ဒီဇင်ဘာနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်

5.jpg
Shares 0

ရာသီဥတုအကူးအပြောင်းလေးမှာ အမိုက်စားဖက်ရှင်နဲ့ ခရီးထွက်ချင်၊ သွားချင်၊ လာချင်တဲ့ ပျိုမေတွေအတွက် ဘယ်လိုစတိုင်လ်မျိုးလေးတွေ ရွေးချယ်သင့်တယ်ဆိုတဲ့အကြောင်း အကြံပေးချင်ပါတယ်။ ဒီဇင်ဘာရောက်ပြီဆို အားလုံးက အနွေးထည်အပါးလေးတွေ၊ Pullover ၊ hoodie တွေ၊ လည်သာဂျက်ကက်တွေကို ပွဲထုတ်ချင်လာကြပါပြီလေ။ ဒီတော့ မိုက်လည်းမိုက်၊ ဂေါ်လည်းဂေါ်မယ့် ဒီဇိုင်းလေးတွေ ကြည့်ကြည့်ရအောင်လား။

 

၁.မိန်းမအရမ်းဆန်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးတွေ မ၀တ်ချင်ဘူးဆိုရင်တော့ ဒီစတိုင်လ်လေးက သင့်ကို စိတ်ကျေနပ်စေမှာပါ။ လည်သာဂျက်ကက်အစား ဂျင်းဂျက်ကက်ကို အစားထားရင်လည်း အိုကေပါတယ်။

 

၂။ဒီလို ဖက်ရှင်ဒီဇိုင်းမျိုးကတော့ လူတိုင်းနဲ့ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် ခန္ဓာကိုယ်ပြည့်တဲ့ ပျိုမေတွေဆိုရင်တော့ နည်းနည်း ဆက်စီဖြစ်တဲ့ ဖက်ရှင်မို့ ပိန်ပိန်သွယ်သွယ်လေးတွေနဲ့ ပိုကြည့်ကောင်းပါတယ်။ အသားကပ်ခြေအိတ်တွေ၊ boot တွေက သင့်ရဲ့ဖက်ရှင်ကို ပံ့ပိုးပေးနိုင်မယ့် ဒီဇိုင်းလေးပေါ့။

 

၃။အရိုးဆုံးက အဆန်းဆုံးပါပဲ။ ကာလာရွေးချယ်တတ်ဖို့ အဓိကကျတဲ့ ဖက်ရှင်စတိုင်လ်ပါ။ ခေါင်းစွပ်တွေ၊ ဖိနပ်ရွေးချယ်မှုတွေ မှန်ကန်ပါစေ။

 

၎။မိန်းမနည်းနည်းဆန်ပေမယ့် hot တဲ့ ဖက်ရှင်ပါပဲ။ တစ်ဆက်တည်း ဂါဝန်အကျပ်တွေကို ဒီလို ဂျက်ကက်တွေနဲ့ တွဲဝတ်ကြည့်လိုက်ပါ။ ဖိနပ်ကိုတော့ All Star ၊ Vans ဒါမှမဟုတ် Boot တွေ စီးရင်တောင် အထာကျနေမှာ အမှန်ပါပဲ။

 

၅။ချစ်စရာကောင်းတဲ့ သွင်ပြင်မျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်ကို ညွှန်းရမှာပါပဲ။ ကိုယ်သွားမယ့်နေရာက အေးစိမ့်ပြီး ဒီဖက်ရှင်နဲ့ကွက်တိကျနေဖို့ပဲ လိုပါတယ်။

 

၆။ဒီစတိုင်လ်လေးကလည်း မိန်းကလေးဆန်ဆန်နဲ့ အားလုံးရဲ့ အာရုံကိုဖမ်းစားနိုင်မယ့် စတိုင်လ်လေးပါပဲ။ ခေါင်းစွပ်ကို သေချာရွေးပါ။ အ၀တ်အစားတွေအားလုံးက တစ်ရောင်စီ၊ ဖိနပ်ကတစ်ရောင်၊ ဦးထုပ်ကတစ်ရောင်ဖြစ်မနေဖို့တော့ သင်သတိပြုရပါလိမ့်မယ်။

 

၇။Long coat တွေ စိတ်ဝင်စားတဲ့ပျိုမေတွေအတွက် ခုနောက်ပိုင်း လွယ်လွယ်ကူကူ ကောက်ဝတ်ပြီး အပြင်ထွက်နိုင်မယ့် ဒီဇိုင်းသစ်ပါ။ ဒီဖက်ရှင်အတွက် ဘောင်းဘီကို အသားကပ်မဟုတ်တောင် skinny jean လောက်တော့ ရွေးကိုရွေးရမှာပါ။

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *