ဖီဖာ၏ ဘောလုံးသမားအေးဂျင့်လိုင်စင်ဥပဒေသစ်အပေါ် ရီးရဲလ်ကစားသမား ဂါရတ်ဘေးလ်ဝေဖန်လိုက်ပြီ

news_b.jpg
Shares 0

ပြီးခဲ့သည့် မေလအတွင်းက ပြုလုပ်ခဲ့သည့် ဖီဖာနှစ်ပတ်လည်အစည်းအဝေးတွင် ဖီဖာအသိအမှတ်ပြု အေးဂျင့် လိုင်စင်သင်တန်းများကို ရပ်တန့်ပြီးသည့်နောက်ပိုင်း ဘောလုံးသမားအေးဂျင့်ပြုလုပ်လိုသူများအတွက် လွယ် ကူစေရန် ရည်ရွယ်ကာ လိုအပ်သောစာရွက်စာတမ်းဖြည့်ရုံမျှဖြင့် တရားဝင်အေးဂျင့်ဖြစ်လာစေမည်ဟူသော အဆိုတစ်ရပ်ကို ဖီဖာမှ တင်သွင်းခဲ့ဖူးသည်။ ထိုစဉ်ကမု ဘောလုံးသမားအေးဂျင့်များ အစည်းအရုံးမှ အပြင်း အထန်ကန့်ကွက်ခဲ့သဖြင့် အထမမြောက်ခဲ့ချေ။ သို့သော်လည်း ဆက်လက်အကောင်အထည်ဖော်သွားရန် ဖီဖာမှ ပြင်ဆင်လာခဲ့ရာ ကမ္ဘာ့ဈေးအကြီးဆုံးဘောလုံးသမား ဂါရတ်ဘေးလ်က ဖီဖာ၏အဆိုပြုမှုကို ဆန့်ကျင် စကားများပြောလာခဲ့ပြီဖြစ်သည်။

“ ဘောလုံးသမားတစ်ဦးအတွက် အေးဂျင့်ကောင်းတစ်ဦးရှိဖို့က အလွန်အရေးကြီးတယ်ဗျ။ ကျွန်တော်ဆိုရင်အ ကောင်းဆုံးအေးဂျင့်နဲ့တွေ့ခဲ့ပါတယ်။ ကိုယ့်အတွက် ကွင်းတွင်ကွင်းပြင်ကိစ္စတွေမှာ သေသေချာချာဆောင်ရွက် ပေးနိုင်မယ့် အေးဂျင့်က လိုကိုလိုပါတယ်။ အခုအတိုင်းသာ အတည်ဖြစ်လာမယ်ဆိုရင် အရည်အချင်းမပြည့်ဝ တဲ့ အေးဂျင့်တွေပေါများလာပြီး ဘောလုံးသမားတွေ အများကြီးနစ်နာကြရပါလိမ့်မယ်”ဟု ဘေးလ်က မှတ် ချက်ပြုခဲ့ခြင်းဖြစ်သည်။ ဖီဖာမှ အဆိုပြုထားမှုမှာ တရားဝင်ြဖစ်လာခဲ့ပါက အေးဂျင့်အဖြစ် ဆောင်ရွက်လိုသူ များအနေဖြင့် သင်တန်းတက်ရန်မလိုတော့ဘဲ စာရင်းသွင်းလိုက်ရုံမျှဖြင့် တရားဝင်ဖြစ်လာတော့ပေမည်။ 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *