီချင်းတွေ များတယ်။

Q.အချစ်သီချင်းထပ် ဘဝသီချင်းလေးတွေ ဘာကြောင့်များသွားတာလဲ။

ဘဝသီချင်းဆိုတာထပ် လက်တလောမြင်တွေနေရတာတွေမှာ ကျွန်တော်ရေးစရာတွေအများကြီး တွေ့တယ်။ အချစ်ကလွှဲလို့ပေါ့နော်။အချစ်သီချင်းတွေကလည်း ရှေ့နှစ်ခွေမှာတော်တော်များများ ရေးခဲ့ပြီးပြီဆိုတော့ လက်တလောမြင်တွေ့နေရတာ လေးကိုရေးချင်စိတ်ပေါက်တာနဲ့ရေးလိုက်တာပါ။

Q.သီချင်းရွေးချယ်မှုပိုင်းနဲ့ ပတ်သက်ပြီင်္း တစ်ယောက်တည်းပဲရွေးတာလား။ အဖွဲအနေနဲ့ရွေးတာလား။

အရင်တုန်းကတော့တစ်ယောက်တည်းရွေးချယ်တာများတယ်။ အခုတော့ အဖွဲ့နဲ့အားလုံးပေါင်းပြီး လုပ်ဖြစ်တယ်။

Q.ဝိုင်းစုအတွက်ရော သီချင်းတွေရေးပေးဖြစ်လား။

သူရဲ့မယ်သီတာအခွေထဲမှာ အနားမှာရှိရင်ဆိုတဲ့ သီချင်းလေးကိုရေးပေးထားပါတယ်။ဒီသီချင်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ ရင်ထဲမှာရှိတဲ့ခံစားချက်အစစ်အမှန်လေးကို ရေးထားတာပါ။

Q.နောက်ထပ်ရော သူအတွက်ရေးပေးဖို့ရှိလား။

ရှိပါတယ်။ကျွန်တော်လည်းအားရင်အားသလို သူအတွက်ရေးပေးဖြစ်ပါတယ်။သီချင်းကိုသူအရင် ကလုပ်ခဲ့တဲ့မြူးဇစ်ပုံစံအတိုင်း မဟုတ်ပဲနဲ့ မြူးဇစ်စတိုင်သစ်တွေလုပ်ပေးဖြစ်တယ်။

Q.အခုလိုကိုယ်ချစ်တဲ့သူနဲ့ အလုပ်တွေအတူတွဲလုပ်ရတဲ့ခံစားချက်ကရော။

သူကအလုပ်နဲ့ပတ်သက်ရင် အရမ်းလောဘကြီးတယ်။ကျွန်တော်အရင်တုန်းကဆို မျှောနေတာက များတယ်။ သူနဲ့တွေမှပဲကျွန်တော်ကိုမျှောခွင့်မပေးဘူး။သူအလုပ်ရောကိုယ်အလုပ်ရော အတူတူလုပ် နေတော့ မျှော့ချိန်တောင်မရဘူး။ အလုပ်ကဆက်တိုက်လုပ်နေရတယ်။ သူဘယ်လောက်အလုပ်လုပ် လည်းဆိုရင် သူမောက်လောက်စရာ ဗီစီဒီထွက်တုန်းက ကျွန်တော်မာတိကာအခွေထွက်တယ်။ ကျွန်တော်ဒုတိယအခွေထွက်မယ့် အချိန်မှာ သူရဲ့လေးခွေမြောက်အခွေထွက်နေပြီ ကျွန်တော်တတိယ အခွေကိုထွက်ဖို့လုပ်နေတဲ့အချိန်မှာ သူက ဂါထွက်တယ်။ဂါထွက်ပြီး အခုမယ်သီတာ ထွက်တယ်။ ကျွန်တော်အခွေကအခုထိမထွက် နိုင်သေးဘူး။ တော်တော်ကို မြန်တယ်။ သူနဲ့ပြန်လက်တွဲပြီးနောက် ပိုင်းအရင်လိုမလေတော့ဘူး။ ခေါင်းထဲမှာအလုပ်ပဲရှိတယ်။ အချိန်အားရင် သီချင်းတွေလုပ်ဖြစ်တယ်။ သီချင်းလုပ်ချင်စိတ်တွေပိုဖြစ်တယ်။

Q.ကိုယ်လုပ်ချင်တဲ့အလုပ်တွေကိုလည်း သေချာပြန်လုပ်နိုင်ပြီဆိုတော့ မဝိုင်းစုကအစ်ကိုအတွက် လက်တွဲဖော်ကောင်းတစ်ယောက်လို ပြောလို့ရလား။

ပြောလို့ရပါတယ်။သူကြောင့်ကျွန်တော်အလုပ်တွေကို သေချာပြန်လုပ်နိုင်တာပါ။

Q.အနုပညာအချင်းချင်းချစ်သူဖြစ်တာနဲ့ အပြင်လူနဲ့ချစ်သူဖြစ်တာ ဘယ်လိုကွာလဲ။

အဓိကကတော့ နားလည်မှုပေါ့။ အချစ်မှာအချစ်တစ်ခုတည်းနဲ့တော့မပြည့်စုံဘူး။ အချစ်မှာနားလည်မှု၊သည်းခံမှု၊ အားပေးမှု၊ တစ်ယောက်စိတ်ဓာတ်ကကျနေတဲ့အချိန် တစ်ယောက် အားပေးမှု ကိုယ်မကောင်းတဲ့အကျင့်တွေကို သူဘယ်လောက်လက်ခံနိုင်လဲ သူရဲ့မကောင်းတဲ့အကျင့် တွေကို ကိုယ်ဘယ်လောက်လက်ခံနိုင်မလဲအဲဒါတွေနဲ့ ညှိပြီးသွားရတာပေါ့။

Q.အစ်ကိုကရော မဝိုင်းစုနဲ့ပတ်သက်ပြီး အကုန်လက်ခံနိုင်တယ်ပေါ့။

ချစ်ရင်တော့ကောင်းတာကြီးပဲ ရွေးချစ်လို့မှမရတာ လက်ခံရတာပေါ့။

Q.အစ်ကိုတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ဝေဖန်မှုကိုလည်းတော်တော်ခံ ရတယ်နော်။အဲလိုဝေဖန်မှုတွေကအစ်ကိုတို့နှစ်ယောက်အချစ်ကို ပိုပြီးခိုင်မြဲစေလား။

ကျွန်တော်တို့ရဲ့ဝေဖန်မှုနဲ့ပတ်သက်ပြီး စိတ်ထဲမှာကိုမထားတာ၊ ဒီဘက်နားကဝင်ရင် ဟိုဘက်နားက ထွက်သွားတယ်။ အဓိကက ကျွန်တော်တို့ကခိုးပြီးလုပ်တာမဟုတ်ဘူး။ ဟိုဘက်ရောရှင်းတယ်။ဒီဘက် ရောရှင်းတယ်။ ရှင်းရှင်းလင်းလင်းလုပ်တဲ့ကြားကမှ ပြောတာဆိုတော့ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူး။ အဓိကအချစ်ပဲ အချစ်မရှိရင်ဘယ်လိုမှဆက်သွားလိုမရဘူး။

Q.အစ်ကိုပရိသတ်ကိုပြောချင်တာလေး ရှိရင်ပြောခဲ့ပါအုံး။

ကျွန်တော်တို့ဝါသနာပါတဲ့မြူးဇစ်နဲ့ ကျွန်တော်တို့ကိုအခုချိန်ထိရပ်တည်ခွင့်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း ဒီထပ်မကကြိုးစားသွားပါမယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *