တော့တင်ဟမ်ကိုနိုင်ခဲ့သည့်ပွဲမှ ခြေစွမ်းထက်ပိုကောင်းအောင် ကစားရန်မဖြစ်နိုင်တော့ဟု ပယ်လီဂရီနီဝင့်ကြွား

news_a1.jpg
Shares 0

တော့တင်ဟမ်အသင်းအား (၆)ဂိုးပြတ်အနိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)မှ မိမိအသင်း၏ခြေစွမ်းများ မှာ ထက်မြက်လွန်းလှသဖြင့် ထို့ထက်ပိုကောင်းအောင် ကစားရန်ပင်မဖြစ်နိုင်တော့ပါဟု မန်စီးတီးနည်းပြမန်နူ ရယ်ပယ်လီဂရီနီက ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားလာခဲ့သည်။  ထိုပွဲတွင်မန်စီးတီးအတွက် စပိန်ကစားသမား များဖြစ်ကြသည့် ဂျီးဆက်နာဗက်စ်နှင့် နက်ဂရီဒိုတို့က (၂)ဂိုးစီသွင်းခဲ့ကြကာ အာဂျင်တီးနားတိုက်စစ်မှူးအဂွဲရိုး က တစ်ဂိုးစီသွင်းခဲ့ကြပြီး  တော့တင်ဟမ်ခံစစ်မှ ဆန်ဒရိုက ကိုယ့်ဂိုးကိုယ်တစ်ဂိုးပြန် သွင်းခဲ့သောကြောင့် (၆)ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် မန်စီးတီးအနေဖြင့် နောက်ဆုံးကစားခဲ့သည့် အိမ်ကွင်း(၆)ပွဲ၌ (၂၆)ဂိုးအထိပင် သွင်းထားနိုင်ခြင်းလည်း ဖြစ်သည်။

“ ဒီနေ့ကစားသွားခဲ့တဲ့ ကစားပုံထက်ပိုကောင်းအောင် ကစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ပထမပိုင်း (၁၅)မိနစ်လောက်မှာ  တော့တင်ဟမ်ဘောလုံးပိုင်ဆိုင်မှုများခဲ့ချိန်တော့မပါဘူးပေါ့ဗျာ။ အဲဒီနောက်ပိုင်းတော့ ပထမပိုင်းကို အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပြီး ဒုတိယပိုင်းကတော့ အရမ်းကောင်းလွန်းခဲ့တယ်။ အသင်းမှာ အဂွဲရိုးနဲ့ နက်ဂရီဒိုတို့လို တိုက်စစ်မှူးကောင်းတွေရှိတာ အားသာမှုတစ်ခုမှန်ပေမယ့်လည်း တစ်သင်းလုံးကြိုး စားမှုကြောင့်သာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်”ဟု မန်စီးတီးနည်းပြ မန်နူရယ်ပယ်လီဂရီနီက ပြောခဲ့သည်။ မန် စီးတီးမှာ ယခုနိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့် (၄)နေရာအထိ တက်လှမ်းလာနိုင်ခဲ့ကာ ဇယားထိပ်တွင် ဦးဆောင်နေသော အာဆင်နယ်နှင့် (၆)မှတ်သာ ကွာဟတော့သည်။ 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *