Converse All Star ကို ခပ်မိုက်မိုက်ဖြစ်အောင် ဘယ်လိုဝတ်ဆင်မလဲ

Shares 0

ရီဟားနားက ဂါဝန်ကို အပေါ်ကရက်ပ်ပါအနွေးထည်ထပ်ဝတ်ထားပါတယ်။ ဒီနေရာမှာဒေါက်ဖိနပ်တစ်ရန်နဲ့သာတွဲဝတ်လိုက်မယ်ဆိုရင် တော်တော် အထာမကျတဲ့ပုံ ဖြစ်သွားနိုင်ပါတယ်။ အခုလို All Star နဲ့တွဲဝတ်လိုက်တော့ ကပိုကရိုနဲ့ချစ်စရာပုံစံလေး ရသွားပြန်ပါတယ်။

Shares 0
chucks-fashion-girl-photography-pretty-red-favim.com-72551_large.jpg
Shares 0
All Star လိုဖိနပ်မျိုးကိုအများစုကဘောင်းဘီရှည်နဲ့ပဲတွဲဝတ်လေ့ရှိပါတယ်။ Hollywood stars ၀တ်နည်းလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။ 
 
(၁) အခုလိုညဘက်ပါတီမှာအမုန်းဆွဲပြီး ကဲတော့မယ်ဆိုရင် All Star ကို ဘောင်းဘီတိုနဲ့ရှပ်အင်္ကျံတွဲဝတ်ပြီး အပေါ်ကလည်သာကုတ်တစ်ထည်ထပ်လိုက်ပါ။ ဒါကတော့ရေရေလည်လည်လန်းတဲ့စတိုင်ပေါ့။ ကနေတဲ့အခါမူးလဲမှာလည်း ပူစရာမလိုတော့ဘူးလေ ။
 
(၂) ခရီးအနီး၊အဝေး ထွက်တော့မယ်ဆိုရင်ဘေးအိတ်တစ်လုံးတော့လွယ်ရမှာပေါ့။ ရာသီဥတုအေးတဲ့နေရာတွေကိုသွားတော့မယ်ဆိုရင်လည်သာတဘက်နဲ့အနည်းငယ် ၀န်ပိတဲ့ပုံပေါက်နေတဲ့ကြားထဲ ဒေါက်ဖိနပ်နဲ့အခန့်မသင့်ရင်ကြည့်ရတာ မသက်မသာဖြစ်တတ်ပါတယ်။ ဒီတော့ဘောင်းဘီဆွဲသားတစ်ထည်နဲ့ဗှူအမေ တစ်ရံကိုသာ တွဲဝတ်လိုက်ပါ။ 
 
(၃)ဒေါက်ဖိနပ်တော့ဘယ်လိုမှစီးလို့အဆင်မပြေတော့ပါဘူးဆိုတဲ့မိခင်လောင်းတွေအနေနဲ့လည်းသက်တောင့်သက်သာနဲ့စတိုင်ကျစေမယ့် ၀တ်ဆင်နည်းပါပဲ ။ အခုလိုကွာတားပင်န်တွေနဲ့လည်း စိတ်ချလက်ချ တွဲဝတ်လို့ရပါတယ်။
 
(၄) ရီဟားနားက ဂါဝန်ကို အပေါ်ကရက်ပ်ပါအနွေးထည်ထပ်ဝတ်ထားပါတယ်။ ဒီနေရာမှာဒေါက်ဖိနပ်တစ်ရန်နဲ့သာတွဲဝတ်လိုက်မယ်ဆိုရင် တော်တော် အထာမကျတဲ့ပုံ ဖြစ်သွားနိုင်ပါတယ်။ အခုလို All Star နဲ့တွဲဝတ်လိုက်တော့ ကပိုကရိုနဲ့ချစ်စရာပုံစံလေး ရသွားပြန်ပါတယ်။ 
 
(၅) ကဲ ..ဘယ်လောက်လန်းလိုက်သလဲ။ ဂါဝန်ပေါင်လယ်လောက်လေးကို ဗှူအမေလည်တိုနဲ့ တွဲဝတ်ထားတာ ။ ကာလာတူဖို့တော့သတိထားဦးနော်။ 
 
(၆) ရှော့ပင်ထွက်တော့မလား ။ ဒေါက်ဖိနပ်နဲ့ဈေးပတ်ဝယ်နေရင်တော့ လိုချင်တာကိုအချိန်အများကြီးပေးပြီးမရှာနိုင်ဘူးနော်။ All Star နဲ့ဆိုတော့ စတိုင်လ်ကျပြီး ခြေထောက်ညောင်းသက်သာတာပေါ့ ။ အခုလို ဂျင်းပန် ခပ်မိုက်မိုက်တစ်ထည်ရှာပြီးတော့သာ တွဲဝတ်လိုက်ပါ။ 
 
Ref: Moda Mob
 
Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *