ယူကရိန်းကို (၂)ဂိုးပြတ်ရှုံးခဲ့သော်လည်း အိမ်ကွင်းမိနစ်(၉၀)ကျန်သေးဟု ပြင်သစ်နည်းပြပြော

news_b3.jpg
Shares 0

ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off ပထမအကျော့အဖြစ် ကိဗ်မြို့တွင်ယူကရိန်းအား သွားရောက်ရင်ဆိုင်ခဲ့ရာ အခြေမလှဖြစ်ခဲ့ရပြီး (၂)ဂိုးပြတ်အရေးနိမ့်ခဲ့သော
ပြင်သစ်အသင်း ၏နည်းပြဒီဒီယာဒက်ချမ့်က မိမိတို့အတွက်အခွင့်အရေးများကျန်ရှိနေသေးကြောင်း ပြောလာခဲ့သည်။ ထိုပွဲတွင် ယူကရိန်းအတွက်တိုက်စစ်မှူးရိုမန်ဇိုဇူလ်ယာက အဖွင့်ဂိုးသွင်းခဲ့ပြီး မကြာခင်တွင်
ရရှိခဲ့သောပင်နယ်လ်တီကို တောင်ပံကစားသမား အန်ဒရိယာမိုလန်ကိုကအပိုင်ကန်သွင်းခဲ့သဖြင့် အိမ်ရှင်ယူကရိန်းက နှစ်ဂိုးပြတ်အနို်င်ရရှိခဲ့ကာ ခြေစစ်ပွဲအောင်မြင်ရန်အတွက် အခြေအနေကောင်းသွားခဲ့သည်။
“ ဒါက တိုက်ပွဲတစ်ပွဲပါ။ ကျွန်တော်တို့အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ဒါပေမယ့် အဖွင့်ဂိုးရသွားခဲ့တာက သူတို့ကိုပိုမိုအင်အားတိုးသွားစေခဲ့ပြီး ကျွန်တော်တို့အမှားကြောင့် ပင်နယ်လ်တီပေးခဲ့ရတယ်။ဒီရလဒ်ကို အလွန်ဆိုးဝါးတဲ့ရလဒ်ဖြစ်ခဲ့ပေမယ့် ယုံကြည်ချက်ရှိနေဖို့လိုအပ်ပါတယ်။ အိမ်ကွင်းမှာမိနစ်(၉၀)လုံးလုံးကစားဖို့ကျန်နေပါသေးတယ်”ဟု ဒီဒီယာဒက်ချမ့်ကပြောခဲ့ခြင်းဖြစ်သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *