Katy Perry ရဲ့ အလှဖန်တီးရှင် Todd Delano နဲ့ အင်တာဗျူး

Shares 0

ကျွန်တော်အမြဲတမ်း ပြောလေ့ရှိတာက ဒါမိတ်ကပ်ပါ။ မနှစ်သက်ရင်ပြန်ဖျက်ပြီး အသစ်လိမ်းလို့ရပါတယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါး သဘောထားပြီး လက်တွေ့စမ်းသပ်ကြည့်သင့်ပါတယ်။

Shares 0
katy-perry.jpg
Shares 0

Todd Delano ဟာ Katy Perry ရဲ့ ကော်ဇောနီ ပွဲတက်ညနေခင်း တွေအတွက် အဓိကအလှပြင်ဆရာဖြစ်ပါတယ်။ သူ့ရဲ့ အယူအဆအချို့နဲ့ Katy Perryရဲ့ အမြဲတမ်းပုံသေကျနေတဲ့ သူမရဲ့ကိုယ်ပိုင်စတိုင်အကြောင်း အနည်းငယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး-    Katy Perry ရဲ့ မိတ်ကပ်ဖန်တီးရှင်ဖြစ်ရတဲ့အပေါ် အကျေနပ်ဆုံးအရာက ဘာဖြစ်မလဲ ။

Todd Delano  – Katyရဲ့ မိတ်ကပ်ဆရာဖြစ်ရတဲ့ အကောင်းဆုံးအချက်ကတော့ မိသားစုဝင်အသစ် တစ်ယောက် ရသလိုပါပဲ။ အတူတကွပျော်ရွှင်ရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။

မေး-    သူမရဲ့မိတ်ကပ်စတိုင်ကို ဘယ်လိုပြောင်းလဲဖြစ်ခဲ့လဲ ။

Todd Delano –          ပိုပြီး ထင်ရှားတဲ့ ဂန္တ၀င်ဆန်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမယ့် သူမက အမြဲတမ်း ဂန္တ၀င်ဆန်ဆန် အပြင်အဆင်ဘက်ကို ပိုပြီးစွဲလန်းပါတယ်။

မေး-    သူမရဲ့နှုတ်ခမ်းနဲ့ပတ်သက်လို့ အကြိုက်ဆုံးတစ်ခု ။ ပြီးတော့ မျက်လုံးအတွက် ရောပေါ့။

Todd Delano –                   သူမနှုတ်ခမ်းနဲ့ပတ်သက်ရင် ကျွန်တော့အနှစ်သက်ဆုံးကတော့ တောက်ပြောင်နေတဲ့ နှုတ်ခမ်းစိုစိုလေးပါ ။ ဒါပေမယ့်သူမကတော့ အဆီပါတဲ့type မဟုတ်ဘဲ ခြောက်သွေ့တဲ့ Matt ပုံစံကို ပိုနှစ်သက်ပါတယ်။ ဒါကြောင့်ပဲ သူမကို ခပ်ရွှမ်းရွှမ်းလေးချယ်သဖို့ အခွင့်အရေးနည်းပါတယ်။ မျက်လုံးနဲ့ပတ်သက်ရင် ကျွန်တော် ကတော့ မီးခိုးရောင်မျက်ဝန်းနက်နက်တွေကို သဘောကျပါတယ်။ ဒီလိုမီးခိုးရောင် မျက်ဝန်းနက်တွေက အားလုံးအတွက် ဆက်စီကျ ပါတယ်။

မေး-    Katyက သူမကိုယ်တိုင် ကျွမ်းကျွမ်းကျင်ကျင် မိတ်ကပ်ပြင်နိုင်လား ။ ဒါမှမဟုတ် သင့်ကို တကယ်လိုအပ်သလားဆိုတာ အမှန်အတိုင်းပြောပြနိုင်မလား ။

Todd Delano –                   Katyက သူမကိုယ်တိုင်ပြင်ဖို့ လိုအပ်တယ်ဆိုရင် ပြင်ပါတယ်။ အခြေခံမိတ်ကပ် လိမ်းနည်းလောက်ကတော့ သူမကျွမ်းကျွမ်းကျင်ကျင်လိမ်းတတ်ပါတယ်။ မျက်တောင်တွေနဲ့ အခြားအနုစိတ် ခြယ်ရမယ့်အပိုင်းတွေမှာတော့ ကျွန်တော်တာဝန်ယူ ပါတယ်။

မေး-    ဘယ်လိုပုံစံအပြင်အဆင်မျိုးကို အခုအချိန်မှာသဘောတွေ့နေပြီးတော့ Katy ကိုရော ဘယ်လိုမျိုး ကြိုးစားပေးကြည့်ချင်လဲ။

Todd Delano –          ခပ်နက်နက်နဲ့ အမှောင်ဘက်သန်းတဲ့နှုတ်ခမ်းတွေ ၊ ၉၀ ခုနှစ်လောက် တွေတုန်းက gothic ပုံစံမျိုးပေါ့။ အော်တာနေးတစ် အစုအဝေးကြီးဖန်တီးဖြစ်နေတယ်။ အရောင်ချွတ်ထားတဲ့ မျက်ခုံးမျိုးကိုလဲ သဘောကျတယ်။ ဒါပေမယ့်ဒါကိုတော့ မကြိုးစား ကြည့်ရသေးဘူး။

မေး-    မင်းရဲ့စိတ်ထဲက သူမရဲ့ကော်ဇောနီညနေခင်းတွေထဲမှာ မှတ်မှတ်ရရဖြစ်နေတဲ့ အကောင်းဆုံးတစ်ခုဆိုရင် ။

Todd Delano –                   လော့စ်အန်ဂျလိစ်မှာလုပ်ဖြစ်တဲ့ သူမရဲ့ Part of Me ဇာတ်ကား အခမ်းအနားမှာပေါ့။ ကျွန်တော်တို့ဟာ ဟောလီးဝုဒ်ရဲ့ သမိုင်းဝင် ပြဇာတ်ရုံကြီးထဲရောက်နေပြီး သူမကိုကြည့်ရတာ ဟောလီးဝုဒ်ရဲ့ မှော်ဆရာမတစ်ပါးလို ခေါင်းအစ ခြေအဆုံး ပြည့်စုံနေတဲ့ညပေါ့။ အားလုံးနေရာတကျဖြစ်နေသလိုမျိုးပဲ ။

မေး-    Katy ရဲ့ အမှတ်အသားတစ်ခုလိုဖြစ်နေတဲ့ အလှကုန်ပစည်း(၃)မျိုးဆိုရင် ဘာတွေဖြစ်မလဲ ။

Todd Delano –          မျက်ခုံးမွှေးဆွဲ ခဲတံ ၊ မျက်တောင်တုနဲ့ အရောင်တောက်ပြီး ခြောက်သွေ့တဲ့ နှုတ်ခမ်းတစ်စုံပါ။ မျက်ခုံးဆွဲခဲတံကို အသုံးပြုပြီးတော့ မင်းရဲ့သဘာဝကိုပိုပြီး ထင်းလင်း ဖြစ်သွားအောင် လခြမ်းသဏ္ဍန် မျက်ခုံးတစ်စုံဖန်တီးပါ။ မျက်တောင်တုတစ်စုံ တပ်ပြီးတော့ ညှို့အားပြင်းတဲ့အသွင်ကိုရယူပါ။ ကျွန်တော်အမြဲတမ်းအကြံပြုလေ့ရှိတာက ဈေးပေါတဲ့ မျက်တောင်တုတစ်စုံဝယ်ပြီး ထပ်ခါထပ်ခါ လေ့ကျင့်ကြည့်ပါ။ မျက်တောင်တု တွေက မင်းမျက်လုံးနဲ့ရှည်နေမယ်ဆိုရင် လိုက်ဖက်အောင် ညှပ်ပေးပါ။ အပြင်ဘက်အစွန်း ကနေ အတွင်းဘက်ကို ညှပ်ပေးပါ ။ မျက်လုံးပေါ်မတပ်ခင် ကော်ကို စက္ကန့်(၃၀)စာလောက် ကြိုသုတ်ထားပါ။ နှုတ်ခမ်းကိုတော့ လိုချင်တဲ့နှုတ်ခမ်းပုံစံရအောင် ခဲတံနဲ့အရင် ပုံဖော်ပြီးမှ အတွင်းသားတွေကို နှစ်သက်တဲ့အရောင်ဖြည့်ပါ။ ကျွန်တော်အမြဲတမ်း ပြောလေ့ရှိတာက ဒါမိတ်ကပ်ပါ။ မနှစ်သက်ရင်ပြန်ဖျက်ပြီး အသစ်လိမ်းလို့ရပါတယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါး သဘောထားပြီး လက်တွေ့စမ်းသပ်ကြည့်သင့်ပါတယ်။

Ref:Seventeen

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *