“သွား” အစားထိုးဖို့ လိုရင်

628x471.jpg
Shares 0

ဆီးကနေ ဆဲလ်တွေရနိုင်မယ်လို့ ဘယ်သူကမှထင်မိမှာမဟုတ်ပါဘူး။  လူတွေရဲ့ သွားနဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ဆင်တဲ့ ဆဲလ်ကို လူတွေ စွန့် ထုတ်လိုက်တဲ့ ဆီးမှာပါဝင်တဲ့ ဆဲလ်တွေကတဆင့် ဖန်တီးလုပ်ယူလို့ ရပါတယ်လို့  တရုတ် သုတေသနပြုလုပ်သူတွေကပြောပါတယ် ။ ဒီဆဲလ်တွေ က လူတွေရဲ့  သွားဖုံးနဲ့ ဆက်လို့ ရမယ်လို့  သူတို့ က မျှော်လင့်ထားပါတယ်။ ဘာလို့ လဲဆိုတော့ သုတေသနလုပ်သူတွေက ကြွက်တွေနဲ့ စမ်းသပ်ပြု လုပ်ခဲ့တာ အောင်မြင်မှု ရရှိခဲ့လို့  လူတွေ နဲ့ လဲအဆင်ပြေနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ဒါပေမယ့် လူသားတွေရဲ့  ဆီးထဲမှာပါရှိတဲ့ ဆဲလ်ရဲ့  ဖွဲ့ စည်းတည်ဆောက်ပုံက လူသွားတွှေရဲ့  မာကြောမှု ရဲ့  သုံးပုံတစ်ပုံသာရှိလို့  အောင်မြင်နိုင်တဲ့ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ လူသားတွေရဲ့  ဆဲလ်နဲ့စမ်းသပ်လို့ မအောင်မြင်ခဲ့ရင်တော့ နောက်တစ်နည်းပြောင်းပြီး ကြွက်တွေရဲ့ ဆဲလ်နဲ့  စမ်းသပ်ပြီးအဖြေထုတ်ကြဖို့  သုတေသနလုပ်တဲ့သူတွေက စဉ်းစားလာကြတယ်။  အောင်မြင်လာခဲ့ရင်တော့ ဈေးကြီးပေးပြီးသွားအတုတွေ စိုက်နေစရာမလိုတော့ပါဘူး။ ဆီးထဲမှာပါတဲ့ ဆဲလ်နဲ့ သွားအသစ်ကိုပြန်လည် မွေးယူလို့ ရနိုင်မှာပါ။

Ref: Mashable

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *