ဘ၀ကြီးရဲ့ နိယာမများ

happy-life-300x300.jpg
Shares 0

        နေ့စဉ်ရှင်သန်ရာဘ၀မှာ လိုအပ်တဲ့အကြံဥာဏ်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။ သိပြီးသားတွေဖြစ်ပေမယ့်လဲ အရေးမပါဘူးထင်မိတာမျိုး၊ သတိမထားလိုက်မိတာမျိုး ရှိနိုင်ပါတယ်။ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀တစ်ခုပိုင်ဆိုင်နိုင်ဖို့ ဒီအချက်လေးတွေ သိထား သင့်ပါတယ်။

(၁)    ဒီနေ့အတွက်ပြဿနာဟာ နောက်နေ့အတွက်အရေးမကြီးပါ ။

        မှန်ပါတယ်။ ဒီတော့ပြဿနာတစ်ခုကြုံမိတဲ့အခါ ဖြေရှင်းမရဘူးလား။ အိပ်လိုက်ပါ။ နောက်တစ်နေ့ရဲ့နေရောင်ခြည်နွေးနွေးကို ခံစားရတဲ့အခါ ထလာလိုက်ပါ။ တစ်ချို့ပြဿနာတွေကို စိတ်ချလက်ချလစ်လျူရှုလိုက်ပါ။ အံ့သြစရာကောင်းအောင် သူ့အလိုလိုပြေလည်သွားတာကို တွေ့ရပါလိမ့်မယ်။

(၂)    တခြားသူတွေအသည်းအသန်ကြိုးစားနေကြတယ် ။ မင်းလည်းကြိုးစားနိုင်ပါတယ်။

        ကျွမ်းကျင်ရာတစ်ခုကိုပြပါ။ ဆရာယောင် သမားယောင် ပဲဖြစ်ဖြစ်ပေါ့။ ကိုယ်ကျွမ်းကျင်ရာကိုသာ ပိုင်နိုင်ပါစေ အလုပ်လက်မဲ့ တစ်ယောက်ဖြစ်နေဦးတော့ ဘာကြောင့် မအောင်မြင်သူမဖြစ်နိုင်ရမလဲ။ အတုအပပြုလုပ်တာ ကျွမ်းကျင်သူဆိုလဲ ဆက်ပြီးတုပပါ။ ပေါ်ပြူလာမဖြစ်တဲ့ အလုပ်အကိုင်မျိုး ဥပမာ-ဗိန္နောဆရာ လိုမျိုးဆိုလဲ ကိုယ်ကျွမ်းကျင်ရာကိုသာ ပရော်ဖက်ရှင်နယ်ဖြစ်အောင် ကြိုးစားပါ။

(၃)    မင်းအကြောင်းကိုမင်းသိတာလောက် ဘယ်သူမှမသိနိုင်ပါဘူး။

တကယ်ပါ ။ သူတို့မသိနိုင်ပါဘူ။ နမူနာပြောပြမယ်နော်။ ငါအခုမင်းအကြောင်းကို မတွေးနေပေမယ့် မင်းကတော့ ကိုယ့်အကြာင်းကိုယ် တွေးနေမှာပဲလေ။

(၄)    မင်းကိုရှောင်ဖယ်သွားကြပြီလား ။ ဒါအရေးမကြီးပါဘူး ။

တစ်ခုတော့ရှိတာပေါ့။ မင်းကိုအားလုံးက အချိန်တိုင်းမှာ လက်ခံနိုင်ကြတော့ဘူး ဆိုရင်တော့ ဒါမင်းအမှားဖြစ်သွားပါပြီ။ ဒီအချိန်ရောက်ရင်တော့ မင်းလူမိုက်ကြီးအဖြစ် ရပ်တည် နေတာကို ရပ်တန်းကရပ်သင့်ပါပြီ။

(၅)    စွဲလန်းတမ်းတခြင်းဟာ လူအ ၊ လူပိန်း တွေရဲ့ အလုပ်ပါ။

မဖြစ်နိုင်တော့တဲ့အရာ၊ ဖြစ်ပြီးသွားတဲ့အရာတွေကို စွဲလန်းနေတာမျိုး မဖြစ်ပါစေနဲ့။

(၆)    သူပြောနေတာတွေဟာ အမြဲတမ်းအမှန်တရား မဖြစ်နိုင်ပါဘူး။

အခြေအနေတစ်ခုအပေါ် မူတည်ပြီး လူတွေညာတတ်ကြတယ်။ ဥပမာ- ငယ်ငယ် တုန်းက ဘီယာ(၆)ခွက်သောက်ခဲ့တယ်ကွာ ဆိုရင် တကယ်တမ်းကတော့ ဒါ (၃)ခွက်ပဲ သောက်ထားတာ။ အခုအချိန်မှာတော့ ဘီယာ(၃)ခွက်သောက်ခဲ့တယ် ဆိုရင် သေချာပြီ ဒါဟာ (၆)ခွက်သောက်ထားတာပဲ။ ဒီလိုလိမ်ညာမှုမျိုးအတွက်တော့ အချစ်အခင် မပျက်ကြပါဘူး။

(၇)    ဘ၀နဲ့ပတ်သက်တဲ့ အတွေးအမြင်ခံယူချက်တွေ မတိုးတက်ဘူးဆိုရင် ဘ၀က ပိုမကောင်းလာနိုင်ဘူး ။

လွန်ခဲ့တဲ့နှစ်ကာလတွေက စိတ်ကူးထားတဲ့အရာတွေ၊ ခံယူချက်တွေအတိုင်းရှေ့ ဆက်ချီတက်နေမယ်ဆိုရင်တော့ ပြောင်းလဲမှုဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။

(၈)    မင်းရဲ့မိသားစုက ပထမဖြစ်လာလိမ့်မယ်။ ဒါပေမယ့် အရာအားလုံးကို မိသားစုအတွက်ပဲလို့ ရှေ့တန်းတင် မဆုံးဖြတ်ပါနဲ့ ။

ဥပမာ-မင်းသူငယ်ချင်းတွေနဲ့အပြင်ထွက်လည်ချင်တဲ့အခါ မင်းရဲ့အမျိုးသားကို ညစာ အတွက် ကိုယ့်ဘာသာ ပြင်ဆင်ဖို့ခွင့်တောင်းရပါမယ်။ အမျိုးသားတွေအတွက် ကတော့ အဲဒါမလိုအပ်ပေမယ့် သင့်တင့်လျောက်ပတ်အောင် ပြောပြနိုင်ရပါမယ်။

(၉)    မင်းအမြဲတမ်းမမှန်နိုင်တဲ့အတွက် မှားတဲ့အခါရှိနိုင်ပါတယ် ။

လူတိုင်းဟာ အမှားနဲ့ မကင်းနိုင်ပါဘူး။ မှန်မယ်ထင်လို့ ဆုံးဖြတ် လုပ်ဆောင် လိုက်ပေမယ့် မှားတဲ့အခါမျိုးတွေ ကြုံလာရင် အဲ့ဒီအမှားကို အတုယူပြီး နောက်တစ်ကြိမ် မမှားအောင်ပြင်လိုက်ပါ။

ကိုယ်မှားတယ်ဆိုတာကို လက်ခံပါ။ ဘယ်တော့မှ အစွန်းနှစ်ဖက်မှာမနေပါနဲ့ ။

Ref: get a grip

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *