ကြုံလာတဲ့ပြဿနာတွေကို ချရေးခြင်းဟာ ကိုယ်ခံအားတိုးမြင့်ရာမှာ အရေးပါ

diary_writing.jpg
Shares 0

သင် ကြုံတွေ့ နေရတဲ့ ပြဿနာကိုရေးချခြင်းက သင့်ရဲ့ ကိုယ်ခံအားကိုတိုးမြင့်ရာမှာ အထောက်အကူဖြစ်စေတယ်လို့ သုသေတနပြုလုပ်သူများကဆိုပါတယ်။

University of Auckland ၏လေ့လာသုံးသပ်ချက်အရမိမိတို့ရဲ့ စိတ်ခံစားမှုတွေကို ရေးချလေ့ရှိသူတွေက နေ့စဉ်ပုံမှန်လုပ်ရှားသွားလာနေသူများထက် စိတ်သက်သာမှုသုံးဆပိုရရှိပါတယ်။

စမ်းသပ်မှုအနေဖြင့် ပါဝင်သူ ကျား၊ မ ဦးရေ ၅၀ ခန့်ကိုနေ့စဉ် ၂၀ မိနစ်ခန့် ၃ရက်ဆက်တိုက် စာရေးခိုင်းပြီး နောက်ဆုံးရလဒ်ကတော့ အဖွဲ့ရဲ့ တ၀က်ခန့်ဟာ သူတို့ ကြုံတွေ့နေရတဲ့စိတ်ဓာတ်ကျစရာတွေကို ရေးသားကြပြီး ကျန်တ၀က်ကတော့ စိတ်ခံစားချက်ရေးသားဖော်ပြခြင်းမရှိဘဲ နောက်နေ့တွေမှာလုပ်ရမယ့် လုပ်စဉ်တွေကိုသာ ရေးချကြပါတယ်။ ၂ပတ်အကြာမှာပါဝင်သူများကို ပြန်လည်စမ်းစစ်ကြည့်ရာမှာတော့ စိတ်ခံစားမှုကို ရေးသားထားတဲ့အဖွဲ့က စိတ်သက်သာမှု ၇၆ ရာခိုင်နှုန်းရှိချိန်မှာ ကျန်ရှိတဲ့တခြားအဖွဲ့က ၄၂ ရာခိုင်နှုန်းသာရှိနေပါတယ်။

Dr Elizabeth Broadbent က အခုလိုစိတ်နဲ့ ကိုယ် ဆက်နွယ်မှုကိုလေ့လာခြင်းဟာ လူသားတွေရဲ့ စိတ်ဝေဒနာတွေကို ကုသပေးနိုင်တယ် ဆိုတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။ အနာဂတ်မှာလည်း အခုလို စာရေးခြင်းဖြင့် နာတာရှည်ရောဂါတွေကို ကုသပေးနိုင်မှာဖြစ်ပါတယ်။

ဒုတိယအကြိမ်စမ်းသပ်မှုမှာတော့ ဒဏ်ရာရထားတဲ့ အားကစားသမားအယောက် ၅၀ ခန့်ကို အပတ်စဉ် မိနစ် ၂၀ ခန့် ၊ ၃ ပတ်အတွင်းရေးချခိုင်းတဲ့အခါ လူတ၀က်ခန့် ကသာ ဒဏ်ရာကြောင့် ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို ရေးချတာတွေ့ရပြီး ကျန်တ၀က်ကတော့ ခံစားမှုနှင့် မသက်ဆိုင်တဲ့ အကြောင်းအရာများကိုသာ ရေးချထားကြပါတယ်။ Glasgow Caledonian University ရဲ့ လေ့လာမှုအရ ခံစားချက်တွေကို ထည့်ရေးထားတဲ့အဖွဲ့မှာ ဒဏ်ရာပျောက်ကင်းမှု ပိုမိုလျင်မြန်နေပါတယ်။

အခုလိုခံစားမှုတွေကိုရေးချခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့ပါးလာစေနိုင်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းတွေက အိပ်စက်ခြင်းကို နှောက်ယှက်စေနိုင်ပါတယ်။ ဒါ့ပြင် နှစ်ခြိုက်စွာအိပ်စက်ခြင်းက ဒဏ်ရာတွေကို ကုသရာမှာ အလွန်အရေးပါကြောင်းကိုသိရှိရပါတယ်။


Ref: MailOnline

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *