စီးကရက် အခွန် တိုးမြှင့်ခြင်းက ဆေးလိပ်သောက်နှုန်း လျှော့ချပစ်ဖို့ အကောင်းဆုံးနည်းလမ်း

cigarettes_cash.jpg
Shares 0

 

စီးကရက် အခွန်ကို သိသိသာသာ တိုးမြှင့်ကောက်ခံဖို့အတွက် ကမ္ဘာ့နိုင်ငံတွေကို စီးကရက် ထိန်းချုပ်ရေး ကျွမ်းကျင်ပညာရှင်တွေက တိုက်တွန်းနေပါတယ်။ ဒီလို အခွန်တိုးမြှင့်ကောက်ခံခြင်းဟာ ၂၀၂၅ခုနှစ်မှာ  တကမ္ဘာလုံးအနေနဲ့ သုံးပုံတစ်ပုံ ဆေးလိပ်ပျံ့နှံ့မှုကို ပြတ်သွားအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ အကောင်းဆုံး နည်းလမ်းလဲဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စီးကရက် အခွန်ဟာ နည်းနေပြီး ဆေးလိပ်သောက်သုံးသူ အရေအတွက်ဟာ မြန်မြန်ဆန်ဆန် တိုးပွားနေတဲ့အတွက် ဆေးလိပ်အခွန်ဟာ ဆေးလိပ်တန်ဖိုးရဲ့ နှစ်ဆဖြစ်သင့်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

ဒီအဆိုကို ကနေဒါနိုင်ငံ၊ တော်ရွန်ထိုတက္ကသိုလ် ပြည်သူ့ကျန်းမာရေး ပါမောက္ခ ဒေါက်တာ Prabhat Jhaနဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ စာရင်းအင်းပညာရှင် တဖြစ်လဲ ကူးဆက်ရောဂါကာကွယ်ရေး ပါမောက္ခ Sir Richard Peto တို့နှစ်ယောက်က သုံးသပ်ရေးဆောင်းပါး တစ်ပုဒ်မှာ တင်ပြထားတာဖြစ်ပါတယ်။ အဲ့ဒီ့ဆောင်းပါးကို အပတ်စဉ်ထုတ် နယူးအင်္ဂလန် ဆေးဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဆေးလိပ်သောက်နှုန်းသာ လျော့မသွားဘူးဆိုရင် ဒီရာစုနှစ်အတွင်းမှာပဲ စီးကရက်နဲ့ဆက်စပ်တဲ့ ရောဂါကြောင့် သေဆုံးသူပေါင်း ၁သန်း ရှိလိမ့်မယ်လို့ အဲ့ဒီ့ ပါမောက္ခနှစ်ယောက်က ပြောပါတယ်။

Ref:ctvnews

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *