Motörhead

motorhead.jpg
Shares 0

၁၉၉၄ Airheads ရုပ်ရှင်ထဲက Chazz, Rex နဲ့ Chris Moore တို့ရဲ့ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်သည်။

(Chazz နဲ့ Rex တို့က Chris ကိုမေးခွန်းမေးသည်)

“Chazz: Lemmy နဲ့ ဘုရားသခင်ရဲ့ နပမ်းပွဲမှာဘယ်သူနိုင်မလဲ။

Chris Moore: Lemmy ပေါ့။

(Rex က မှားရင်မြည်တဲ့ buzz သံကိုတုပသည်)

Chris Moore: ဘာလဲဘုရားသခင်နိုင်မှာလား။

Rex: မှားတယ်။ ငတုံးရဲ့။ ဒါမာယာပါတဲ့မေးခွန်းဟ။  Lemmy က ဘုရားသခင်ပဲ။”

သူတိုပြောတဲ့ Lemmy ဆိုတာဗြိတိသျှ Heavy Metal/Hard Rock ၀ိုင်း Motörhead ရဲ့ အဆိုတော် Lemmy Kilmister ကြီးဖြစ်ပါတယ်။ Motörhead ဆိုတာကတော့ ၁၉၇၀ နှောင်းပိုင်းနဲ့ ၁၉၈၀ အစောပိုင်းကာလတွေမှာ ဗြိတိသျှ Heavy Metal လှိုင်းသစ် ကိုမျိုးစေ့ချပေးခဲ့တဲ့ဝိုင်းတစ်ဝိုင်းဖြစ်သလို Metal ဂီတရဲ့ လွှမ်းမိုးမှုအကြီးဆုံးဝိုင်းတွေထဲကတစ်ခုဖြစ်ပါတယ်။

သူတို့ဝိုင်းကို ၁၉၇၅ June လအတွင်း London မြို့မှာ bass သမားနဲ့ အဆိုတော် Lemmy Kilmister, guitar သမား Larry Wallis, drummer Lucas Fox တို့က Motörhead ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင်အပြောင်းအလဲတွေကြောင့် ယနေ့လက်ရှိမှာတော့ bass နဲ့ အဆိုကို Lemmy Kilmister, Guitar မှာ Phil Campbell နဲ့ Drummer ကိုတော့ Mikkey Dee တို့ကတာဝန်ယူတာဖြစ်ပြီး Lemmy ကတော့အမြဲတမ်းအဖွဲ့ဝင် ဖြစ်ပါတယ်။

ဝေဖန်ရေးဆရာတို့က Motörhead ကို Heavy Metal, Hard Rock, Speed Metal အစရှိတဲ့ခေါင်းစဉ်အမျိုးမျိုးတပ်ကြပါတယ်။ Allmusic ရဲ့အယ်ဒီတာတစ်ဦးဖြစ်တဲ့ Stephen Erlewine ကတော့ “Motörhead ရဲ့အင်ပြည့်အားပြည့်ကျယ်လောင်ပြီး မြန်ဆန်တဲ့ Heavy Metal ဟန်ဟာ ၇၀ပြည့်နှစ်တွေရဲ့နောက်ပိုင်းမှာ အသစ်တွေ အဖန်တီးပေးနိုင်ဆုံးဟန်တွေထဲက တစ်ခုဖြစ်ပါတယ်။ Motörhead ဟာ punk rock မဟုတ်ပေမယ့်လဲ အဲဒီ့စွမ်းအင်းကိုပေါင်းစပ်အသုံးချတဲ့ ပထမဆုံး Metal ၀ိုင်းဖြစ်ပြီးတော့ အဲဒီလိုလုပ်ရင်းနဲ့ speed metal နဲ့ thrash metal တွေကို သူတို့ဖန်ဆင်းခဲ့ပါတယ်” လို့ Motörhead ရဲ့ Biography တစ်ခုမှာရေးခဲ့ပါတယ်။ Motörhead ရဲ့သီချင်းတွေနဲ့ အစိမ်းသက်သက်ဖြစ်နေတယ်ဆိုရင်တော့ Ace of Spades, Overkill, Bomber, Whorehouse Blues, Killed By Death, Born to Raise Hell, Dancing On Your Grave တို့ကိုညွှန်းပါမယ်။

Motörhead ဟာ ၂၀၁၃ နိုဝင်ဘာလထိ studio album ပေါင်း ၂၁ခု ပြည့်မြောက်အောင်ထုတ်ခဲ့ပြီးပါပြီ။ သူတို့ရဲ့နောက်ဆုံး album Aftershock မှာတော့ အရင်လိုပဲ Motörhead ရဲ့ရိုးရာမပျက် ကြမ်းကြမ်းတမ်းတမ်း speed နဲ့ heavy metal ဟန်တွေကြားရမှာဖြစ်ပါတယ်။

Ozzy, Dio တို့လို Heavy Metal ဆရာကြီးတွေနဲ့ တန်းတူသတ်မှတ်လေးစားခြင်းခံရတဲ့ အသက် ၆၇ နှစ်အရွယ် အဆိုတော် Lemmy ရဲ့ မကြာသေးမီကာလတွေကကြုံတွေ့ခံစားခဲ့ရတဲ့ ကျန်းမာရေးပြသနာတွေကြောင့် ဆရာဝန်တွေနဲ့ ၀ိုင်းဖေါ်တွေက အနားယူဖို့အကြံပေးပေမယ့် Lemmy ကငြင်းဆန်လိုက်ပါတယ်။ ဒါပေမယ့် Lemmy က ဆေးလိပ်နဲ့ Jack and cokes (Jack Daniels အရက်နဲ့ ကိုကာကိုလာ အရောအနှော) သောက်သုံးမှုကို စွန့်လွှတ်လိုက်ရပါတယ်။ ဒီကိစ္စတွေနဲ့ပါတ်သတ်ပြီး Lemmy က “ကျွန်တော်ကမ္ဘာတစ်လွှားကလူတော်တော်များများကို ပျော်ရွှင်မှုတွေဆောင်ကျဉ်းပေးခဲ့ပြီလို့ထင်ပါတယ်။ ကျွန်တော်ကိုယ့်ကိုကိုယ်စစ်မှန်အောင်နေတယ်။ လူတွေနဲ့ဆက်ဆံတာမူမှန်တယ်။ကျွန်တော်နောင်တမရပါဘူး။ နောင်တဆိုတာ အဓိပ္ပါယ်မရှိဘူး။ နောင်တရဖို့ကနောက်ကျနေပြီ။ ခင်ဗျားလုပ်တာကလုပ်ပြီးနေပြီ။ မဟုတ်ဘူးလား။ ခင်ဗျားဘ၀ကို ဖြတ်သန်းပြီးပြီပဲ။ ပြန်ပြောင်းဖို့မျှော်လင့်နေရင်တော့ အဓိပ္ပါယ်မရှိဘူး။ သေချင်းတရားဆိုတာ ရှောင်လွှဲလို့မရတဲ့အရာတစ်ခု မဟုတ်လား။ ကျွန်တော်ထွက်သွားရမယ်ဆိုရင် ကျွန်တော်လုပ်နိုင်သမျှအကောင်းဆုံးလုပ်ပြီးထွက်သွားချင်တယ်။ မနက်ဖန်သေမယ်ဆိုလဲ ကျွန်တော်စောဒကတက်နေမှာမဟုတ်ပါဘူး။ သာသာယာယာပါပဲ” လို့ badass စတိုင်လ်နဲ့ ပြတ်သားစွာပြောပါတယ်။

(ref:Wikipedia, imotorhead)

Motörhead ရဲ့သီချင်းတွေထဲက ရှားရှားပါးပါး Acoustic blues သီချင်းတစ်ပုဒ်ဖြစ်တဲ့ Whorehouse Blues ကိုကြည့်ရှုနားဆင်နိုင်ပါတယ်။

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *