ပီဇာချစ်သူတွေအတွက် အသီးအရွက်ပီဇာလုပ်နည်း

aid2288087-v4-728px-make-vegetable-pizza-step-5-version-3.jpg
Shares 0

အားလပ်ရက်မှာ အပြင်မထွက်ချင်ပဲ အိမ်မှာပဲအေးအေးဆေးဆေးမုန့်လုပ်စားချင်တယ်ဆိုရင် အသီးအရွက်ပီဇာလုပ်နည်းလေးတင်ပေးချင်ပါတယ်။ဗိုက်လည်းပြည့်သလို အသီးအရွက်လည်းပါဝင်လို့ အဆီတွေအများကြီးတက်မှာစိတ်ပူစရာမလိုတော့ပါဘူး။

ပါဝင်ပစ္စည်းတွေကတော့

၁။ အခွံနွှာပြီးသား ခရမ်းချဉ်သီး ၈၀၀ ဂရမ်

၂။ငရုတ်သီးအနီတောင့်

၃။ခရမ်းသီး

၎။ကိုက်လန်

၅။မှို

၆။ကြက်သွန်နီ

၇။ကြက်သွန်မြိတ်

၈။သံလွင်ဆီ

၉။ဆား၊ငရုတ်ကောင်း အနည်းငယ်

၁၀။ချိစ် ထမင်းစားဇွန်းတစ်ဇွန်း

၁၁။ပီဇာလုပ်တဲ့ဂျုံ ၁ ပေါင်

ပထမဆုံးဂျုံတွေကို အနားတွေမာလာတဲ့အထိနယ်ပါ။ဟင်းသီးဟင်းရွက်တွေကိုရေဆေးပြီးပါးပါးလှီးပါ။ပြီးရင် ဒယ်ပိုင်းထဲကိုသံလွင်ဆီထည့်ပါ။အသီးအရွက်တွေကိုဆားနဲ့ငရုတ်ကောင်းအနည်းငယ်ရောပြီး ထည့်ကြော်ပါ။နည်းနည်းလေးနူးအိလာပြီဆိုရင်ချပြီး ပန်းကန်လွတ်တစ်လုံးထဲကိုထည့်ထားပါ။ဂျုံကိုအပြားထူထူလေးဖြစ်အောင်နယ်ပြီး ဒယ်အိုးထဲကိုထည့်ပါ။အပေါ်ကနေ ပန်းကန်လုံးထဲထည့်ထားတဲ့ အသီးအရွက်ကြော်ကိုဖြူးလိုက်ပါ။ပြီးရင် ချိစ်နည်းနည်းတင်ပါ။အပူချိန် ၅၀၀နဲ့ ၅၅၀ ဒီဂရီကြားမှာထားပြီး ၁၅ မိနစ်လောက်ဒယ်အိုးထဲထည့်ထားပါ။ချိစ်တွေအရည်ပျော်သွားပြီး တဖြည်းဖြည်းအညိုရောင်သမ်းလာတာကိုတွေ့ရပါလိမ့်မယ်။ခဏနေရင်တော့ ဒယ်အိုးထဲကချပြီးပီဇာကိုစားလို့ရပါပြီ။

ခရမ်းချဉ်သီးဆော့စ်လုပ်မယ်ဆိုရင် ပထမဆုံးအခွံခွာထားတဲ့ခရမ်းချဉ်သီးတွေကိုအိုးအသေးတစ်လုံးထဲထည့်ပြီးမွှေပေးပါ။မွှေပြီးနာရီဝက်လောက် မီးဖိုပေါ်တင်ထားပြီးရင်တော့ ခရမ်းချဉ်သီးဆော့စ်ရပါပြီ။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *