Eminem ရဲ့ Rap God MTV ထွက်ရှိ

2013.11.22-eminem-rap-god.jpg
Shares 0

 

The  Marshall Mathers LP 2အတွက် ထုတ်ထားတဲ့ နောက်ဆုံးထွက် Single Rap God MTV ထွက်ရှိလာပါတယ်။ ၆မိနစ်စာ MTV ဟာ ၀ုန်းကနဲ ဒိုင်းကနဲ ပစ်လွတ်လိုက်တဲ့ ရိုလာကိုစတာလို သံတူကြောင်းကွဲ စကားလုံးတွေနဲ့ အထင်ကြီးလောက်တဲ့ ဗီဒီယိုအဖြတ်တွေကို တွေ့ရမှာပါ။ Rap Godလို့ အဆင့်မြင့်မြင့် ကြွေးကြော်ထားတဲ့ အတိုင်းပေါ့။ အပျိုးပိုင်းအပြီးမှာတော့ Eminemဟာ Keanu Revesကို The Matrix အလား သရုပ်ဆောင်စေခဲ့ပါတယ်။ သူ့ရဲ့ စာကြည့်တိုက်၊ ဂီတ၊ ရုပ်ရှင်နဲ့ တီဗွီကို ကွန်ပျူတာကင်မရာတွေနဲ့ scan ဖတ်တဲ့ပုံပေါ့။

ဒီရပ်ပ်ပါဟာ လူသားထက်အစွမ်းထက်တယ်လို့ ပြောချင်တာပါ။ ကမ္ဘာ့အပြင်ဘက်မှာ သိပ်မိုက်တဲ့ ကာရန်တွေ ချရေးဖို့ အကူအညီရယူလိုက်တာပေါ့။ ၂၀၀၂ခုနှစ်တုန်းက 8 Mileလို ရိုက်ချက်မိတဲ့ ဇာတ်ကွက်လိုပါပဲ။

“ဘုရားဖြစ်နိုင်ရဲ့သားနဲ့ ဘာလို့ဘုရင်လုပ်ရမှာလဲ။” လို့ Eminemကမေးခဲ့တယ်။ သင်ရော Rap Godနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးမြင် ပါသလဲ။

Ref:thehollywoodgossip

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *