မြန်မာပရိသတ်ကို ပျော်ရွှင်စေဖို့ ABBA သီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်သွားမယ့် Arrival From Sweden band

dsc03502_resize.jpg
Shares 0

Yangon Life, See Zar Entertainment, Pee Paw Entertainment တို့ရဲ့ ပထမဆုံး ပူးပေါင်းလုပ်ဆောင်မယ့် The Music of ABBA by Arrival From Sweden ပွဲကို ၃၀.၁၁.၂၀၁၃ရက်နေ့ ည ၇ နာရီခွဲ၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်သွားမယ်ဆိုတာ အားလုံးအသိပါ။ မြန်မာပြည်မှာ လာရောက်ဖျော်ဖြေမဲ့ ဒီပွဲရဲ့ ရည်ရွယ်ချက်ဟာABBA ရဲ့ သီချင်း၊ ဟန်ပန်အတိုင်း မြန်မာ ပရိသတ်တွေ ခံစားစေနိုင်ဖို့တစ်ခုတည်းအပြင် အမြတ်ရဖို့ထက် အရှုံးတောင် ပိုနေနိုင်ပါတယ်တဲ့။ ဘာပဲဖြစ်ဖြစ် ABBA ရဲ့ သီချင်း၊ ABBAရဲ့ မူလဟန်ပန်အတိုင်း လာရောက်ဖျော်ဖြေမဲ့ Arrival From Sweden အဖွဲ့သားတွေကတော့ ၂၉.၁၁.၂၀၁၃ ရက်နေ့နေလည် ၂ နာရီခွဲမှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာခဲ့ပါပြီ။ သူတို့နဲ့ တွေ့ဆုံချိန် မေးမြန်ခဲ့တာတွေကတော့

ABBA သီချင်းတွေ သီဆိုဖို့ ဘာလို့ရွေးချယ်ခဲ့တာက။

တကမ္ဘာလုံးက လူတွေ သိတဲ့ နာမည်ကျော်သီချင်းတွေ ဖြစ်နေလို့ပါပဲ။ ABBA ရဲ့ သီချင်းတွေက လူတွေကို ပျော်ရွှင်စေတယ်လေ။

ဘယ်သီချင်းတွေ ဆိုမှာပါလဲ။

Dancing Queen, mamma mia စတဲ့ နာမည်ကြီး လူကြိုက်များတဲ့ သီချင်းတွေပဲပေါ့။

မြန်မာပြည်မှာ လာရောက်ဖျော်ဖြေရတဲ့ ခံစားမှုကရော။

အရမ်းကောင်းပါတယ်။ ပျော်စရာပါပဲ။

အနာဂတ်အစီအစဉ် အနေလေးသိပါရစေ။

ဒါပြီးရင် အမေရိက၊ ရုရှား တို့ကိုသွားပါမယ်။ အချိန်တော်တော်များများကို ဒီလိုပဲ  လှည့်လည် ဖျော်ဖြေနေမှာပါ။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *