Angelababy နဲ့ Date လုပ်နေသလား G-Dragon

gdragon_billboard_01.jpg
Shares 0

          Internet အသုံးပြုသူတွေဟာ G-Dragon နဲ့ Angelababy တို့ တကယ်ပဲ ချိန်းတွေ့နေကြသလား ဆိုတာ သိချင်ကြပါတယ်။ ကိုရီးယားရဲ့ နာမည်အကြီးဆုံး ခေါင်းစဉ်တစ်ခုဖြစ်တဲ့ MAMAs နဲ့အပြိုင် ရေပန်းစားနေတဲ့ သတင်းကတော့ တရုတ်ထိပ်တန်း မော်ဒယ် Angelababy ဟာ Big Bang’s ရဲ့ G-Dragonနဲ့ ချိန်းတွေ့နေသလားဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

          Angelababyဟာ ဘယ်သူပါလဲ ဆိုရင်တော့ တရုတ်လူမျိုး မော်ဒယ်၊ သရုပ်ဆောင် နဲ့ အဆိုတော် စွယ်စုံရသူတစ်ဦးပဲ ဖြစ်ပါတယ်။ သြဂုတ်လထုတ် Harper’s BAZAAR တရုတ်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင် ဖြစ်ပါတယ်။ မျက်နှာဖုံးမှာတော့ သူမဟာ ပန်းရောင်ရေကူးဝတ်စုံနဲ့ သူမရဲ့ ပြည့်စုံလှပတဲ့ ခန္ဓာကိုယ်ကို ဖော်ပြထားပါတယ်။ lolipop နဲ့ pose ပေးထားတဲ့ သူမဟာ ချစ်စရာကောင်းသလို ဆွဲဆောင်မှုလည်း အပြည့်ရှိပါတယ်။ တရုတ်ပြည်မှာလည်း သူမဟာ ထိပ်တန်းစာရင်းဝင် မော်ဒယ်တစ်ဦးဖြစ်ပါတယ်။

          Angelababy နဲ့ G-Dragon တို့ရဲ့ နှစ်ဦးကြား အပြင်ပန်းဆက်ဆံရေးဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေ လို့ပဲ အားလုံးကသိထားကြပါတယ်။ ဒါပေမယ့်လည်း MAMA အတွက် G-Dragon ဟောင်ကောင်ကို ရောက်ရှိခဲ့ချိန်မှာတော့ ပရိသတ်အများအပြားဟာ ဒီအချက်ကို စတင် သံသယ၀င်လာကြပါတယ်။  MAMA သတင်းပွဲမှာ G-Dragon ဟာ သူ့ရဲ့စတိုင်အတိုင်း ၀တ်စားဆင်ယင်လာပြီး သူဟာ Angelababy နဲ့ ချိန်းတွေ့ခြင်းမရှိခဲ့ပါဘူးလို့လည်း ပြောခဲ့ပါတယ်။

          အဲဒီလိုပြောခဲ့ပေမယ့်လည်း G-Dragon ရဲ့ များစွာသော fans တွေဟာ ဒီအချက်ကို သံသယရှိနေဆဲ ဖြစ်ပြီး ပရိတ်သတ်တွေဟာ “G-Dragonရေ။ ဒါဆို မင်းက သူမကိုသွားတွေ့ရုံသက်သက်လား။ ဒါမှမဟုတ် ဘာလဲ?” ။ ပြီးတော့လည်း “မင်းဟာ အတော်လေးတော့ ဟိုးလေးတကျော်ဖြစ်ခဲ့တယ်နော် GD” လို့ messages လေးတွေနဲ့ တုံ့ပြန်သံတွေ ပေးခဲ့ကြပါတယ်တဲ့။

Ref:kpopstarz

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *