ကိုယ့်ရဲ့ပုံမှန်အလုပ်ထက် ငွေဝင်ကောင်းတဲ့ အထူးအဆန်းအလုပ်များ

faz-360x270.jpg
Shares 3

၁.) ခွေးစာ စမ်းသပ်ခြင်း

လုပ်ဖူးသမျှထဲမှာ ဒီအလုပ်ဟာ တကယ်ကိုအူကြောင်ကြောင်အနိုင်ဆုံးပါပဲ။ ခွေးစာကိုမြည်းပြီး
မှန်ကန်တဲ့ အနံ့အရသာ၊ အရောင်အဆင်းကို ရှာပေးရမှာဖြစ်ပါတယ်။ ဒီအလုပ်အတွက်
ဒေါ်လာ ၄သောင်းရမှာဖြစ်ပါတယ်။

၂.) ဂေါက်သီး ရှာဖွေရေးသမား

ဂေါက်ရိုက်နေရင်း အနီးနားကရေကန်တွေထဲ ကျသွားတဲ့ဂေါက်သီးတွေကို ပြန်လည်
ရေငုပ်ရှာဖွေပေးမယ့် ရေငုပ်သမားဖြစ်ရပါမယ်။ တစ်နှစ်အတွင်း ဒေါ်လာ ၃သောင်းကနေ
ဒေါ်လာ ၁သိန်းပေးမှာဖြစ်ပါတယ်။

၃.) အိပ်စက်ပေးမယ့်သူ

ဒီအလုပ်ကတော့ အပျင်းကြီးတဲ့လူတွေနဲ့အံ့ကိုက်ပဲပေါ့။ အိပ်ရာကိုစမ်းသပ်တဲ့အနေနဲ့
သင်က အိပ်ပေးနေရုံပါပဲ။ တစ်နှစ်ကို ဒေါ်လာ ၂သောင်းခွဲကနေ ၄သောင်းထိပေးမှာ
ဖြစ်ပါတယ်။ အိပ်နေရင်းနဲ့ကို ပိုက်ဆံရမှာနော်။ သင်လုပ်ရမှာက အိပ်ယာက သက်တောင့်
သက်သာရှိရဲ့လားဆိုတာပါပဲ။
 

၎.) လျှောစမ်းသပ်သူ

၅.) အစားသောက်မြည်းစမ်းသူ

အလုပ်က ကြက်သီးထစရာကောင်းပေမယ့် ငွေဝင်ကောင်းတယ်နော့။ ရုပ်ဆိုးတဲ့အကောင်
တွေဖြစ်တဲ့ ပိုးဟပ်၊ ပင့်ကူ၊ ပုစွန်နဲ့ အခြားပိုးမွှားကောင်လေးတွေကို မရောင်းချခင်
စမ်းစားကြည့်ရမှာဖြစ်ပါတယ်။ တစ်နေ့ကို ဒေါ်လာ ၈ဝဝပေးမှာဖြစ်ပြီး တစ်နှစ်ဆို
ဒေါ်လာ ၃သိန်းဖြစ်နေပါပြီ။

၆.) အလှကုန်အစမ်းသပ်ခံ

အလှကုန် ကုမ္ပဏီတစ်ခုက သူတို့ရဲ့အလှကုန်တွေကောင်း မကောင်းစမ်းသပ်ဖို့အတွက်
သင့်ရဲ့မျက်နှာကို ဈေးပေးပြီး ငှားရမ်းတဲ့သဘောပါ။ တစ်နှစ်ကို ဒေါ်လာ ၃သောင်းမှ
၎သောင်းထိရမှာပါ။
 

Shares 3
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *