မာတာပွဲထွက်ခွင့်ရသင့်တာမှန်တယ်၊ ဒါပေမယ့် တစ်ပွဲမှာ (၁၂)ယောက်ကစားခွင့်မရနိုင်ဘူးလို့ ပြောလိုက်တဲ့ မော်ရင်ညို

news_a.jpg
Shares 0

စတန်းဖို့ဒ်ဘရစ်ခ်ျအခြေစိုက်ကလပ် ချဲလ်ဆီးဆီကို မော်ရင်ညိုရောက်မလာခင် (၂)နှစ်ဆက်တိုက်အသင်းရဲ့အ ကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား မာတာဟာ မော်ရင်ညိုရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ အသင်းပွဲထွက်စာရင်းထဲကနေ ပျောက်ချက်သားကောင်းနေခဲ့ပါတယ်။ ဒီလိုဖြစ်နေရခြင်းက မော်ရင်ညိုနဲ့ သူ့အကြားမှာ ရှိနေတဲ့ လူမှုရေးပြသနာများကြောင့်လို့ ခန့်မှန်းပြောဆိုလျက်ရှိကြသလို ဇန်န၀ါရီ ဈေးကွက်ပြန်ဖွင့်တဲ့အခါကျရင်လည်း စပိန်ပြန်တော့မယ်လို့ သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။ ဒါပေမယ့် မော်ရင်ညိုက ဒီသတင်းတွေကို ဖြေရှင်းတာလား၊ မာတာကိုပဲ ကျေနပ်အောင်ပြောတာလားမသိဘူး။ ဖြေရှင်း ချက်တွေပေးလာခဲ့ပါပြီ။

“ ဘောလုံးပွဲရဲ့ ဥပဒေတွေကို ကျွန်တော်ပြောင်းလို့မရဘူးလေ။ ပွဲတစ်ပွဲကို (၁၂)ယောက်နဲ့မှ ကစားလို့မရတာ။ မာတာက ပွဲထွက်ခွင့်ရသင့်ပါတယ်။ နောက်ပြီး ပွဲတစ်ပွဲအတွက် (၁၅)ဦးပဲရွေးချယ်ခွင့်ရှိတော့ ချန်ထားရတာမျိုး လည်းရှိနိုင်တာပေါ့။ ကစားသမားကောင်းတွေအများကြီးရှိနေချိန်မှာ ကြုံရလေ့ရှိတဲ့ ပြသနာကောင်းတစ်ခုလို့ပဲ ပြောရမှာပေါ့ဗျာ”ဆိုပြီး မာတာကို ချွေးသိပ်စကားပြောပေးခဲ့လေရဲ့။ ဆက်လက်ပြီး ဘေဆယ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါင်ဒဏ်ရာကြောင့် နောက်ဆုံး(၃)ပွဲကိုလွဲခဲ့တဲ့ ဖာနန်ဒိုတောရက်စ်ပါဝင်နိုင်မှာဖြစ်တယ် လို့လည်း စပါယ်ရှယ်ဝမ်းက အတည်ပြုပေးခဲ့ပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *