ဆွီဒင်အား တစ်ဂိုးထက်မကပိုသွင်းနိုင်ခဲ့သင့်သည်ဟု အနိုင်ဂိုးရှင် စီရော်နယ်လ်ဒိုမှတ်ချက်ပြု

news_a3.jpg
Shares 0

ပြီးခဲ့သည့် သောကြာနေ့ညပိုင်းတွင် ကစားသွားခဲ့သော ၂၀၁၄ကမ္ဘာ့ဖလားဥရောပဇုန် Play-0ff ပထမအကျော့ပွဲစဉ်တွင် ဆွီဒင်အသင်း အား အိမ်ရှင်ပေါ်တူဂီအသင်းက အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို၏ ပွဲပြီးကာနီးခေါင်းတိုက်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲ၏ အဖိုးတန်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သည့် စီရော်နယ်လ်ဒိုက မိမိတို့အသင်းအနေဖြင့် တစ်ဂိုးထက်ပိုသောရလဒ်မျိုးဖြင့် အနိုင်ရသင့်ခဲ့ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောသွားခဲ့သည်။ “ဒီဂိုးက အရေးပါတဲ့ဂိုးဖြစ်ခဲ့ပြီးကျွန်တော်တို့အသင်းအတွက် အနိုင်ရလဒ်ကို ဖော်ဆောင်ပေးခဲ့ပါတယ်။ အမှန်တော့နောက်ထပ် တစ်ဂိုး၊နှစ်ဂိုးလောက်ရခဲ့သင့်ပေမယ့် အဲဒီလိုမဖြစ်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီရလဒ်အတွက်ပျော်ရွှင်မိပါတယ်။ အင်္ဂါနေ့ကျရင်တော့ နောက်ထပ်တိုက်ပွဲတစ်ပွဲထပ်တိုက်ရလိမ့်မယ်။ ဒီနေ့ပွဲကို နိုင်ခဲ့တယ်ဆိုပေမယ့် မသေချာသေးပါဘူး။ ဆွီဒင်မှာ ဂိုးသွင်းနိုင်ဖို့ကြိုးစားကြမှာဖြစ်
ပြီး ဘယ်သူကမှ ဘရာဇီးသွားခွင့်ကို လက်မလွတ်ချင်ကြပါဘူး”ဟုစီရော်နယ်လ်ဒိုကပြောခဲ့သည်။ပေါ်တူဂီနည်းပြပေါ်လိုဘင်တိုကလည်း “ဒီပွဲကခြေစွမ်းအရမ်းကိုမျှတတဲ့ပွဲဖြစ်ပါတယ်။ အခုကတော့ဆွီဒင်မှာ
အနိုင်ယူဖို့အတွက်သွားရတော့မှာဖြစ်ပါတယ်။ ပထမအကျော့ကို ခြံငုံသုံးသပ်ရရင် တစ်ပွဲလုံးကိုကျွန်တော်တို့က စိုးမိုးနိုင်ခဲ့ပါတယ်။ အထူးသဖြင့်ဒုတိယပိုင်းမှာပေါ့”ဟု မှတ်ချက်ပြုခဲ့သည်။


 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *