ပေါ့ပ် R&B နှစ်ခြိုက်သူတွေအတွက် သိန်းလင်းစိုးရဲ့ T-Virus

1477757_265990280214998_423600253_n.jpg
Shares 0

T -Virus ဆိုတဲ့ အခွေအတွက် အချိန်၎ နှစ်လောက်ပေးပြီး ပြင်ဆင်ခဲ့ရတဲ့ သိန်းလင်းစိုးရဲ့ တေးစီးရီးမိတ်ဆက်ပွဲအခမ်းအနားကို ၂၅.၁၁.၂၀၁၃ ရက်နေ့က စီးတီးစတားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခွေလေးထဲမှာ သီချင်းစုစုပေါင်း ၁၆ ပုဒ်ပါဝင်တယ်လို့ သိရပြီး သီချင်းဟောင်းကတော့ နှစ်ပုဒ်ပါဝင်နေပါတယ်တယ်တဲ့။ ‘တစ်ပုဒ်က ပျော်စရာကြီးအခွေမှာပါခဲ့တဲ့ မင်းနဲ့အတူဆိုတဲ့သီချင်း၊ အဲဒီသီချင်းကို တီးလုံးအသစ်တွေနဲ့ကျွန်တော်ပြန်လုပ်ထားတယ်။ နောက်တစ်ပုဒ်က Bo Bo Entertainment ထဲက အိမ်မက်ထဲက ကောင်မလေးဆိုတဲ့ သီချင်း၊ အဲ့ဒီသီချင်းကို သူ့အတိုင်းပဲ ပြန်လုပ်ထားတယ်။ ကျန်တာကတော့ သီချင်းအသစ်တွေကြီးပါပဲ။ ပါဝင်တဲ့ အမျိုးအစားတွေက ပေါ့ပ်ပါတယ်။ R&Bပါတယ်။ နဲနဲလေး hot တဲ့ သီချင်းပုံစံလေး တွေပါတယ်။ ဒီအခွေနဲ့ပတ်သတ်ပြီး ငွေအင်အား၊ စိတ်အင်အားနဲ့ အချိန်တွေ အကုန်လုံးပေးပြီး လုပ်ထားတဲ့အတွက် ကျွန်တော်ကြိုးစားတာနဲ့တန်အောင် ပရိသတ်လက်ထဲတော့ ရောက်ချင်ပါတယ်။’လို့ သူက ပြောပါတယ်။

ခေါင်းစဉ်နဲ့ပတ်သတ်ပြီး သူဖြေရှင်းနေရတဲ့ ပြဿနာအကြောင်းကိုလည်း ‘ခေါင်းစဉ်ရဲ့အဓိက ကT ကသိန်းလင်းစိုး၊ Virus ဆိုတာက Walking Dead ဆိုတဲ့စီးရီးကို ကြိုက်လို့တစ်နိုင်ငံလုံးကို ပျံ့နှံ့စေချင်တဲ့စိတ်နဲ့ ဒီခေါင်းစဉ်လေးကို ပေးဖြစ်တာပါ။’ လို့ သူက ရှင်းပြပါတယ်။

အခွေအတွက် တီးပေးထားတဲ့သူတွေကတော့ ကိုမျိုးကျော်(Hi-Bird) ၊ ကိုကျော်ကျော်ထွန်း(Hi -Bird) ချမ်းအေးဝင်း(Firework Production)၊ G 3 က သားသား၊ ဇေထူးအောင်၊ အငယ်ထဲကဆိုရင် ရှိုင်းလေး(C5) က တီးပေးထားတယ်လို့သိရပြီး ပါဝင်တဲ့ Featuring တွေကတော့ ရဲလေး၊ ဂျေမီ၊ စိုးကြီး၊ MHL ၊ကွတ်တီ၊ အငဲ၊ ၊ASH၊ X Box ၊ Lil Z တို့ဖြစ်ပါတယ်။

ဖြန့်ချိရေးအနေနဲ့ Bo Bo Entertainment ကနေ ၂၉ရက်နေ့မှာစဖြန့်မှာဖြစ်ပြီး Junction Square Promotion Area မှာ အခွေထဲက ပါဝင်တဲ့အနုပညာရှင်တွေရော၊ မပါဝင်တဲ့သူတွေကပါ သီချင်းတွေဆိုပြီး ဖျော်ဖြေပေးကြမယ်လို့ သိရပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *