စီရော်နယ်လ်ဒိုအား နေရာလွတ်လုံးဝမပေးဘဲ အသေကပ်ကစားကြရမည်ဟု ဆွီဒင်နောက်ခံလူ ဂရန်ဗစ်သတိပေး

news_c1.jpg
Shares 0

ယနေ့ည (၂း၁၅)တွင် ပေါ်တူဂီနိုင်ငံသို့သွားရောက်ကာ ရင်ဆိုင်ကစားရမည့် ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off ပထမအကျော့တွင် အိမ်ရှင်အသင်း၏ အကောင်းဆုံးကစားသမား စီရော်နယ်လ်ဒိုအား မလွတ်တမ်း ကပ်ကာ ကစားရမည်ဖြစ်ကြောင်း ဆွီဒင်နောက်ခံလူ အန်းဒရက်စ်ဂရန်ဗစ်က ပြောလာခဲ့သည်။ ပေါ်တူဂီနှင့် ဆွီ ဒင်တို့ကစားကြမည့်ပွဲစဉ်အား ကမ္ဘာ့တ၀ှမ်းမှ ဘောလုံးဝါသနာရှင်ပရိသတ်များက စီရော်နယ်လ်ဒိုနှင့် အီဗရာဟီ မိုဗစ်ခ်ျတို့အကြားမှ ပြိုင်ပွဲဟုလည်း တင်စားပြောဆိုလျက်ရှိကြသည်။ ရုရှားကလပ် ကရက်စ်နိုဒါတွင် ကစားနေ သော ဂရန်ဗစ်က “ ရော်နယ်လ်ဒိုကို နေရာလွတ်အများကြီး ပေးမှာမဟုတ်ပါဘူး။ တစ်သင်းလုံးစုစုစည်းစည်းနဲ့ သာခုခံနိုင်မယ်ဆိုရင်  အောင်မြင်ပါလိမ့်မယ်။ အဓိကအကျဆုံးအချက်က ရော်နယ်လ်ဒိုကို တစ်ချိန်လုံးကပ်ပြီး သူ့စိတ်ကြိုက်မကစားနိုင်အောင်တားဖို့ပါပဲ။ သူဟာ လက်ရှိမှာ အကောင်းဆုံးဘောလုံးသမားဖြစ်နေပြီး ခြေစွမ်း ကလည်း ထက်မြက်နေသူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါမှာရော၊ ချန်ပီယံလိဂ်မှာပါ ဂိုးတွေအ များကြီးသွင်းထားနိုင်သူဖြစ်လို့ မျက်ခြေမပြတတ်စောင့်ကြည့်ရပါလိမ့်မယ်”ဟု အသင်းဖော်များကို သတိပေးစ ကားပြောထားသည်။

ဆွီဒင်အသင်း၏ အကောင်းဆုံးကစားသမားဖြစ်သော ဇလေတန်အီဗရာဟီမိုဗစ်ခ်ျကလည်း “ အခုကစားရမယ့် ပွဲနှစ်ပွဲကို ဗိုလ်လုပွဲတွေလို့ ကျွန်တော်မြင်တယ်။ အကောင်းဆုံးကစားနိုင်မှ အနိုင်ရလိမ့်မယ်။ နောက်ပြီးတစ်ခု ပြောချင်တာက ဒီပွဲဟာ ကျွန်တော်နဲ့ ရော်နယ်လ်ဒိုတို့ရဲ့ပွဲမဟုတ်ဘူး။ ပေါ်တူဂီနဲ့ ဆွီဒင်ကစားမယ့်ပွဲပါ”ဟု မှတ် ချက်ပြုခဲ့သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *