The Dinner ဇာတ်ကားမှာ ဒါရိုက်တာလုပ်မယ့် Cate Blanchett

Shares 0

စိတ္တဇဇာတ်ကြမ်းရုပ်ရှင်ဖြစ်လာမဲ့ ဒီဝတ္ထုမှာ စုံတွဲနှစ်တွဲ သူတို့ဆယ်ကျော်သက်သားကလေး တွေရဲ့ ကိစ္စနဲ့ပါတ်သတ်ပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက် ချရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။

Shares 0
CateBlanchett__130919185228.jpg
Shares 0

နှစ်ပေါင်း ၂၀ကျော်ကြာ အကောင်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ အကယ်ဒမီဆုရှင် မင်းသမီး Cate Blanchett ဟာ Dutch လူမျိုး စာရေးဆရာ Herman Koch ရဲ့ နိုင်ငံတကာမှာ ရောင်းအားအကောင်းဆုံးစာရင်းဝင် The Dinner ၀တ္ထုကို ဒါရိုက်တာအဖြစ်နဲ့ ရုပ်ရှင်ပြန်ရိုက်ကူးမယ်လို့ ဆိုပါတယ်။ 

စိတ္တဇဇာတ်ကြမ်းရုပ်ရှင်ဖြစ်လာမဲ့ ဒီဝတ္ထုမှာ စုံတွဲနှစ်တွဲ သူတို့ဆယ်ကျော်သက်သားကလေး တွေရဲ့ ကိစ္စနဲ့ပါတ်သတ်ပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက် ချရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ Cate ရဲ့ ရုပ်ရှင်ဒါရိုက်တာဘ၀ ပထမဆုံး ခြေလှမ်းသစ်ဖြစ်ပြီး သူမကိုယ်တိုင် ပါဝင်သရုပ်ဆောင်မဆောင်ဆိုတာတော့ မသိရသေးပါဘူး။

Cate ဟာ လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး အနုပညာဆိုင်ရာတွဲဖက် ဒါရိုက်တာအဖြစ် သူမရဲ့ခင်ပွန်း ပြဇာတ်ရေးဆရာ Andrew Upton နဲ့အတူ Sydney ပြဇာတ်ရုံမှာ အလုပ်လုပ်ခဲ့တာပါ။ Cate ဟာ David Harrower ရဲ့ Blackbird နဲ့ Joan Didion ရဲ့ The Year Of Magical Thinking ပြဇာတ်တွေမှာစင်မြင့် ဒါရိုက်တာအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

(Ref:Deadline, Imdb, Rolling Stone, Wikipedia)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *