ရိတ်ကိုနန်၏နေရာတွင် ကူဗလိုင်နန်ကိုအစားထိုးပြီး လက်ကျန်ဂရင်းပရီ(၂)ပွဲကို Lotus ယှဉ်ပြိုင်သွားမည်

news_d1.jpg
Shares 0

ကျန်းမာရေးကို အကြောင်းပြကာ Lotus အသင်း၏လက်ကျန်ဂရင်းပရီ(၂)ပွဲတွင် မပါဝင်နိုင်တော့သည့် ဖင် လန်နိုင်ငံသား ကားမောင်းသမားကီမီရိတ်ကိုနန်၏နေရာတွင် တစ်နိုင်ငံတည်းသား ဟိုက်ကီကူဗလိုင်နန်နှင့် အစားထိုးယှဉ်ပြိုင်သွားတော့မည်ဖြစ်ကြောင်း သိရသည်။ ကူဗလိုင်နန်မှာ ၂၀၁၀ပြည့်နှစ်မှ ၂၀၁၁ခုနှစ်အထိ Lotus အသင်းတွင် လာရောက်မောင်းနှင်ခဲ့ဖူးသူဖြစ်ပြီး ရေးနော့ဗ်၊ မက္ကလာရင်အသင်းများတွင်လည်း မောင်း ခဲ့ဖူးသေးသည်။ “ Lotus အသင်းနဲ့ ထပ်မံပူးပေါင်းခွင့်ရလိုက်ခြင်းဟာ တကယ့်အခွင့်အရေးကောင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ Lotus အသင်းရဲ့ကားတွေဟာ အနိုင်ရနိုင်တဲ့အစွမ်းရှိတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးကျန်နေတဲ့ ဂရင်းပရီ(၂)ပွဲမှာ အကောင်းဆုံးရလဒ်တွေရရှိအောင်လို့ ကြိုးစားပေး သွားမှာပါ”ဟု ကူဗလိုင်နန်က ပြောခဲ့သည်။

Lotus အသင်းမှာ ရိတ်ကိုနန်၏နေရာကို အစားထိုးရန်အတွက် ဖော်မြူလာဝမ်းနာမည်ကျော် မိုက်ကယ်ရှုးမေ ကာကို ကမ်းလှမ်းခဲ့ကြောင်း ရှုးမေကာ၏မန်နေဂျာဆက်ဘင်းခန်းက ပြောသည်။ “ မိုက်ကယ့်ကို ကမ်းလှမ်းခဲ့ တယ်ဆိုတာမှန်ကန်ပါတယ်။ မိုက်ကယ်က ခုချိန်ထိကြံ့ခိုင်နေတုန်းဆိုတော့ ဒါကိုနားလည်ပေးလို့ရနိုင်ပါ တယ်။ ဒါပေမယ့် မိုက်ကယ်က ကားပြန်မောင်းဖို့ အစီအစဉ်မရှိတော့ပါဘူး”ဟု ဆက်ဘင်းခန်းက အတည်ပြုခဲ့သည်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *