ဝေဖန်သံတွေအတွက် ဘာမှကြိုစဉ်းစားမထားသေးဘူးလို့ဆိုတဲ့ လူမင်း

311920_110688959045216_788654033_n.jpg
Shares 0

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ နီးလာတာနဲ့အမျှ ပရိသတ်တွေထဲမှာရော၊ အနုပညာလောကထဲမှာပါ ဘယ်သူတွေရမယ်၊ ဘာတွေအပြောင်းအလဲရှိမယ်ဆိုပြီး အသံလေးတွေစကြားနေရပါပြီ။ အရင်နှစ် ဆုပေးပွဲနဲ့ ဒီနှစ်ပွဲ ဘာတွေကွာခြားမလဲဆိုတာနဲ့ ပတ်သက်ပြီး လူမင်းကတော့ ‘ဒီနှစ် အကယ်ဒမီကတော့ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြီးကျင်းပမဲ့ အကယ်ဒမီပွဲပါပဲ။ ဒါပေမဲ့  ကိုယ်တို့အနေနဲ့က ရှေ့နှစ်က ကိုယ်တို့ ရုပ်ရှင်အစည်းအရုံးက ဦးစီးပြီး ကျင်းပတဲ့ အကယ်ဒမီပွဲဆိုတော့ ကိုယ်တို့ ရုပ်ရှင် လောကသားတွေအနေနဲ့လဲ အစအဆုံးအတွေ့အကြုံတွေကို သင်ခန်းစာယူရမှာဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲပြီးတဲ့အခါမှာ နှစ်တိုင်းရုပ်ရှင်လောကသားတွေ စောင့်ကြည့်ဝေဖန်တာကတော့ နှစ်တိုင်းလိုလိုဖြစ်နေတဲ့အတွက် ဒီနှစ်လဲ အဲဒီလိုပါပဲ။ ကိုယ်တို့ရုပ်ရှင်လောကရဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေ ရာခိုင်နှုန်းတော်တော်များများ စီစစ်အကဲဖြတ်ပေးနေပါတယ်။ ဒီနှစ်က ကိုယ့်လက်ထက်ဆိုတော့ ဖြေရှင်းပေးရမှာတော့ ကိုယ့်တာဝန်ပေါ့နော်။ ဒါပေမဲ့ အကယ်ဒမီပေးပွဲမှ မဟုတ်ပါဘူး။ ပြိုင်ပွဲတစ်ခုပဲဖြစ်ဖြစ် ဝေဖန်သံကတော့ ရှိမှာပဲ။ ကိုယ်တို့က အနုပညာလောက ဖြစ်တဲ့အတွက် ပိုပြီးတော့ ကျယ်လောင်တယ်လို့ပြောရမလားပဲ။ အခုခေတ်က လွတ်လွတ်လပ်လပ် ဝေဖန်လို့ရတဲ့ ခေတ်ဆိုတော့ ဘယ်လိုအသံတွေ ကြားရမလဲဆိုတာတော့ ဝေဖန်သံတွေကို ဖြေရှင်းဖို့အတွက် ကိုယ်ကြိုပြီး စဉ်းစားမထားရသေးဘူး။’လို့ ပြောပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *