ခိုင်သဇင်ယုဝါ ပြောတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှု

996042_1471615309730812_371120372_n.jpg
Shares 0

မော်ဒယ်လ်လောကမှာ ၂ နှစ်ကျော် ဖြတ်သန်းလာတဲ့  ခိုင်သဇင်ယုဝါက 'အခု ညီမ MK ကလုပ်တဲ့ပွဲလျှောက်ပေးဖို့ရှိတယ်။ နောက်ပြီး Talents& Model က လုပ်မဲ့ ဒီဇိုင်နာ ရှိုးလျှောက်ပေးဖို့ရှိတယ်။ တောင်ကြီးမှာ ရိုက်မယ့် မြန်မာ့အသံက ဇာတ်လမ်းတွဲမှာ ဥာဏ်လင်းအောင်၊ နန်းသူဇာတို့နဲ့ပါဝင်ရိုက်ကူးဖို့လက်ခံထားပါတယ်။ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လာရောက်ကျင်းပမယ့် ဆီးဂိမ်းပွဲမှာလဲ ဖွင့်ပွဲကို ဖဲကြိုးဖြတ်ပေးဖို့ရှိတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာပေါ့။ ၀တ်မယ့် ၀တ်စုံအရောင်ကတော့ အနီရောင်ပါ။ Stylish Sett Latt Kaung က စီစဉ်ပေးမှာပါ။ ဆီးဂိမ်းပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်'တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *