၁၉၉၇ခုနှစ်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံရှစ်တွင် ကိုက်ဖြတ်ခဲ့သော အီဗန်ဒါဟိုလီဖီး၏ နားရွက်ကို မိုက်တန်ဆန် ပြန်ပေးလိုက်ပြီ

news_d.jpg
Shares 0

လက်ဝှေ့ဝါသနာရှင်ပရိသတ်တိုင်း ၁၉၉၇ခုနှစ်က မိုက်တန်ဆန်၏ ဟိုလီဖီးနားရွက်ကိုက်ခဲ့သည့်ဖြစ်ရပ်ကိုသိ ရှိကြမည်ထင်ပါသည်။ထိုသို့ဖြစ်ပွားခဲ့ပြီး(၁၆)နှစ်ကျော်အကြာတွင် မိုက်တိုင်ဆန်ကိုယ်တိုင်ဟိုလီဖီးအိမ်ရှေ့တံ ခါးကို လာခေါက်ကာ နားရွက်အပိုင်းအစလေးအား ပြန်ပေးခဲ့သည်ဆိုလျှင် ယုံနိုင်ကြပါမည်လား။ ထိုဖြစ်ရပ် မျိုးမှာ အမှန်တကယ်ပင် မြင်တွေ့ခဲ့ကြရပြီး မိုက်တိုင်ဆန်က ဟိုလီဖီးအား “ငါအရမ်းမှားသွားတယ်။ အီဗန် ဒါရာ။ ဒီမှာ မင်းနားရွက်။ မပုပ်အောင်လို့ ဖော်မယ်လ်ဒီဟိုက်ထဲစိမ်ထားတာ”ဟု ပြောခဲ့သည်။ ဟိုလီဖီးကလည်း လှမ်းယူခဲ့ပြီး နှစ်ဦးသားပွေ့ဖက်ခဲ့ကြသည့် မြင်ကွင်းကို အားကစားဝတ်စုံ၊ ဖိနပ်များ ထုတ်လုပ်ရေးကုမဏီ Footlocker ၏ ကြော်ငြာထဲတွင် မြင်တွေ့ခဲ့ကြရခြင်းဖြစ်သည်။

မိုက်တန်ဆန်နှင့် ဟိုလီဖီးတို့မှာ ကြိုးဝိုင်းအတွင်း ပြသနာဖြစ်ခဲ့ကြပြီး (၁၂)နှစ်အကြာ၌ အော်ပရာဝင်းဖရေး၏ စကားဝိုင်းတွင် ပြန်လည်ဆုံတွေ့ခဲ့ချိန်မှစကာ ရင်းနှီးသော မိတ်ဆွေများဖြစ်သွားခဲ့ကြသည်။ ၂၀၁၂ခုနှစ်အ တွင်းကလည်း ဟိုလီဖီးက ၄င်းအရောင်းမြင့်တင်ရေးပြုလုပ်နေခဲ့သော Real Deal BBQ Sauce ကိုကြော် ငြာခဲ့ရာတွင် “ ကျွန်တော့ရဲ့ဟောဒီ ဆော့စ်လေးသာပါရင် လူတစ်ယောက်ရဲ့ နားရွက်ကတောင် အရသာ ရှိနေမှာဗျ။ မိုက်တန်ဆန်သာ မေးကြည့်တော့”ဟု နောက်ပြောင်ကျီဆယ်ခဲ့ဖူုးသေးသည်။ တိုင်ဆန်ကလည်း ဟိုလီဖီးနားရွက်မှာ Real Deal BBQ Sauce နှင့်သာဆိုပါက ပိုပြီူ အရသာရှိခဲ့မည်ဟု ပြန်ပြောခဲ့ဖူးသည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *