နိုင်ငံတကာနဲ့ လက်တွဲဖို့ မြန်မာတွေ စနစ်ကျပြီး စည်းကမ်းရှိမှဖြစ်မယ်လို့ ဆိုလိုက်တဲ့ ဒါရိုက်တာဝိုင်း

1238364_10151688075722712_530514830_n.jpg
Shares 0

ADMA Media က စီစဉ်ရိုက်ကူးကာ ထိုင်းမင်းသား၊ မင်းသမီးတွေနဲ့အတူ မြန်မာနိုင်ငံက ဒိတ်ဒိတ်ကြဲ အဆိုတော်မင်းသား စိုင်းစိုင်းခမ်းလှိုင်အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌ ၊ သရုပ်ဆောင်၊ ဒါရိုက်တာလူမင်းတို့ ပုံဖော်ရိုက်ကူးကြမယ့် ဇာတ်ကားကြီးနဲ့ပတ်သတ်လို့ ဒါရိုက်တာဝိုင်းက နိုင်ငံတကာ အဆင့်အတန်းမှီအောင် ရိုက်ကူးဖို့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ် ‘တစ်ခုပဲ စိုးရိမ်တယ်။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံခြားက မင်းသား၊ မင်းသမီးတွေလာရိုက်ပြီပေါ့။ အဲဒီအချိန်မှာ  ဒီရှေ့မှာ အစ်ကိုတို့BIG PROJECTတွေနဲ့ ရိုက်ဖူးတယ်။ နိုင်ငံတော်ကကြီးမှုးတဲ့ သူ့ကျွန်မခံပြီတို့၊ ကျန်စစ်မင်းတို့ဒါပေမဲ့ လူရယ်စရာကြီးတွေဖြစ်နေတယ်။ သူများနိုင်ငံမှာ သွားပြရင် လူကရုံထဲမှာ  ၁ ယောက်၊ ၂ ယောက်ပဲရှိတယ်။ အဲလိုဟာမျိုးဖြစ်နေရင် နည်းနည်း ရှက်ဖို့ ကောင်းတယ်။ ပြီးတဲ့အခါကျရင် ဗမာတွေရဲ့စည်းကမ်းပေါ့။ အဲဒါကို အစ်ကိုစိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ ဥပမာ သူ့ကျွန်မခံပြီပဲရိုက်ရိုက် ဘာကားပဲရိုက်ရိုက် သူတို့ဆီက လူတွေက Lighting ကို နေ့တစ်ဝက်လောက်ထိချိန်တယ်။ အစ်ကိုတို့ဆီကလူတွေက ဒါကို အချိန်မပေးနိုင်ဘူး။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ အဲဒီလူတွေကို တခြားနေရာကို အကြောင်းတစ်ခုခုနဲ့လွှတ်ပြီး ကိုယ့်လူတွေနဲ့ မြန်မြန်ပြီးအောင်ရိုက်တယ်။  အဲလိုမျိုးက မဖြစ်သင့်တော့ဘူး ။ ရိုက်မယ်ဆိုလဲ သေချာစနစ်တကျနဲ့ရိုက်၊ စနစ်တကျလုပ်ပါ။ စေတနာနဲ့ အကြံပေးတာနော်။ အားလုံးက စနစ်တကျဖြစ်မှသာလျှင် အစ်ကိုတို့မြန်မာဆိုတာ ကမ္ဘာအလယ်မှာ အဆင်ပြေတော့မယ်။ ဗမာ့နည်း၊ ဗမာ့ဟန်တွေကို မေ့လိုက်ပါတော့။ အစ်ကိုတို့က အစ်ကိုတို့တိုင်းပြည်တစ်ခုတည်းမှာ နေလို့ရတဲ့ အခြေအနေမဟုတ်တော့ဘူး။ အစ်ကိုတို့အပြင်ကိုထွက်ချင်တယ်။ အပြင်က လူတွေနဲ့လက်တွဲပြီး ပခုံးခြင်းယှဉ် အလုပ်လုပ်ချင်တယ်ဆိုရင် စနစ်ကျမှုနဲ့စည်းကမ်းရှိမှုက အစ်ကိုတို့အတွက် ကျိန်းသေလိုအပ်နေပြီ။’လို့ ဝေဖန်အကြံပြုသွားပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *