ရုံးသွား/ကျောင်းသွား ပေါ့ပေါ့ပါးပါးမိတ်ကပ်လိမ်းချယ်နည်း အဆင့်ဆင့်

tumblr_lp1nhgz2bx1qbfxrwo1_500_large_large.png
Shares 0

          မိန်းကလေးအများစုအတွက် မိတ်ကပ်လိမ်းချယ်ခြင်းဆိုတာ နေ့စဉ်ကြုံတွေ့နေရတဲ့ မလုပ်မဖြစ်အရာတစ်ခုပါ။ ဒီတော့ မှန်ကန်တဲ့မိတ်ကပ်လိမ်းချယ်နည်းသိဖို့ဆိုတာ အရေးကြီး တဲ့ကဏ္ဍက ပါနေပါတယ်။

(၁)     မျက်နှာကို ကိုယ်အမြဲသုံးနေကျ မျက်နှာသစ်ဆေးနဲ့အရင်သစ်ပါ။ အစက်အပြောက် တွေကိုသိသာစေပြီး မျက်နှာကိုအရမ်းခြောက်သွေ့သွားစေမယ့် မျက်နှာသစ်ဆေးမျိုး မသုံးသင့်ပါဘူး။ အဆီပြန်ခြင်းလဲမရှိ ၊ ခြောက်သွေ့ခြင်းလဲမရှိဘဲ ပိုးသားလို ချောမွတ် သွားတဲ့ခံစားမှုမျိုးပေးနိုင်တဲ့ မျက်နှာသစ်ဆေးမျိုးသုံးသင့်ပါတယ်။

(၂)     ဆနရှိတယ်ဆိုရင် မျက်နှာသစ်ပြီးနောက် တိုနာသုံးပေးပါ။ တကယ်လို့တိုနာမရှိဘူး ဆိုရင် ဆန်နဲ့ရေကိုရောပြီးခွက်တစ်ခုထဲထည့်ပါ။ နောက်ခွက်တစ်ခုထဲကိုရေချည်းပဲ စစ်ထုတ်လိုက်ပါ။ စစ်ထုတ်ထားတဲ့ရေကို အေးနေအောင်ထားပါ။ ဒီရေကို တစ်ပတ်လောက်သုံးလို့ရတဲ့အတွက် အများကြီးလုပ်ထားစရာမလိုပါဘူး။

(၃)     တိုနာသုံးပြီးရင်တော့ အစိုဓါတ်ထိန်းကရင်မ် (moisturizer) အနည်းငယ် ပြန်လိမ်းပေးပါ။ တကယ်လို့အများကြီးလိမ်းမိရင် မျက်နှာအဆီပြန်သလိုဖြစ်နေပြီး ကောင်းမွန်တဲ့ အစိုဓါတ်ကို မခံစားရနိုင်ပါဘူး။

(၄)     မျက်နှာပြင်ပေါ်ကို အောက်ခံမိတ်ကပ် ညီညီညာညာလိမ်းပါ။ ကိုယ့်အသားအရေထက် တစ်ဆင့် လင်းတဲ့အရောင်ကိုရွေးချယ်ပါ။ အသားအရောင်နဲ့အနီးစပ်ဆုံးရအောင် ယူပါ။ လည်ပင်း၊ မေးရိုးတစ်လျှောက်နဲ့ မေးရိုးအောက်ဘက်တွေကိုပါ လိမ်းပါ။ ပြီးပြည့်စုံတဲ့အထိ သေချာလိမ်းချယ်ပါ။ တကယ်လို့သင့်အသားရေက အဖုအပိန့် ၊ အစက်အပြောက်တွေ မရှိနေဘူးဆိုရင် အရောင်ခပ်ဖျော့ဖျော့ပါဝင်တဲ့ moisturizer ကိုသုံးလဲရပါတယ်။ တကယ်လို့ အရောင်ခပ်ဖျော့ဖျော့ moisturizer ကိုပဲသုံးလေ့ရှိသူဆိုရင် နံပါတ်(၃) အဆင့်ကို ကျော်လိုက်လို့ ရပါတယ်။

(၅)     မျက်ကွင်းညိုနေတာတွေကို ဖုန်းကွယ်ဖို့ အရောင်အနည်းငယ်ပိုလင်းတဲ့ မိတ်ကပ်ကို မျက်လုံးအောက်ဘက်တစ်ဝိုက်မှာ လိမ်းပေးပါ။ မျက်ကွင်းညိုနေတာဟာ ဆွဲဆောင်မှု မရှိတဲ့ပုံစံဖြစ်စေပါတယ်။ ဒီအဆင့်က အရေးကြီးပါတယ်။

(၆)     ဒါတွေပြီးရင်တော့ ပေါင်ဒါလိမ်းပါ။ ပေါင်ဒါဟာ အောက်ခံမိတ်ကပ်ထက် အရောင် ပိုလင်းရပါမယ်။ ပေါင်ဒါလိမ်းခြင်းဟာ မိတ်ကပ်ကိုတာရှည်ခံစေပြီး အသားအရေ အဆီပြန်ခြင်းကို လျှော့ချပေးပါတယ်။ ပွဲနေပွဲထိုင် စင်ပေါ်တက်စရာမရှိရင်တော့ (pancake) မိတ်ကပ်ချယ်နည်းလို့ခေါ်တဲ့ အထူကြီးလိမ်းခြင်းမျိုးကိုရှောင်ကျဉ်ပါ။ ဒီလိုလိမ်းခြင်းဟာ ၀က်ခြံထွက်စေပါတယ်။

(၇)     အကြိုက်ဆုံး eye shadow အရောင် (၃)ရောင်ကိုရွေးချယ်ပါ။ သင့်ရဲ့ အသားအရေ၊ ဆံပင်အရောင်တွေနဲ့ လိုက်ဖက်မှုရှိအောင်လဲ သတိပြုပါ။ အရင့်ဆုံးအရောင်ကို မျက်ခွံအတွင်းပိုင်းကိုအရင်ချယ်ပါ။ ပိုဖျော့တဲ့အရောင်ကို မျက်လုံးအပြင်ဘက်ကို ချယ်ပါ။ အရောင်အရင့်ကနေ အနုဘက်ကိုချယ်ပါ။

(၈)     ပြီးရင်တော့ အိုင်းလိုင်နာဆွဲလို့ရပါပြီ။ မျက်တောင်အပေါ်ဘက်နဲ့ အောက်ဘက် တွေကို လိုင်းခပ်သေးသေးဆွဲပါ။ အောက်ဘက်ကိုဆွဲတဲ့အခါမှာ အပြင်ဘက်ကနေ အတွင်းဘက်ကိုဆွဲပြီး တစ်ဝက်သာချယ်ပါ။ အသုံးများတဲ့အိုင်းလိုင်နာနှစ်မျိုးကတော့ ခဲတံနဲ့ အရည်ပါပဲ။ ရုံးသွား ကျောင်းသွားဖို့အတွက်ဆိုရင်တော့ ခဲတံကိုသာ ရွေးချယ်ပါ။

(၉)     မျက်တောင်ကော့ဆေးချယ်တဲ့အဆင့်ရောက်ပါပြီ။ သိပ်ပြီးထင်းလင်းမနေစေဖို့အတွက် မျက်တောင်ကော့ဆေး အနက်ရောင်ကိုရှောင်ပြီး အရောင်ဖျော့တဲ့ဟာကို ရွေးချယ်ပါ။ အရောင်ဖျော့ဖျော့တွေက သဘာဝဆန်တဲ့အသွင်ကိုရစေပြီး တစ်ချက်နှစ်ချက်လောက် ဆွဲလိုက်ရင်ရပါပြီ။

(၁၀)    ပြီးပြည့်စုံတဲ့ မိတ်ကပ်အပြင်အဆင်ကို နှုတ်ခမ်းနီနဲ့ အနားသတ်ပေးပါ။ lipgloss သုံးတော့မယ်ဆိုရင် နှုတ်ခမ်းထက်ပိုသွားအောင် မဆိုးပါနဲ့။ နှုတ်ခမ်းပို ကြီးသွားတယ်လို့ထင်ရပါတယ်။ ရုပ်ရှင်ဆန်တဲ့အရောင်တွေလဲမရွေးချယ်ပါနဲ့။ သဘာဝဆန်တဲ့အရောင် ၊ ကိုယ့်နှုတ်ခမ်းနဲ့ အနီးဆုံးအရောင်ကိုသာ ရွေးချယ်ပါ။

(၁၁)    နောက်ဆုံးအနေနဲ့ မိတ်ကပ်နဲ့ပတ်သက်ပြီး အကြံပေးချက်တွေ ၊ ရှောင်ရန် ဆောင်ရန်တွေကို လေ့လာပါ။

မိတ်ကပ်အသုံးပြုရတာ အဆင်ပြေပြီး ပျော်ရွှင်မှုရနိုင်ပါစေလို့ မျှော်လင့်ပါတယ်။

Ref:wikohow

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *