အရက်နာကျခြင်းမှ သက်သာစေအောင် ဒါလေးတွေကိုဆောင်

party-hangover.jpg
Shares 0

လူမှုရေးအရ အသောက်အစားမကင်းတဲ့သူတွေထဲမှာ သင်တို့လဲပါနေမယ်ထင်ပါတယ်။ အရက်မသောက်ဖူးလို့  စမ်းပြီးစသောက်တဲ့သူ ဒါမှမဟုတ်လဲ အရက်ဘားတွေမှာ ပုံမှန်ရှိနေတတ်သူဖြစ်နေရင်တော့ အရက်သောက်လွန်ပြီး အရက်နာကျတဲ့အဖြစ်နဲ့ ကြုံတွေ့ နိုင်ကိန်းများပါတယ်။

အရက်နာကျပြီး နိုးလာရတဲ့ မနက်တွေကတော့ သင့်ရဲ့ မနေ့ ညက သောက်ထားတဲ့ အရက်ပမာဏပေါ် မူတည်ပြီး သင့်တစ်နေလုံးတာ လုပ်ရမယ့်အလုပ်တွေအတွက် စိတ်ပျက်စရာကြီးတွေဖြစ်စေနိုင်ပါတယ်။ တချို့ 
သူတွေကတော့ အရက်နာကျနေရင်သောက်တဲ့ဆေးတွေကိုသောက်ပြီး ဝေသနာတွေကို ပိုခံစားနေရတတ်ပါတယ်။ ဒီလိုဆေးတွေသောက်ပြီး ဝေသနာတွေခံစားနေရတာထက်စာရင် အိမ်မှာ တခြားအရက်နာကျသက်သာအောင် လွယ်ကူပြီး ထိရောက်တဲ့ နည်းလမ်းတွေကိုအသုံးချကြည့်ပါ။

 

၁) ဗီတာမင်အားဖြည့် အချိုရည်

အခုဆိုရင် ဗီတာမင်အားဖြည့်အချိုရည်တွေကိုစူပါမားကတ်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါပြီ။ ဒီတော့ ဗီတာမင်အားဖြည့်အချိုရည်နှစ်ဘူး၊ သုံးဘူးလောက်တော့ ရေခဲသေတ္တာထဲမှာထည့်ထားကြပေါ့။ ဗီတာမင်အားဖြည့်အချိုရည်တွေကို ဗီတာမင် ဘီ၊စီအစရှိတဲ့ ရေထဲမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်မျိုးတွေနဲ့ ပြုလုပ်ထားလို့  အရက်နာကျနေခြင်းကို သက်သာစေနိုင်ပါတယ်။ သတိပြုရမယ့်တစ်ချက်ကတော့ ကိုယ်သောက်သုံးမယ့် ဗီတာမင်အားဖြည့်အချိုရည်မှာသကြားဓာတ်(ဆေးသကြား) ပါဝင်မှုအရမ်းမများစေပါနဲ့ ။ အကယ်လို့ သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပဲဖြစ်ဖြစ် သောက်ဖို့ ရက်ချိန်းတွေကြိုရှိနေရင်တော့ ဗီတာမင်အားဖြည့်အချိုရည်ကိုနေ့ တိုင်းကြိုသောက်ထားပါ။ ဒါမှ သင့်ခန္ဓာကိုယ်ကအရက်နာကျတာကို ကြိုပြီးခံနိုင်ရည်ရှိမှာပါ။ ဗီတာမင်အားဖြည့်အချိုရည်ကိုရင် ရေထပ်ရောပြီးသောက်သုံးနိုင်ပါတယ်။

 

၂) လိမ္မော်ရည်၊ကြက်ဥနဲ့ သရေစာတစ်ချို့ 

လိမ္မော်ရည်ကတော့ အရက်နာကျသက်သာအောင်ကူညီပေးနိုင်တဲ့ အိမ်တွင်းထဲမှာအကောင်းဆုံးနဲ့ အထိရောက်ဆုံးအရာပါပဲ။ လိမ္မော်ရည်ထဲမှာ ရေဓာတ်ကိုအမြန်ဖြည့်တင်းပေးနိုင်တဲ့ ဓာတ် နဲ့  ဗီတာမင် စီကတော့ မူးဝေအော့အန်ချင်စိတ်တွေကို လျော့နည်းစေပါတယ် ။ ကြက်ဥပြုတ်၊ ပေါင်မုန့် မီးကင်တို့ နဲ့ လည်းတွဲဖက် စားသုံးနိုင်ပါတယ်။ ကတောက်ကစဖြစ်နေသလိုပါပဲ၊ ဒါပေမယ့် ကြက်ဥမှာပါတဲ့ ပရိုတင်းဓာတ်ကအယ်လ်ကိုဟောလ် အဆိပ်အတောက်တွေ အသည်းကိုမထိခိုက်စေနိုင်အောင် စစ်ထုတ်ပေးနိုင်ပါတယ်။ ပေါင်မုန့် မီးကင်ကတော့ အရက်ကြောင့် ဖြစ်တဲ့ ရင်ပြည့်ရင်ကယ်တာဒါမှမဟုတ် အန်ချင်သဖွယ်ဖြစ်တာတွေကိုမဲသွေးအာနိသင်နဲ့ ခြေဖျက်ပေးနိုင်ပါတယ်။

 

၃) ကော်ဖီ

နောက်ထပ် ကမ္ဘာမှာကျော်ကြားဆုံး အရက်နာကျခြင်းကိုသက်သာစေနိုင်တဲ့အရာကတော့ ကော်ဖီပဲဖြစ်ပါတယ်။ ဒါပေမယ့် ကော်ဖီမှာအရက်နာကျတာကိုလျော့ကျစေနိုင်တဲ့ ကိုးကိုးဓာတ် အမြောက်အများပါဝင်နေတာကို လူတော်တော်များများမသိကြပါဘူး။ ကော်ဖီကိုတစ်ထိုင်တည်းနဲ့ အများကြီးသောက်ချဖို့ မလိုပါဘူး၊ နေ့ ဘက်တွေမှာတစ်ခွက်၊ နှစ်ခွက် သောက်သုံးထားရုံနဲ့ လည်းအရက်နာကျခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ကဖိန်းဓာတ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ခေါင်းမူးခေါင်းကိုက်တာတွေကို ဖြစ်စေတဲ့ အရက်တွေကို  လျှင်မြန်စွာခြေဖျက်ပေးနိုင်ပါတယ်။

 

၎)  အကိုက်အခဲပျောက်ဆေး

အိမ်တိုင်းမှာတော့ ဖျားနာပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးစတဲ့ အရေးပေါ်ဆေးတွေကို ဆောင်ထားတတ်ကြမှာပါပဲ။ အရက်နာကျလို့ နေထိုင်မကောင်းတာမျိုးဖြစ်နေရင် အကိုက်အခဲပျောက်ဆေးကို သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံမသောက်သုံးမိပါစေနဲ့ ။ ဆေးတစ်လုံးပဲ သောက်နှင့်ပြီး ဆေးစွမ်းပြတဲ့အချိန်ထိစောင့်ပါ။

 

၅) လေ့ကျင့်ခန်းလုပ်ခြင်း (အခက်ခဲဆုံးအရက်နာကျခြင်းကိုပျောက်ကင်းအောင်လုပ်တဲ့နည်းလမ်းပါပဲ)

အရက်နာကျတာကိုပျောက်ကင်းအောင်လုပ်ဖို့ ဆိုရင် စိတ်ဓာတ်တော်တော်ကြံ့ခိုင်မှဖြစ်မှာပါ။ အခုပြောမယ့် လေ့ကျင့်ခန်းကအားကစား (gym) အထိလေ့ကျင့်ခန်းသွားလုပ်ဖို့ ကိုပြောတာမဟုတ်ပါဘူး။ လမ်းလျှောက်စက်ပေါ်မှာပုံမှန်ပြေးသလိုပြေးပြီး၊ ဒိုက်ထိုးခြင်းတွေကို ပြုလုပ်ပေးရုံပါပဲ။ လေ့ကျင့်ခန်းပြုလုပ်ပြီးချွေးထွက်သွားရင် အရက်နာကျတာတော်တော်သက်သာစေနိုင်ပါတယ်။

 

၆) ချင်း(ဂျင်း)ပြုတ်ရည်

ချင်းပြုတ်ရည်ကိုအအေးမိ၊ ချောင်းဆိုး၊ နာမကျန်းဖြစ်နေချိန်တွေမှာပဲသောက်ဖို့ သတိရတတ်ကြတယ် မဟုတ်လား။ အရက်နာကျလို့ ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်တာကို ချင်းပြုတ်ရည်က သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အစာအိမ်ထဲမှာရောက်နေတဲ့ အရက်တွေကိုလည်း အမြန်ဆုံးချေဖျက်ပေးနိုင်ပြီးအရက်နာကျတာကိုအမြန်ဆုံးသက်သာစေနိုင်ပါတယ်။

 

၇) ငှက်ပျောသီး

အရက်နာကျခြင်းကို ကာကွယ်နိုင်တဲ့ အရေးပေါ်အစားအစာပါပဲ။ အရက်ဘားတွေကိုသွားတော့မယ်ဆိုရင် ငှက်ပျောသီးနည်းနည်းကြိုစားထားနှင့်ပါ။  ငှက်ပျောသီးထဲမှာပါတဲ့ ပိုတက်စီယမ်ဓာတ်ကcarbohydrates တွေနဲ့ပေါင်းစပ်သွားပြီးအစာအိမ် အူလမ်းကြောင်းမှာရှိတဲ့ အရက်တွေကိုခြေဖျက်ပေးနိုင်လို့  အရက်နာကျတာကိုသက်သာစေနိုင်ပါတယ်။

 

Ref: mensxp

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *