ရိုးရိုးခါးပတ်တွေထက် ဆွဲဆောင်မှုပိုရှိတဲ့ ကြိုးသိုင်းခါးပတ်

tumblr_m60srs5fvk1qfsmmxo1_500.jpg
Shares 0

ကြိုးသိုင်းခါးပတ်တွေကိုတွဲဖက်အဆင်အယင်အဖြစ်နဲ့  ဟိုးအရင်ခေတ်ကတည်းကဝတ်ဆင်လာခဲ့ကြပါတယ်။ ဘောင်းဘီတွေလျှောမကျစေဖို့ နဲ့  ရှပ်အင်္ကျီတွေကိုပုံကျကျဝတ်ဆင်နိုင်ဖို့ အတွက် ကြိုးသိုင်းခါးပတ်တွေကို တီထွင်ခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ ခါးပတ်တွေက ကြိုးသိုင်းခါးပတ်နေရာကို အစားထိုးဝင်ရောက်လာလို့  ကြိုးသိုင်းခါးပတ်ခေတ်က ကုန်ဆုံးခဲ့ရပါတယ်။ အခုခေတ်မှာတော့ ကြိုးသိုင်းခါးပတ်တွေကို ဖက်ရှင်အဖြစ် ပြန်လည်တွဲဖက် ဝတ်ဆင်လာကြပါပြီ။ ဒါပေမယ့်လည်း ယောက်ျားလေးတော်တော်များများကတော့ ဒီလိုဖက်ရှင်ကို ဝတ်ဆင်လေ့မရှိပါဘူး။ များများဝတ်ဆင်သင့်ပါတယ်။ ဒီလိုဖက်ရှင်ပုံစံကိုဝတ်ထားရင် ခေတ်ဆန်ကြော့မော့နေသလိုရှိပြီး တေးဂီတအဖွဲ့ ဆန်ဆန် ခံစားချက်မျိုးကိုလည်း ပေးစွမ်းနိုင်ပါတယ်။

ဘောင်းဘီတိုင်းလိုလိုမှာတော့ ခါးပတ်ပတ်ဖို့ ခါးပတ်ပတ်လမ်းပါရှိနေတတ်ပါတယ်။ ဒါကြောင့်မို့ လို့  ကြိုးသိုင်းခါးပတ်တွေကိုဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်တော့မယ်ဆိုရင် ရိုးရိုးခါးပတ်ကို လုံးဝမဝတ်ဆင်ထားပါနဲ့ ။ အင်္ကျီအဖြူ၊ ဘောင်းဘီအမည်းရောင်နဲ့ တွဲဖက်ဝတ်ဆင်ဖို့ ဆိုရင်တော့ နီရဲတောက်နေတဲ့ ကြိုးသိုင်းခါးပတ်က အလိုက်ဖက်ဆုံးဖြစ်မှာပါ။ကိုယ်ဝတ်ထားတဲ့ ဘောင်းဘီအရောင်နဲ့ လိုက်ဖက်အောင်ဝတ်ဆင်နိုင်ရင်တော့ ဘယ်လိုပွဲမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာမျိုးပဲဖြစ်ဖြစ် ဖက်ရှင်ကျကျနဲ့ လူအများငေးမောအောင် ဖမ်းစားနိုင်တဲ့ ဖက်ရှင်စတိုင်လ်မျိုးပဲဖြစ်နေမှာပါ။

Ref: mensxp

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *