ကွန်ပျူတာတွေနဲ့ ဝေးရာဆီသို့………………………..။

bigpreview_programmer.jpg
Shares 0

 

ယနေ့ခေတ် လူတွေဟာ နည်းပညာ ကင်းမဲ့တဲ့ ဘ၀မျိုးမှာ မနေထိုင်တတ်ကြတော့ပါဘူး။ ဒါဟာလည်း သိပ်တော့ အံ့သြစရာမဟုတ်တော့ ပါဘူး။ ဆိုကြပါစို့၊ ကွန်ပျူတာ တစ်လုံးတောင် မရှိတဲ့ ကမ္ဘာမျိုးမှာသာ ရောက်နေခဲ့မယ်ဆိုရင် သင်ဘာများလုပ်မှာပါလဲ့။ ရွေးချယ်စရာလေးတွေကို ဖော်ထုတ်ကြည့်ရအောင်။

၁။ စာရင်း။

ကွန်ပျူတာ တစ်လုံးနဲ့ သင့်ကို မခွဲထားခင်မှာ ကွန်ပျူတာနဲ့ သင်လုပ်ဖြစ်နေတဲ့ အလုပ်တွေကို အရင်ဆုံးပြောကြည့် ပါဦး။ စာရင်းပြုစုလိုက်ပါ။ အရင်က ကွန်ပျူတာ နဲ့ပတ်သက်ပြီး ကျေနပ်ခဲ့သမျှ သင့်လိုအပ်ချက်တွေကို ပြန်စုနိုင်ပါလိမ့်မယ်။ ဒါမှလည်း ကွန်ပျူတာတစ်လုံးမရှိတဲ့ အခါ လုပ်ရမယ့် အစီအစဉ်တွေကို ပိုပြီးချမှတ်နိုင်မှာပေါ့လေ။ မှတ်တမ်းမှတ်ရာ မှတ်သားတာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာ၊ အွန်လိုင်းဂိမ်းတွေ ဆော့တာ၊ အင်တာနက် သုံးတာ၊ အီးမေလ် စစ်တာ နဲ့ လူမှုကွန်ယက်ကို ၀င်ရောက်ကြည့်ရှု သုံးစွဲ စတဲ့ စာရင်းတစ်ခုဖြစ်လာပါလိမ့်မယ်။

၂။ အလုပ် ပြောင်းမယ်။

အွန်လိုင်းမှာ တစ်ချိန်လုံးရှိစရာ မလိုတဲ့ အလုပ်ပုံစံမျိုးကို အရင်ဆုံးစဉ်းစား ကြည့်လိုက်ပါဦး။ ရပြီဆိုရင်တော့ ကွန်ပျူတာသုံးပြီး အလုပ်လုပ်ရတဲ့ အချိန်နည်းသွားမှာ သေချာပါတယ်။

၃။ ရေးမယ်။ ဖတ်မယ်။

ကွန်ပျူတာ မရှိတဲ့ ဘ၀မျိုးမှာ နေထိုင်ရမယ်ဆိုရင်တော့ စာများများဖတ်တဲ့ အလေ့အကျင့် ရလာမှာပါပဲ။ သတင်းအချက်အလက်တွေ ပါတဲ့ စာအုပ်မျိုးတွေ ၀ယ်ပါ။ ဗဟုသုတ ဟင်းလေးအိုးကြီးကို သုံးဆောင်ပါ။ သင့်အတွက် အရေးကြီးတဲ့ အချက်အလက်တွေ ဂျာနယ်ထဲမှာပါလာရင် ကောင်းကောင်း သိမ်းထားပါ။ သင့်ရဲ့ အတွေးအမြင်တွေကို ချရေးတာဟာ ကိုယ့်ကိုကိုယ် ချီးမြှင့်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

၎။ ရုပ်ရှင်ဇာတ်ကားတွေ မကြည့်ဖြစ်ဘဲ မနေပါနဲ့။

သင်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို DVDs တွေဝယ်ပြီး (ဒါမှမဟုတ်) ရုပ်ရှင်ရုံတွေမှာ သွားရောက်ကြည့်ရှုပါ။ ပိတ်ကားကြီးကြီးပေါ်မှာ ကြည့်ရတဲ့ မှော်ဆန်ဆန် ရသကို ပြန်ခံစား လာနိုင်မှာပါ။

၅။ ထရန်စစ္စတာ ရေဒီယို ဟောင်းကို ပြန်ရှာလိုက်ရအောင်။

ဂီတမရှိတဲ့ ဘ၀ကြီးမှာ မရပ်တည်နိုင်တဲ့ ခံစားချက်မျိုးရှိကောင်းရှိနေနိုင်ပါတယ်။ ဒါကြောင့် ရေဒီယိုကို ဓါတ်ခဲအသစ်နဲ့ ဖွင့်လိုက်ပါ။ ဖက်ရှင်တစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။

၆။တက်တက်ကြွကြွနေကြမယ်။

သင့်အနေနဲ့အထက်တန်းကျောင်းတုန်းက တက်တက်ကြွကြွ ဖြစ်ခဲ့တဲ့ အားကစားနည်းတွေ ပြန်ဆော့ကြည့်ပါဦး။ ကိုယ်ကာယ လေ့ကျင့်ခန်းတွေလုပ်ရင် စိတ်လန်းလာမယ်။ ကိုယ်ကာယလေ့ကျင့်ခန်းကို ပုံမှန်လုပ်တာပဲဖြစ်ဖြစ် တစ်ပတ် ၃၊၄ ကြိမ်လောက် ရေကူးတာပဲဖြစ်ဖြစ် စလုပ်ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ရင် စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ထိုင်းမှိုင်းလေးလံတဲ့ စိတ်တွေလဲပျောက်သွားနိုင်ပါတယ်။

ရ။ စာတို ပို့စနစ် ကျင့်သုံးမြဲ။

ကွန်ပျူတာမရှိဘူး။ Facebook မရှိဘူး။ Twitter မရှိဘူး။ ဒါပေမဲ့ မိုဘိုင်းဖုန်းတော့ ရှိသေးတယ်။ စာတိုရိုက်ပို့ပြီး သူငယ်ချင်းတွေနဲ့ ပွားလို့ရပါသေးတယ်ဗျ။

အထက်က အချက်တွေဟာ ကွန်ပျူတာတစ်လုံးမရှိဘဲ နေ့စဉ်ဘ၀မှာ ရှင်သန်နိုင်ဖို့အချက် တချို့ပါ။ ဒီအကြံဉာဏ်ကို ထောက်ခံရင် ကွန်ပျူတာနဲ့ ဝေးဝေးမှာ လက်ပိုက်မော်ကြွားပြီး ပျော်ပျော်ကြီး နေကြည့်လိုက်ကြရအောင်။

Ref:mensxp

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *