လာလီဂါမှာ ဗိုလ်စွဲဖို့ ရမှတ် ၁၀၀ ရဖို့ လိုအပ်တယ် လို့ ပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ

article-2538162-1a9922c200000578-59_636x401.jpg
Shares 0

ဒီတစ်ပါတ်လာလီဂါပွဲစဉ်မှာ ဇယားထိပ်ဆုံးက အမှတ်တူနဲ့ ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းနဲ့  အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ဟာ အကြိတ်အနယ်ကစားရင်း ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ ဒီအခွင့်အရေးကို ရီးယဲလ်မက်ဒရစ်အသင်းက အပြည့်အ၀အသုံးချနိုင်ခဲ့ပြီး အဝေးကွင်းမှာ အက်စ်ပန်ညိုအသင်းကို ၀-၁ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီတစ်ပါတ်ပွဲစဉ်တွေအပြီးမှာ ဘာစီလိုနာ နဲ့  အက်သလက်တီကို အသင်းတို့ က ရမှတ် တူ ၅၀ စီနဲ့ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေပြီး ရီးယဲလ်မက်ဒရစ်အသင်းဟာ ၄၇ မှတ်နဲ့ ၃ မှတ်သာ ကွာခြားသွားပြီ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အတွက် အဖိုးတန်တစ်လုံးတည်းသော အနိုင်ဂိုးကို နောက်ခံလူ ပီပီက သွင်းယူခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ ဒီနေ့ ကစားခဲ့ပုံကို အရမ်းကျေနပ်မိပါတယ်။ ကစားကွက်လှလှပပနဲ့ ကစားနိုင်ခဲ့ပြီး နောက်ဆုံး မိနစ်ထိ ဂိုးသွင်းဖို့ ကြိုးစားခဲ့ကြတာကို မြင်တွေ့ ရမှာပါ။” လို့ ရီးယဲလ်အသင်းမန်နေဂျာ အန်ဆယ်လော့တီက ပြောကြားသွားခဲ့ပါတယ်။

“ ပုံမှန်အားဖြင့်တော့ လိဂ်အမှတ်ပေးဇယားမှာ ဗိုလ်စွဲဖို့ ရမှတ် ၁၀၀ မလိုအပ်ပါဘူး။ ဒါပေမယ့် ဒါဟာ စပိန်လာလီဂါပါ ။ ပြီးတော့ အားကြီးတဲ့အသင်း သုံးသင်းလည်း ရှိတယ်လေ။ ဒါကြောင့် ဒီလိဂ်မှာ ဗိုလ်စွဲချင်တယ်ဆိုရင်တော့ ရမှတ် ၁၀၀ ရမှ ဖြစ်ပါမယ်။ ဒါဟာလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မှာ အောင်ပွဲဆာလောင်မှုနဲ့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆန္ဒပြင်းပြပါတယ်” လို့ အီတလီလူမျိုး ၀ါရင့်နည်းပြ အန်ဆယ်လော့တီက ပြောကြားသွားပါတယ်။

Ref: yahoo

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *