ဂျာမေကာတားမြစ်ဆေးဝါးတိုက်ဖျက်ရေးဘုတ်အဖွဲ့တစ်ခုလုံး အရှုပ်အထွေးများကြား၌ နုတ်ထွက်သွားခဲ့

news_d.jpg
Shares 0

ကမ္ဘာ့ပြေးခုန်ပစ်လောကအား တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည့် ဂျာမေကာပြေးခုန်ပစ်အားကစားသမားများ၏တားမြစ်ဆေးဝါးစစ်ဆေးခြင်း ပေါ့လျော့မှုအရှုပ်တော်ပုံများကြီးထွားလာချိန်တွင် ဂျာမေကာတားမြစ်ဆေးဝါးတိုက်ဖျက် ရေးဘုတ်အဖွဲ့တစ်ခုလုံး နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့နုတ်ထွက်သွားခဲ့ခြင်းကြောင့် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်မှစတင်ကာ ဂျာမေကာ ပြေးခုန်ပစ်အဖွဲ့ချုပ်တစ်ခုလုံး ဖျက်သိမ်းသွားတော့မည်ဖြစ်သည်။ ထို သို့သော ပြသနာများစတင်လာခဲ့ခြင်းမှာ တားမြစ်ဆေးဝါးတိုက်ဖျက်ရေးဘုတ်အဖွဲ့၏ အရာရှိဟောင်းတစ်ဦးဖြစ်သူရီနီအန်နီရှာလီက Sport Illustrated နှင့်တွေ့ဆုံခဲ့ရာတွင် ၄င်းတို့အနေဖြင့် ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီမှ လန်ဒန်အိုလံပစ်မစတင်ခင် ဇူလိုင်လအထိ ပြိုင်ပွဲအကြိုဆေးစစ်မှု တစ်ကြိမ်သာပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုဖြစ်ရပ်များကြောင့် ကမ္ဘာ့တားမြစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီမှ တာဝန်ရှိသူများက ဂျာမေကာနိုင်ငံ ဆီသို့ေ၇ာက်ရှိလာခဲ့ကြကာ တားမြစ်ဆေးစစ်ဆေးမှု အချက်အလက်အားလုံးကို စစ်ဆေးရန်အတွက် ပေးအပ်ရန်ညွှန်ကြားလာခဲ့ကြသည်။ထိုသို့သောဖြစ်ရပ်များအကြားတွင်ဂျာမေကာနာမည်ကျော်အပြေးသမားမျးဖြစ်ကြသော ဗာရိုနီကာကမ်းဘဲလ်ဘရောင်းနှင့် ရှာရွန်နီဆမ်ဆင်တို့မှာ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ချန်ပီယံရှစ်ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆေးကျကာ ပြိုင်ပွဲသို့ပါဝင်ယှဉ်ပြိုင်ခွင့်ငြင်းပယ်ခံခဲ့ရသဖြင့် ပြသနာများပိုမိုကြီးထွားလာခဲ့ရခြင်းဖြစ်သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *