လက်ဝှေ့ထိုးသတ်ြခင်းမှ အနားယူပြီဟု တိုင်ဆန်ဖျူရီက Twitter မှတစ်ဆင့် ပြောကြားလာခဲ့

news_c1.jpg
Shares 0

ဒေးဗစ်ဟေယီနှင့် ထိုးသတ်ရန်စီစဉ်ထားခဲ့မှု ပျက်ပြားသွားခဲ့သော ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့သမားတိုင်ဆန် ဖျူရီမှာ ၄င်းအနေဖြင့်လည်း လက်ဝှေ့လောကမှ အနားယူလိုက်ပြီဖြစ်ကြောင်း ၄င်း၏Twitter မှတစ်ဆင့် ပြော လာခဲ့ရာ အမှန်တကယ်လော၊ နောက်ပြောင်ခြင်းလောကို ပရိသတ်များ ခွဲခြားမရဖြစ်လျက်ရှိနေကြသည်။ အ ရပ်  ၆ပေ၊ ၉လက်မရှိသော တိုင်ဆန်ဖျူရီမှာ (၂၅)နှစ်အရွယ်သာရှိသေးသလို ပရော်ဖက်ရှင်နယ်လက်ဝှေ့သ မားဘ၀ (၂၁)ပွဲထိုးခဲ့ရာတွင် (၂၁)ပွဲလုံးကို အနိုင်ရထားခဲ့သူဖြစ်သည်။ “ ဟိုင်း . .အားလုံးမင်္ဂလာပါ။ ကျွန်တော် အခုဆိုရင် လက်ဝှေ့လောကထဲက တရားဝင်အနားယူလိုက်ပါပြီ။ ဒီအားကစားနည်းထဲမှာ ဆိုးဝါးတဲ့လူတွေအ များကြီးရှိပါတယ်။ သူတို့က တစ်ယောက်ယောက်ကိုမှ အမြတ်မထုတ်လိုက်ရရင် မနေသာကြဘူးလေ။ လက် ဝှေ့လောကို နုတ်ဆက်လိုက်ပါတယ်”ဟု တိုင်ဆန်ဖျူရီက Twitter မှတစ်ဆင့်ပြောခဲ့သည်။

တိုင်ဆန်ဖျူရီမှာ ယခင်က စိတ်ကျရောဂါရှိခဲ့ဖူးဖြစ်ပြီး ၂၀၁၁ခုနှစ်အတွင်း Guardian သတင်းစာနှင့်ပြုလုပ်ခဲ့ သည့် အင်တာဗျူးတစ်ခုထဲတွင် ယခုကဲ့သို့ ပြောခဲ့ဖူးသည်။ “ အခုကျွန်တော်ပျော်နေပေမယ့် နောက်တစ်မိ နစ်လောက်ဆို ၀မ်းနည်းသွားပြန်ရော။ တစ်ခါ အရမ်းကို ကြည်နူးနေပေမယ့် ခဏကြာတော့ တစ်နာရီမိုင် တစ်ရာနှုန်းနဲ့ ကားမောင်းပြီး နံရံကိုပစ်တိုက်ချင်တော့တာပါပဲ။ ကျွန်တော့ကိုယ် ကျွန်တော် ဘာတွေဖြစ်နေ မှန်းမသိပါဘူး”ဟု တိုင်ဆန်က ပြောခဲ့ဖူးသည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *